Saturday, January 28, 2017

ကွန်​ဖြူးရှပ်​ အဆိုမိန့်​များ

လိုက်နာသင့်တဲ့နည်း ၁၀ ချက်
°°°°°°°°°°°°°°°°°°°°°°°°°°

၁။မင်းခြေလှမ်းတွေဘယ်လောက်နှေးကွေးနေတယ်ဆိုတာကအရေးမကြီးဘူး။ အရေးကြီးတာ မင်းဆက် လျှောက်နေဖို့ပဲ။ (ကွန်ဖြူးရှပ်)

ပန်းတိုင်းရောက်ဖို့ဆိုတာ ခြေတစ်လှမ်းက စရတာပါ။ ဘယ်အချိန်ပဲရောက်ရောက် ရောက်အောင်သွား နိုင်တယ်ဆို တော်လို့ပေါ့။ အစလေးပဲ ပျိုးလိုက်ပါ ဆက်လျှောက်ဖို့က သိပ်မခက်ခဲလှပါဘူး။ ဖြည်းဖြည်းချင်းပဲလျှောက်၊ ရပ်မနေနဲ့ ဘယ်သူတွေကျော်တတ် ကျော်တတ် စိတ်မပျက်နဲ့။ သူ့တို့လည်း ပန်းတိုင်ရောက်သွား သလို ကိုယ်လည်း တစ်နေ့ ရောက်ကို ရောက်ရမယ် ဆိုတဲ့ စိတ်ကလေး မွေးထားမယ်ဆိုရင် ကိုယ်လုပ်နေတဲ့ အလုပ်တိုင်းက အဓိပ္ပါယ်ရှိရှိ ကျေနပ်မိနေမယ်ဆိုတာ မလွဲပါဘူး…။

၂။မင်းလောက်တောင်မတော်တဲ့ လူတစ်ယောက်ထက်
မင်းထက်သာနေတဲ့လူတွေနဲ့ ပေါင်းသင်းနိုင် အောင်ကြိုးစား။ (ကွန်ဖြူးရှပ်)

ကိုယ့်လောက်မှ မတော်တဲ့သူနဲ့ ပေါင်းနေရင် ကိုယ့်အရည်အချင်းလည်း ဒီထက်တိုးတက်လာစရာ အကြောင်းဘယ်ရှိမလဲ။ အတွေ့အကြုံ၊ ပညာ၊ ဗဟုသုတဆိုတာ ကိုယ့်ထက်သာလွန်သူတွေဆီကပဲ ဆင့်ပွားသင်ယူလို့ရတာလေ။ မရှက် ပါနဲ့၊ မကြောက်ပါနဲ့။ မသိမတတ်တာကို သိသလို တက်သလိုလည်း ဆရာကြီးစတိုင် မလုပ်ပါနဲ့။ သိခဲ့တတ်ခဲ့ရင်လည်း မမောက်မာ မမော်ကြွားပါနဲ့။ လူတိုင်းမှာ မတူညီတဲ့ အစွမ်းအစ ကိုယ်စီရှိပါတယ်။ ကိုယ့်ထက်တော်တဲ့၊ တတ်တဲ့သူတွေကို မြင်အောင်ကြည့် ရအောင်ယူတက်ဖို့ပဲ လိုပါတယ်။ ကိုယ့်လောက်မှ အရည်အချင်း မရှိတဲ့သူတွေနဲ့ နေပါများရင်တော့ ကိုယ်မှာရှိတဲ့ ကိုယ်စွမ်း ကိုယ်စတောင် တုံးသွားနိုင်ပါတယ်။ မသွေးပဲ ပစ်ထားတဲ့ ဓားတစ်လတ်လို ခက်တုံးတုံးဘဝ ရောက်သွားနိုင်တာပေါ့။ ကျောက်ဆိုတာ လှတယ်ဆိုရင်တောင် ရွှေလေးကွပ်မှ ပိုပြီး တင့်တယ်သလို လူတော် လူကောင်းတွေနဲ့ ပေါင်းသင်းနေထိုင်ခြင်းက မိမိဘဝအတွက် အထောက်အပံ့ကောင်း များစွာပေးမှာ မလွဲဧကန်ပင်။

၃။မင်းဒေါသထွက်လာတိုင်း ဖြစ်လာမယ့်အကျိုး ဆက်တွေကို အရင်တွေးကြည့်ထား။ (ကွန်ဖြူးရှပ်)

ဒေါသတွေ ထွက်ပြီဆိုတာနဲ့ ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေကို တွေးကြည့်ဖူးလား။ ကောင်းတာတွေတော့ တစ်ခုမှ ဖြစ်လာမှာ မဟုတ်တာ အသေအချာပါပဲ။ ထစ်ခနဲရှိ ဒေါသထွက်တက်သူဟာ အမှားများစွာ အလိုလိုနေရင်း ကျူးလွန်နေမိပြီးသား ဖြစ်နေပါလိမ့်မယ်။ ဒေါသစိတ်နဲ့ လုပ်လိုက်လို့ ပြန်ပြင်မရတဲ့ အမှားတွေ အများကြီးပါ။ စိတ်ကြီးတယ်ဆိုတာ ဂုဏ်ယူစရာ တစ်ခုမဟုတ်သလို စိတ်ထင်တိုင်း ပြုမူပြောဆိုခြင်းက သေးသိမ်ညံ့ဖျင်းပြီး မရင့်ကျက်သေးတဲ့သူတွေရဲ့ အပြုအမူတွေမို့ လွယ်လွယ်နဲ့ ဒေါသထွက်တက်တဲ့ အကျင့်ကို ဖျောက်နိုင်အောင့် လေ့ကျင့်ထားသင့်ပါတယ်။

၎။မင်းမျှော်မှန်းထားတဲ့ပန်းတိုင်ဆီ မရောက်နိုင် တော့ဘူး ထင်နေရင် နောက်ထပ် ပန်းတိုင်အသစ်တစ်ခု ပြောင်းပစ်ဖို့ မတွေးနဲ့...မင်းရဲ့ လုပ်ကိုင်ပုံ ခြေလှမ်းတွေကို ပြောင်း ပစ်ဖို့ပဲတွေးပါ။ (ကွန်ဖြူးရှပ်)

လုပ်ငန်းတစ်ခုလုပ်လို့ အဆင်မပြေဘူးထင်တိုင်း နောက်လုပ်ငန်းတစ်ခုကို ပြောင်းလဲဖို့ချည်း စဉ်းစားမနေနဲ့။ ကိုယ်လက်ရှိလုပ်နေတဲ့ လုပ်ငန်းတောင် ဆုံးခန်းတိုင်အောင် မလုပ်နိုင်ရင် နောက်လုပ် မယ့်လုပ်ငန်းလည်း ဒီပုံစံပဲ ဖြစ်နေမှာလေ။ အချိန်တွေက အများကြီးရှိတာမဟုတ်ဘူး။ တစ်ဖြည်းဖြည်းချင်း အကျဘက်ပဲ သွားနေတာ။ ဒီတော့ ပန်းတိုင်းတစ်ခု သက်မှတ်ပြီးရင် ရောက်အောင် သွားဖို့ပဲ စိတ်ကူးပါ။ နောက်ပန်းတိုင်တစ်ခု ထပ်မရွေးနဲ့တော့။ ကိုယ်သွားနေကျ ပန်းတိုင်က ရွေ့လက်စပဲ။ အစကပြန်စနေစရာမှ မလိုတာ။ အဆင်မပြေဘူးထင်ရင် ပုံစံတစ်မျိုး ထပ်ပြောင်းလို့ ရှေ့ကို ဆက်တိုးကြည့်။ မူလစခဲ့တဲ့နေရာထက် ပိုကောင်းတဲ့ အရွေ့တစ်ခုရောက်နေပြီဆိုမှတော့ ပန်းတိုင်ဆိုတာ သိပ်ဝေးတော့မှာ မဟုတ်ပါဘူးနော်။ အစကနေ ပန်းတိုင်အသစ် ပြန်မစချင်ပါနဲ့တော့…။

၅။ မင်းလူတစ်ယောက်ကို မုန်းမိပြီဆို မင်းသူ့ကို  ရှုံးနိမ့်သွားတာပဲ။ (ကွန်ဖြူးရှပ်)

မုန်းမိတယ်ဆိုမှတော့ သူကပေးတဲ့ အမုန်းမီးကို ကိုယ်ကယူလိုက်လို့ပဲလေ။ ပြီးအဲ့ဒီအမုန်းတွေနဲ့ပဲ ကိုယ့်ကိုယ်ကိုယ် လောင်မှန်းမသိ လောင်ကျွမ်း နေမိတော့တာ။ ဘယ်လိုနှိပ်ကွက်ရမလဲ။ ဘယ်လိုဒုက္ခပေးလိုက်ရမလဲ။ ဘယ်လိုနှောက်ယှက်ရမလဲ စတဲ့ မကောင်းတဲ့ စိတ်တွေနဲ့ပဲ သူ့ကို အနိုင်ယူဖို့ ကိုယ့်စိတ်ကိုယ်ကိုယ် ပြန်ခိုင်းနေရင်းနဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်သက်မိသလို ဖြစ်သွားပါလိမ့်မယ်။ သင်မုန်းနေမိတဲ့ သူကမေ့မေ့ပျောက်ပျောက် ဖြစ်နေရင်တောင် တမြေ့မြေ့နဲ့ ကျိတ်မနိုင်ခဲမရ ဒေါသတွေ အလိတ်လိုက်တက်လို့ မစားနိုင်မသောက်နိုင်နဲ့ အရင်ဦးဆုံး အနှိပ်စက်ခံနေရာမှာက မိမိကိုယ်တိုင်ပဲဆိုတာ သိထားပါ…။ အဲ့တော့ အစကတည်းက သင်အလိုလိုရှုံးနိမ့်နေပြီးသား ဒီထက်ဆက်မုန်းရင်း ဆက်ရှုံးရုံပဲ ရှိမယ်လေ…။မုန်းမနေပါတော့နဲ့…။

၆။တကယ်တော်တဲ့လူတစ်ယောက်က သူ့အပြစ်တွေပဲ သူရှာကြံပြီး ပြုပြင်နေတယ်။ သေးသိမ်တဲ့ လူတစ်ယောက်ကတော့ သူများအပြစ် တွေပဲ ရှာဖွေနေတတ်တယ်။ (ကွန်ဖြူးရှပ်)

တကယ်တော်တဲ့ သူတစ်ယောက်ဖြစ်ဖို့ ခက်ပါတယ်။ ကိုယ့်အပြစ်ကို ရှာကြံပြီး ပြုပြင်တယ်ဆိုတာ လွယ်တာမှမဟုတ်ဘဲ။ ဒါပေမယ့် သေးသိမ်တဲ့ လူတစ်ယောက် မဖြစ်မိဖို့တော့ ဂရုစိုက်ပြီး နေရပါလိမ့်မယ်။ လူတိုင်းအမှားနဲ့ မကင်းသလို ပြီးပြည့်စုံအောင် တော်တဲ့သူဆိုတာလည်း ရှိမှာ မဟုတ်ပါဘူး။ တစ်ပါးသူရဲ့ ကောင်းကွက်ကိုကြည့်ဖို့ မြင်ဖို့ ခက်ပါတယ်။ မကောင်းတာတွေက မရှာဘဲနဲ့လည်း တွေ့တွေ့နေရတဲ့အခါ လူ့သဘာဝအတိုင်း မကြာခဏဆိုသလို ထုတ်ဖော်ပြောတက်ကြလေ့ ရှိတာပေါ့။ သူများမကောင်းကြောင်းတွေကို ထိုင်ပြောနေရုံမျှနဲ့ ကိုယ်ကောင်းလာနိုင်မှာ မဟုတ်သလို အပြောခံရသူလည်း ကောင်းလာမှာ မဟုတ်တာ အသေအချာပါပဲ…။ဘာကြောင့် သူတစ်ပါးအပြစ်တွေပဲ မစားရဝခမမ်း ပြောနေမှာလဲ…။ ကိုယ်အပြစ်ကိုပဲ မြင်အောင်ကြည့်တတ်ဖို့ လေ့ကျင့်ပေါ့။ ဒီလိုသာ ကိုယ့်အပြစ်တွေကို ကိုယ်ပြန်ရှာဖွေနေ တက်ပြီ ဆိုရင်တော့ ကိုယ်ကောင်းလာဖို့ အလားအလာ များလာမှာ အသေအချာပါပဲ…။

၇။ဘာအလုပ်ပဲလုပ်လုပ် အဲ့ဒီအလုပ်ကို ချစ်တဲ့စိတ် မွေးမြူပါ။ (ကွန်ဖြူးရှပ်)

လုပ်ငန်းခွင်မှာ ပျော်ဖို့၊ ကျေနပ်ဖို့ဆိုတာ အဲ့ဒီလုပ်ငန်းအပေါ် ချစ်တဲ့စိတ်မရှိဘဲ ဖြစ်လာမှာ မဟုတ်ပါဘူး။ ဝါသနာမပါဘူးဆိုပြီး အတင်းတွန်းကန်နေလေ စိတ်ဖိစီးမှုများပြီး လုပ်ငန်းခွင်မှာ အဆင်မပြေ ဖြစ်နိုင်ချေ ပိုများလေပါပဲ။ လုပ်ငန်းတိုင်း အလုပ်တိုင်းမှာ ကိုယ်နှစ်သက်ရာ ကောင်းကွက်လေးတွေလည်း ရှိမှာပါ။ အလုပ်ကို စိတ်ဝင်တစားနဲ့ စိတ်နှစ်ပြီး ကောင်းသည်ထက်ကောင်း အောင် ကြိုးစားကြည့်နေရင် ဝါသနာမပါတောင် အလိုလိုနေရင်း အလုပ်ကို ချစ်တတ်လာမှာပါ။ ကိုယ်လုပ်တဲ့ လုပ်ငန်းတိုင်းကို ချစ်တတ်လာပြီ ဂရုတစိုက် လုပ်တက်လာပြီ ဆိုရင်တော့ အောင်မြင်မှုဆိုတာ ဖိတ်ခေါ်စရာမလိုတော့ဘဲ သင့်ဆီကို အလိုလိုရောက်လာပါလိမ့်မယ်။

၈။ သူတို့တကယ် မသိပါဘူး၊ မတတ်ပါဘူးလို့  လက်ခံသွား ပြီဆိုမှ အဲ့ဒီလူကို လမ်းညွှန်သင်ပြပါ။ (ကွန်ဖြူးရှပ်)

သိသလို တတ်သလိုနဲ့ ငါတကောကောတတ်တဲ့ သူတွေကို တရားချဖို့ မစဉ်းစားပါနဲ့။ သင်တကယ် ကျွမ်းကျင်ပိုင်နိုင်လို့ လမ်းပြတယ်ဆိုဦးတော့ သူတို့မှာ လက်ခံလောက်တဲ့ စိတ်ဓာတ်စိတ်မြတ် မရှိတော့ သင့်ကို မုန်းလာရုံပဲ အဖတ်တင်လာမှာပါ။ ပြုပြင်ပြောင်းလဲ သွားလိမ့်မယ်လို့ လုံးဝမမျှော်လင့်လေနဲ့။ ဒါပေမယ့် မသိမတတ်တာကို လက်ခံလာတဲ့အထိ သင်စွမ်းဆောင်နိုင်မယ်ဆိုရင်တော့ ပြူပြင်ပြောင်းလဲပေးလို့ ရနိုင်ကောင်းပါတယ်။ တော်ချင် တတ်ချင်သူတွေကတော့ ဘယ်အရာကိုမှ တရားသေစုပ်ကိုင်ထားလေ့မရှိသလို မသိမတတ်တာ မှန်သမျှ ဝန်ခံဖို့လည်း ဝန်မလေးဘူးလေ။ သူတို့တွေကို ကိုယ်တတ်သိတာလေး ဝေမျှပေးလိုက်နိုင်ရင် အလွယ်တကူ လက်ခံလာနိုင်သလို နှစ်ဦးနှစ်ဘက် အကျိုးလည်း ဖြစ်ထွန်းပါလိမ့်မယ်။

၉။မင်းမကောင်းကြောင်းကို မင်းနောက်ကွယ်မှာ ပြောနေပြီဆို မင်းဟာ သူတို့ထက်ရှေ့ရောက်နေလို့ပဲ။ (ကွန်ဖြူးရှပ်)

သေချာတာပေါ့ သင်မကောင်းကြောင်းကို သင်ရဲ့နောက်ကွယ်မှာ ပြောနေသံတွေ ပြန်ကြား နေရပြီဆိုရင် သူတို့ထက် သင်ရှေ့ရောက်နေပြီ ဆိုတာ…။ သေးသိမ်တဲ့ သူတွေရဲ့ အတွေးတွေမှာ အတုယူအားကျလိုစိတ် မရှိဘဲ အပြစ်တင် အပြစ်မြင်ပြီး မနာလိုမရှုစိတ် အမြဲလိုလိုဖြစ်နေတက် ကျတာမို့ အဲဒီပြောစကားတွေအတွက် ရေးကြီးခွင်ကျယ် လုပ်နေစရာ အကြောင်းမရှိပါဘူး။ ကိုယ့်လှမ်းကို မှန်မှန်လျှောက်နေရင်း ခွေဟောင်တိုင်း လှည့်ကြည့်ဖို့ လိုတာမှမဟုတ်တာလေ။

      ချစ်ခင်လေးစားလျက်

စပါးအ⁠နှံ⁠စေ့၊ ⁠အောင်⁠စေ့⁠နှင့် အ⁠စေ့ ( ၁၀၀၀ ) အ⁠လေးချိန် တိုးတက်ရရှိ⁠အောင် ⁠ဆောင်ရွက်ရမည့် နည်းလမ်းများ

အနှံစေ့အရေအတွက် တိုးတက်လာအောင် ဆောင်ရွက်ရမည့် နည်းလမ်း (၄)ရပ် ရှိပါသည်။

၁။ အနှံ (Panicles) အရေအတွက် များစွာထွက်ရှိခြင်း မရှိအောင် ဆောင်ရွက်ခြင်း။

၂။ ကြီးထွားသန်မာသော ပင်ပွားများရရှိအောင် ဆောင်ရွက်ခြင်း။

၃။ အောင်မြင်သော အနှံစေ့များ ရရှိအောင် ဆောင်ရွက်ခြင်း။

၎။ မအောင်မြင်သော အနှံစေ့ (Degenrrated Spikelets) များ ဖြစ်ပေါ်လာခြင်းမရှိအောင် ဆောင်ရွက်ခြင်းတို့ ဖြစ်ပါသည်။

စပါးသီးနှံ စိုက်ပျိုးထုတ်လုပ်ရာတွင် အောင်စေ့ရာခိုင်နှုန်းသည် (၇၅%) အထက်လျော့နည်းပါက အဓိကပစ်မှတ်အဖြစ်ထားရှိ ဆောင်ရွက် ရမည့်လုပ်ငန်းမှာ အောင်စေ့ရာခိုင်နှုန်းမြင့်မားစေရန်နှင့် အစေ့ (၁၀၀၀) အလေးချိန် တိုးတက်စေရန် နည်းလမ်းများဖြစ်ပါသည်။ ယင်း နည်းလမ်းများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

၁။ မှို့ကပ်ချိန် (Panicle Initiation Stage) မှ အနှံထွက်ချိန် (Heating Stage) ကာလအထိ စပါးပင်အတွက် အခြေအနေကောင်းများ ဖန်တီးပေးခြင်း။

၂။ အနှံစေ့ (Spikelets) အရေအတွက် မြောက်များစွာ ထွက်ရှိခြင်း မရှိအောင်ဆောင်ရွက်ခြင်း။

၃။ အနှံထွက်သည့် အချိန်ကာလအထိ စပါးပင်ကို ကြံ့ခိုင်သန်စွမ်းအောင် ပြုစုစောင့်ရှောင့်ခြင်း။

၎။ အနှံလုံးဝထွက်ချိန် (Full Heating Stage) ၌ နိုက်ထရိုဂျင်ဓါတ်မြေသြဇာ ထပ်မံထည့်သွင်းခြင်း။

၅။ အနှံထွက်ပြီးနောက် ပိုးမွှားရောဂါကျရောက်ခြင်း မရှိအောင် ကာကွယ်ခြင်း။

၆။ စပါးပင်ယိုင်လဲမှု မဖြစ်အောင် ကာကွယ်ခြင်း။

၇။ အောင်စေ့ရာခိုင်နှုန်း မြင့်မားစွာရရှိသည့် မျိုးများကို ရွေးချယ် စိုက်ပျိုးခြင်းနှင့်

၈။ အမြစ်များ၏ စွမ်းဆောင်ရည်မြင့်မားအောင် လုပ်ဆောင်ပေးခြင်း။

အောင်စေ့ရာခိုင်နှုန်း (Percentage of Ripened Grains) သည် (၇၅) ရာခိုင်နှုန်းထက် လျော့နည်းပါက အစေ့ (၁၀၀၀) ၏ အလေးချိန် တိုးတက်ရရှိရေး လုပ်ငန်းတစ်ခုတည်းသာမက အောင်စေ့ရာခိုင်နှုန်း မြင့်မားစွာ ရရှိရေးကိုပါ ဆောင်ရွက်ရမည် ဖြစ်ပါသည်။ ဆောင်ရွက် ရမည့် လုပ်ငန်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

၁။ စပါးခွံအရွယ်အစား (Hull Size) ကြီးမားလာအောင် ဆောင်ရွက်ခြင်းနှင့်

၂။ စပါးခွံအတွင်းရှိ အစေ့ (Kernel) ဖွံ့ဖြိုးမှုရှိအောင် ဆောင်ရွက်ခြင်းတို့ ဖြစ်ပါသည်။

သစ်ကြားသီးပင် စိုက်ပျိုးနည်း

သစ်ကြားသီးပင်ကို ကမ္ဘာပေါ်တွင် အမေရိကန်၊ သြစတြေးလျ၊ ပြင်သစ်၊ တူရိကီ၊ အီတလီ နှင့် တရုတ်နိုင်ငံများတွင် အမြောက်အမြား စိုက်ပျိုးကြပါသည်။

သစ်ကြားသီးပင်ကို ရှမ်းပြည်တယ်၊ ကချင်ပြည်နယ် နှင့် ချင်းပြည်နယ်များတွင် ပင်လယ်မျက်နှာပြင်မှ အမြင့်ပေ ၃၀၀၀ ကျော်သည့် ဒေသများတွင် ကောင်းစွာစိုက်ပျိုးဖြစ်ထွန်းနိုင်ပါသည်။

သီးကြားသီးပင်သည် ရေခဲသည့်အမှတ် ရောက်ရှိသည်အထိ အေးမြသောဒဏ်ကို ခံနိုင်ရည်ရှိပါသည်။ သို့သော် နှင်းခါးဒဏ်ကိုမူ ခံနိုင် ရည်မရှိပါ။ အမြင့်ဆုံး အပူချိန် ၇၅ ဖာရင်ဟိုက် ဒီဂရီအထိသာ ရှိသင့်ပါသည်။ တနှစ်လျှင် အနည်းဆုံး မိုးရေချိန် ၄၅ လက်မ ရရှိနိုင်ပါ သည်။

သဲနုန်းမြေအမျိုးအစားကို ကြိုက်နှစ်သက်ပါသည်။ မြေအချဉ်အငန်ဓာတ် ပီအပ် (ခ်ျ) ၆.၅ မှ ၇.၆ အတွင်းရှိသင့်ပါသည်။

သဘာဝ အလျောက်ပေါက်ရောက်နေသော သစ်ကြားသီးအရိုင်းပင်မျိုးများကို ပျိုးထောင်ပြီး ၂နှစ်သားခန့်ရရှိသောအခါ ယင်းအပင်များကို မြစ်ခံပင်ပြုလုပ်၍ မျိုးကောင်းမျိုးသန့် သစ်ကြားပင်များဖြင့် ကိုင်းဆက်နည်း၊ သစ်ဖူးမြှုပ်နည်းများဖြင့် မျိုးပွားပျိုးထောင်ရပါသည်။ ဤနည်း များဖြင့် မျိုးပွားပျိုးထောင်ထားသော ပျိုးပင်များ တစ်နှစ်သားခန့်ရလျှင် စိုက်ခင်းသို့ ပြောင်းရွှေ့စိုက်ပျိုးနိုင်ပါသည်။

သစ်ကြားပင်များကို ပုလဲဓာတ်မြေသြဇာ ၆ဆ၊ မီးစုန်းဓာတ်မြေသြဇာ (တီဆူပါ) ၇ဆ၊ ဓာတ်ပြာ ဓာတ်မြေသြဇာ (မြူးရိယိတ်အော့ပိုတက်) ၄ဆ အချိုးကျရောစပ်ပြီး အပင်ငယ်တပင်လျှင် ၅၀ ကျပ်သားမှ ၇၅ ကျပ်သား အထိ ကျွေးရပါမည်။ သီးပွင့်နေသော အပင်များအထိမူ တပင် လျှင် ၇၅ ကျပ်သားမှ တပိဿာအထိ ထည့်ပေးရပါမည်။ ဓာတ်မြေသြဇာကို မိုးဦးကျတွင်တကြိမ်၊ မိုးတွင်းတွင်တကြိမ် ကျွေးပေးသင့်ပါ သည်။

အပင်၏ အရွက် အကိုင်း အခက်များအတွင်း လေ၀င်လေထွက်ကောင်း၍ နေရောင်ကောင်းစွာ ရရှိရန်နှင့် မှိုရောဂါများကာကွယ်ရန် ကိုင်း အို ကိုင်းခြောက်၊ ကိုင်းသိမ် ကိုင်းညပ်များကို စနစ်တကျ ဖြတ်တောက်ရှင်းလင်းပေးရပါမည်။ သို့သော် ပန်းသီး၊ သစ်သော့များကဲ့သို့ အကြီးအကျယ်အများအပြား အကိုင်းများကို ဖြတ်တောက်ပေးရန်မလိုပါ။

သစ်ကြားသီးပင်များတွင် ကျရောက် ဖျက်ဆီးတတ်သောပိုးများမှာ ချိပ်ပိုး၊ ရွက်စားပိုး၊ ပင်စည်ဖောက်ပိုးများဖြစ်ပါသည်။ ယင်းပိုးမွှားများကို မာလာသီယွန်၊ သို့မဟုတ် သိုင်းမက် စသည့်ဆေးများဖြင့် နှိမ်နင်းနိုင်ပါသည်။

သစ်ကြားသီးပင်များတွင် ကျရောက်တတ်သော ရောဂါမှာ ငှက်မျက်စိရောဂါပင်ဖြစ်ပါသည်။ ဘော်ဒိုဆေးရည်ဖြင့် ပက်ဖျန်းနှိမ်နင်းနိုင်ပါသည်။

သစ်ကြားသီးပင်များသည် စိုက်ပျိုး ပြီးနောက် ၆ နှစ်သားရလျှင်၊ အသီးစတင်သီးပါသည်။ ၁၀ နှစ်သားရလျှင် တဧက အသီးပိဿာ ၂၅၀-၃၀၀ အထိ သီးနိုင်ပါသည်။

မင်းကွတ်​မျိုးပွားခြင်း

မင်းကွတ်ပင်မျိုးပွားခြင်း
================

(က) အစေ့မှမျိုးပွားခြင်း

အစေ့များကို စွတ်စိုသော မီးသွေး သို့မဟုတ် ရေမှော်ဆွေး(peat moss) နှင့် လေလုံသောပုံးတွင် အခန်းအပူ ချိန် (ပတ်ဝန်းကျင်အပူချိန်) တွင် သိုလှောင်ထားလျှင်လည်းကောင်း၊ အသီးအတိုင်းထားရှိလျှင်လည်းကောင်း၊ အပင်ပေါက်နှုန်းကို မထိခိုက်ဘဲ သုံးပတ်လေးပတ် ထားရှိနိုင်ပါသည်။ အလေး ချိန် တစ်ဂရမ်ထက်ပိုသော အစေ့ကို ရွေးချယ်ပျိုးထောင်ခြင်းဖြင့် ပိုမိုကောင်း မွန်သော ပျိုးပင်ကိုရရှိစေပါသည်။ အစေ့ကို ပျိုးမထောင်မီ ၂၄ နာရီခန့် ရေစိမ် ပါ။ ရေစီးစိမ့်မှုကောင်းပြီး သစ်ဆွေးဓာတ်များသည့် ပျိုးမြေ(medium) တွင် ပျိုးပါ။ ဤပျိုးမြေမှာ အပေါ်ယံမြေ(သဲဆန်သောနုန်းမြေစေး) ကို သဲနု၊ အုန်းဆံ မှုန့်၊ စားအုန်းဆီ အသီးကြိတ်ဖတ်၊ အခြောက်ခဲ မြေဆွေး သို့မဟုတ် အခြား သင့်တော်သော သစ်ဆွေးမြေတို့ကို မြေကြီး၊ သစ်ဆွေး၊ မြေ၊ သဲကို ၃း၂း၁ အချိုး ရောစပ်ခြင်းဖြင့် ရရှိပါသည်။ ၁၀-၁၅ ရက်အတွင်း အပင်ပေါက်ပါသည်။
အရွက်နှစ်ရွက်ထွက်ရှိချိန်တွင် အပင်ကို ရွေ့စိုက်ပါသည်။ အစေ့ တစ်စေ့မှ အပင် နှစ်ပင် သို့မဟုတ် ရှားရှားပါးပါး သုံးပင်ထွက်လာသည့် အပင်များမှာ အစေ့တစ်စေ့မှ အပင်တစ်ပင်ထွက်သည့်အပင်ထက် ကျုံလှီသဖြင့် ၎င်းအပင် များအား ဖယ်ရှားသင့်သည်။

အပင်များကိုရွေ့ပြောင်းစိုက်ရာတွင် ရေသောက်မြစ် မပျက်စီးရန် ဂရုစိုက်ပါ။ ၎င်းကာလတွင် ရေသောက်မြစ် ဖွံ့ဖြိုးမှု အားကောင်း၍ ဖြစ်သည်။ အစောပိုင်း အဆင့်များတွင် သန်စွမ်းသော ပျိုးပင်များကို ရွေးချယ်ပါ။ သန်စွမ်းသော ပျိုးပင်များမှာ ရှင်သန်မှု သေချာပါသည်။

ထိုင်းနိုင်ငံတွင်တစ်နှစ်သားပျိုးပင်များကိုစိုစွတ်သည့်သဲဆန်သော နုန်းမြေစေး၊ထည့်ထားပြီး အလျားမြင့်သော ပလတ်စတစ်အိတ်ကြီးနှင့် ၀ါးခြင်းများအတွင်း စိုက်ပျိုးပြီး အပင်အမြင့် တစ်မီတာရောက်သည်အထိ ထားရှိပါသည်။ ပျိုးပင် များကို အကြမ်းခံနိုင်ရန် ကျင့်ပေးပြီး (hardened) ပါက စိုက်ခင်းတွင် စိုက်ပျိုးရန် အဆင့်သင့်ဖြစ်ပြီး ဖြစ်ပါသည်။

(ခ) အပင်ပိုင်းဆိုင်ရာ မျိုးပွားခြင်း

အောက်ခံပင်မှာ အဓိကအားဖြင့် မင်းကွတ်မျိုး (G.mangostana) ဖြစ်ပြီး အခြားမျိုးစိတ်များမှာ ရရှိရန် မလွယ်ကူပါ။ မြေကြီး၊ သစ်ဆွေး၊ မြေ၊သဲ တို့ကို ၃း၂း၁ အချိုးအတိုင်း ရောစပ်ထားသည့် ပျိုးမြေကို အပေါက်ဖောက်ထားသည့် ၂၅×၃၅ စင်တီမီတာအရွယ် ပလတ်စတစ်အိတ်အတွင်း ပျိုးထောင်ပါ။ ကိုင်းဆက်ရန် သင့်တော်သော အရွယ်ရရှိအောင် ပျိုးအိတ်အတွင်း နှစ်နှစ်ခန့် ထားရှိရပါမည်။ပျိုးပင်များကိုအရိပ်ပေးခြင်း၊ဓာတ်မြေသြဇာပုံမှန် ကျွေးခြင်းနှင့် ရေပုံမှန်သွင်းခြင်းများ လိုအပ်ပါသည်။

(မင်းကွတ်ရိုင်းနှင့် တောင်သလဲမျိုးကို အောက်ခံပင်အဖြစ် အသုံးပြုနိုင်ပါ သည်။)

#Pissaya_Info
Source by - လယ်/ဆည်

စပျစ်​စိုက်​ပျိုးနည်းများ

စပျစ်ပင်စိုက်ပျိုးနည်းစနစ်များ
====================

စပျစ်စိုက်ပျိုးရာတွင် အကြမ်းအားဖြင့် ပင်ထောင်စိုက်နည်း၊ ချုံပုတ်သဏ္ဍန် စိုက်နည်း၊ ကြိုးတန်းတင် စိုက်နည်းနှင့် စင်တင်စိုက်နည်း ဟူ၍ လေးမျိုးရှိသည်။

ပင်ထောင်စိုက်နည်း
----------------------
များစွာကြီးထွားခြင်းမရှိသော စပျစ်မျိုးများကိုသာ စိုက်ပျိုးသည်။ စပျစ်ပင်များကို တစ်တန်းနှင့် တစ်တန်း ၃-၁၀ ပေ အထိ လည်းကောင်း၊ တစ်ပင်နှင့်တစ်ပင် သုံးပေ ဆယ်ပေအထိလည်းကောင်း ခွာပြီး မျိုးကိုလိုက်၍ စိုက်ပျိုး ကြပါသည်။ စပျစ်ပင်များအမြင့်ငါးပေခန့်ရှိလျှင် တစ်ပင်လျှင် တိုင်တစ်တိုင်စီထူ၍ ကပ်ပြီး ချည်ထားရသည်။

ချုံပုတ်သဏ္ဍန်စိုက်နည်း
-------------------------
ကောင်းစွာကြီးထွားခြင်းမရှိသော စပျစ်မျိုးကိုသာ အသုံးပြုသည်။ စပျစ်ပင် များကို တစ်တန်းနှင့် တစ်တန်း၊ တစ်ပင်နှင့်တစ်ပင် မျိုးကိုလိုက်၍ သုံးပေမှ ဆယ်ပေအထိ ထားပြီး စိုက်သည်။ အပင်ငယ်စဉ်တွင် တိုင်ထောင်ပေးရပြီး ပင်စည်များ တုတ်လာလျှင် တိုင်များကို ဖယ်ထုတ်ပေးရသည်။

ကြိုးတန်းတင်စိုက်နည်း
-------------------------
ကြိုးတန်းတင်စိုက်နည်းတွင် လေးကိုင်း တန်းတင်စနစ်၊ သုံးကိုင်းတန်းတင် စနစ်နှင့် ယပ်တောင်သဏ္ဍန် တန်းတင်စနစ်ဟူ၍ သုံးမျိုးရှိပါသည်။

စပျစ်မျိုးများ၏ ကြီးထွားမှုကိုလိုက်၍ အတန်းကြား သုံးပေ ၁၂ ပေ အထိ လည်းကောင်း၊ အပင်ကြား သုံးပေ ၁၀ ပေအထိလည်းကောင်း စိုက်ပြီး တိုင်များကို ပေ ၃၀ တွင် တစ်တိုင်စီစိုက်၍ သွပ်ကြိုးတန်းကို တစ်တန်း ၊ နှစ်တန်း စသည်ဖြင့် တန်းပြီး စပျစ်ကိုင်းများကို သွပ်ကြိုးတန်းပေါ်တင်၍ စိုက်နည်းများ ဖြစ်ပါသည်။

စင်တင်စိုက်နည်း
--------------------
စပျစ်ပင်များကို ဘူးစင်ကဲ့သို့ စင်များထိုးပေးပြီး စပျစ်ကိုင်းများတင် စိုက်သော နည်းစနစ် ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဤနည်းဖြင့် အောင်မြင်စွာ စိုက်ပျိုး လျှက်ရှိပါသည်။

မြန်မာနိုင်ငံတွင် လေးကိုင်းတန်းတင်စိုက်နည်းနှင့် စင်တင်စိုက်နည်းကို အသုံးပြုလျှက် ရှိပါသည်။

#Pissaya_Info
Source by - လယ်/ဆည်

အပူပိုင်းဇုံ⁠ဒေသစိမ်းလန်းစိုေ⁠ပြ⁠ရေး⁠နှင့်ေ⁠မြဆီထက်သန်⁠ကောင်းမွန်⁠ရေး (အပိုင်း-၂)

(၁) ရာသီဥတုနှင့် မြေအမျိုးအစား။ ဘောစကိုင်းအပင်များသည် စွတ်စိုသော အပူပိုင်းဒေသများ နှင့် သမပိုင်းမဟုတ်သော ဒေသများတွင် ပျံ့နှံ့စွာပေါက်ရောက်ကြပြီး ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ (၁၅၀၀)အထိရှိသော ဒေသများတွင်လည်း   ပေါက်ရောက်နိုင်ပါ သည်။ သို့သော် မိုးရွာသွန်းမှု၊ နေရောင်ခြည်၊ ဆားငံဓာတ်နှင့် မြေအနေအထားတို့အပေါ်မူတည်၍ ပင်လယ်ရေမျက်နှာပြင်မှ အထက်ပေ (၁၅၀၀)အထိ ပေါက်ရောက်နိုင်မှု ကွာခြားနိုင်ပါသည်။ ဘောစကိုင်းသည် တစ်နှစ်မိုးရေချိန် (၂၅ မှ ၆၅လက္မ)အတွင်းရှိပြီး မိုးရွာသွန်းမှု ညီညာ၍ ထုံးဓာတ်ဆန်သည့် မြေမျိုးများတွင် ပေါက်ရောက်မှု အကောင်းဆုံးဖြစ်ပါသည်။ အချဉ်ဓာတ်များသော မြေမျိုးများနှင့် ရေစီးရေ လာမကောင်းသော ဒေသများတွင် ပေါက်ရောက်ကြီးထွားမှု မကောင်းပါ။

(၂) မျိုးရရှိရေး။ ၁၉၈၀ခုနှစ်ခန့်လောက်မှစ၍ နိုင်ငံခြားဘောစကိုင်းမျိုးများကို တင်သွင်းစမ်းသပ်စိုက်ပျိုးခဲ့ရာ ကောင်းစွာအောင်မြင် ဖြစ်  ထွန်းခဲ့ပါသည်။

(၃) စိုက်ပျိုးနည်း။ ဘောစကိုင်းအပင်ကို မျိုးပွားရာတွင် အစေ့ဖြင့် ပျိုးထောင်ခြင်းမှာ အကောင်းဆုံးဖြစ်ပါသည်။ ကိုင်းကူးခြင်း၊ ကိုင်းဖြတ် ထိုးခြင်းတို့ဖြင့် မျိုးပွားနိုင်သော်လည်း ခက်ခဲပါသည်။ ပလတ်စတစ်ပျိုးအိတ်အတွင်းမှ (၁၈)လက်မအရွယ်အပင်ကို မြေချစိုက်ရန် အကောင်းဆုံးဖြစ်ပါသည်။ ပျိုးပင်ဘ၀ရှိစဉ် အရိပ်ကြိုက်နှစ်သက်ပြီး အလင်းလုံးဝဖွင့်ပေးခြင်းမျိုးကို မနှစ်သက်ကြောင်းတွေ့ရပါသည်။  

မြန်မာပြည်တွင် ဟာဝေယန်ဂျိုင်းယန့်အမျိုးအစားဖြစ်သည့် ကေ-၂၈မျိုးကွဲမှာ စိုက်ပြီး၆လသားအရွယ်တွင် အမြင့် ၁၅ပေခန့်ရှိပြီး အကိုင်း အခက်များ ဝေဆာစွာ ပေါက်ရောက်ကြောင်း တွေ့ရှိရလေသည်။ ၆နှစ်သားအရွယ်ရှိသော ဟာဝေယန် ဂျိုးယန့်အမျိုးအစားမှာ အမြင့် (၆၅)ပေ အထိမြင့်ပြီး ရင်စို့လုံးပတ်(၃)ပေအထိ ကြီးထွားနိုင်စွမ်းရှိပါသည်။ ဘောင်စကိုင်းပင်များကို ကော်ဖီ၊ ကိုကိုး၊ လက်ဖက်၊ ရော်ဘာ၊ ဆီအုန်း နှင့် အုန်းပင်များ စိုက်ပျိုးရာတွင် အရိပ်ပင်များအဖြစ်လည်း အသုံးပြုကြသည်ကို တွေ့ရပါသည်။

၇။ အပူပိုင်းဒေသ မြေဆီလွှာခန်းခြောက်သည့် နေရာများတွင် ပဲစင်းငုံနှင့် ဘောစကိုင်းများ စိုက်ပျိုးခြင်းအားဖြင့် မြေဆီလွှာအတွင်း မြေဆီ သြဇာ ထက်သန်လာခြင်း၊ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေလာခြင်း၊ ထင်းလောင်စာ ပိုမိုရရှိလာခြင်း အကျိုးကျေးဇူးများကို ရရှိလာ မည်ဖြစ်ပါသည်။ မြေဆီသြဇာထက်သန်ကောင်းမွန်လာ၍ သီးနှံစိုက်ပျိုးထုတ်လုပ်မှုသည်လည်း မြင့်မားတိုးတက်လာမည် ဖြစ်ပါသည်။  
မြန်​မာ့စိုက်​ပျိုး​ရေး