Saturday, January 28, 2017

လူဘဝ အချိန်

အချိန်ဆွဲနေရင် ဒါကို သတိရပါ
=================
လူတွေ အချိန်သုံးပုံ....

တနေ့မှာ ၂၄ နာရီ (၃ ပုံ ပုံကြည့်)
- ၈ နာရီ = အိပ်
- ၈ နာရီ = အလုပ်ဝင်
- ၈ နာရီ = အနားယူ၊ အိမ်မှုကိစ္စလုပ်၊ အခြားအလုပ်

လူတွေရဲ့ သက်တမ်းကို ၉၀ နှစ်နဲ့ တွက်ကြည့်ရင်
- နှစ်ပေါင်း ၃၀ = အိပ်
- နှစ်ပေါင်း ၃၀ = အလုပ်ဝင်
- နှစ်ပေါင်း ၃၀ = အနားယူ၊ အိမ်မှုကိစ္စလုပ်၊ အခြားအလုပ်

ယခု လက်ရှိ အသက်က အနည်းဆုံး ၃၀ ဆိုရင် ကျန်တဲ့ အချိန် နှစ်ပေါင်း ၆၀ ပဲ ကျန်တယ်။
အနှစ် ၆၀ ကို အချိုးပြန်ချ
- နှစ်ပေါင်း ၂၀ = အိပ်
- နှစ်ပေါင်း ၂၀ = အလုပ်ဝင်
- နှစ်ပေါင်း ၂၀ = အနားယူ၊ အိမ်မှုကိစ္စလုပ်၊ အခြားအလုပ်

အကယ်၍ ဒီအချိန်ထဲမှာမှ ကိုယ်က တနေ့မှာ ၄ နာရီလောက် ကြိုးစားပြီး ကိုယ့်ဘဝတိုးတက်ဖို့ လုပ်ရင်
- ၈ နာရီ = အိပ်
- ၈ နာရီ = အလုပ်ဝင်
- ၄ နာရီ = အနားယူ၊ အိမ်မှုကိစ္စလုပ်၊ အခြားအလုပ်
- ၄ နာရီ = ကိုယ့်ဘဝအတွက်

အနှစ် ၆၀ ကို အချိုးပြန်ချ
- နှစ်ပေါင်း ၂၀ = အိပ်
- နှစ်ပေါင်း ၂၀ = အလုပ်ဝင်
- နှစ်ပေါင်း ၁၀ = အနားယူ၊ အိမ်မှုကိစ္စလုပ်၊ အခြားအလုပ်
- နှစ်ပေါင်း ၁၀ = ကိုယ့်ဘဝအတွက်

ကိုယ် နေ့စဉ် တနေ့ ၄နာရီလောက် အချိန်ပေးပြီး၊ အသက် ၉၀ အထိ အသက်ရှည်မှ ကိုယ့်ရဲ့ ဘဝအိမ်မက်ကို လုပ်ဖို့၊ ၁၀ နှစ်ပဲ ကျန်တော့တယ်။

ကိုယ်က ၂ နာရီ ပဲ ပေးရင် တသက်လုံးမှာမှ ကိုယ့်အတွက် ၅ နှစ်ပဲ အချိန်ရတယ်။ တန်ရဲ့လား ?

ကိုယ်က ၁ နာရီ ပဲ ပေးရင် တသက်လုံးမှာမှ ကိုယ့်အတွက် ၂ နှစ် ခွဲပဲ အချိန်ရတယ်။ တန်ရဲ့လား ?

လက်ရှိ ကိုယ်တနေ့ကို ဘယ်လောက် အချိန်ပေးနေလဲ ?

ကိုယ်က အသက် ၉၀ အထိ မနေရဘဲ အသက် ၆၀ ပဲ နေရရင် ဘယ်လိုလုပ်မလဲ ? ကိုယ့်အတွက် ၁ နှစ်တောင် ကျန်ပါတော့မလား ?

နားလည်တတ်ပါ​စေ
(Saving The Minds)

No comments:

Post a Comment