Thursday, February 28, 2013
Registery ထဲအထိ ရှင်းပေးတဲ့ဆာ့ဝဲ , Window Linux, Ubuntu
ဖျက်မရတဲ့အခါ တစ်ခုခုနဲ့ ငြိနေတဲ့အခါ Registery ထဲအထိ ရှင်းပေးတဲ့ဆာ့ဝဲ
ဒီဆော့ဝဲကတော့ စက်ထဲမှာ ထည့်ထားတာတွေ မသုံးချင်တဲ့အခါ ပြန်ဖျက်ပေးဖို့ ပါ
အတော်လေး အဆင်ပြေတာမလို့  ဆောင်ထားသင့်တယ် သူငယ်ချင်းတွေအတွက်
အဆင်ပြေတဲ့ ဆော့ဝဲလေးပါ ။မလိုအပ်တဲ့ဆော့ဝဲတွေ ဖျက်မရတဲ့ ဆော့ဝဲတွေရှိရင်
ဒီဟာလေးနဲ့ သာဖျက်Registeryထဲပါမကျန်Empty Folder အစုံအပြောင်ဖျက်တယ်
ဖိုင်တွေကျန်နေတာ ဖြစ်တယ် မလိုအပ်တာတွေ စက်ထဲရှိနေတော့ စက်လေးတယ်
Memoryအလကားပြည့်တယ် မလိုအပ်တွေဒါနဲ့ ရှင်းလိုက် သွက်လက်မြန်ဆန်မှုကို
တစ်ဖက်တစ်လမ်းက အထောက်ကူ ပြုပေးပါ လိမ့်မယ်........................................။
ဒီလင့်မှာ Download ယူ- www.ziddu.com/Perfect.Uninstaller.6.3.3.9with key
Window Linux, Ubuntu တို့ ကို လေ့လာသူတွေအတွက် အသုံးပြုနည်းစာအုပ်
ဒီစာအုပ်လေးက  ယခုလက်ရှိ  ကမ္ဘာတစ်ဝှမ်းသုံးနေတဲ့   Window xp.Window 7
တို့ လိုပဲ   လူသုံးများလာပြီဖြစ်တဲ့  Window linux  အကြောင်း   ရေးပြထားပါတယ်
ဒါ့အပြင်  Fedora , Ubuntu , Red Hat Enterprise တို့  အင်စတောပြုလုပ်ပုံကိုလဲ
သေချာပုံနဲ့ တကွ ရှင်းပြပေးထားပါသေးတယ် ။  Linux ဟာ နိုင်ငံပေါင်းစုံမှာရှိနေတဲ့
Programmer  တွေစုပေါင်းပြင်ဆင်ရေးဆွဲထားတဲ့ Open Source OS  ဖြစ်ပါတယ်
အဲ့တော့  အခုလက်ရှိ  ဖုန်းတွေမှာ အကြိုက်များနေတဲ့ Android လိုပဲ   မည်သူမဆို
Modify လုပ်နိုင်ဖို့  ဆော့ဝဲတစ်ခုရဲ့ Programming Code ( Source Code)တွေကို
အခမဲ့ တစ်ခါထဲ ပေးထားတာပါ ။  အဲ့တော့ ကမ္ဘာတစ်ဝှမ်းမှာရှိနေတဲ့ Programmer
တွေ Software Developer တွေကနေ လိုအပ်သလို ပြုပြင် ပြန်ထုတ် လုပ်လိုက်တာ
အခုဆို မူကွဲ ၁၀ မျိုးထက်မနဲ  ပေါ်ပေါက်လာခဲ့တယ်။  အဲ့ထဲမှာ နာမည်အကြီးဆုံးက
လူသုံးများတဲ့ Ubuntu ပါပဲ။ ဒီစာအုပ်က မူကွဲ ဆယ်မျိုးကို ရှင်းပြထားပေးပြီး အခြေခံ
လေ့လာလိုသူတွေအတွက်လည်း ယခုသုံးနေတဲ့  Window xp တို့    Window 7တို့ 
Window 8 တို့ လို့  Miscrosoft က Window တွေပြင်  တခြားဟာတွေရှိသေးတယ်
လေ့လာလို့  သုံးလို့ ရတယ်ဆိုတာ ဗဟုသုတရပါလိမ့်မယ်။ ပြီးတော့ Linux အတွက်
အသေးစိတ်  လေ့လာနေသူတွေအတွက်လည်း   အထောက်ကူ ပြုပေးပါလိမ့်မယ်.။
ဒီလင့်မှာ Download ယူ - Linux-3-in-1 install and Knwoledge
ဖုန်းနဲ့ အင်တာနက် သုံးသူတွေအတွက် Wifi ဖွင့်ပြီး ကွန်ပျုတာသို့ ခွဲချိတ်နည်း
ဖုန်းနဲ့ အင်တာနက် သုံးသူတွေအတွက် Wifi ဖွင့်ပြီး ကွန်ပျုတာသို့ ခွဲချိတ်နည်း
ဒီနည်းကတော့ ဖုန်းက အင်တာနက်လိုင်းကို ကွန်ပျုတာမှာ ချိတ်ပီးသုံးမယ့်စနစ်ပါ
ဖုန်းမှာ ၀ိုင်ဖိုင်စနစ်ပါရမှာ ဖြစ်သလို ကွန်ပျုတာကလည်း ၀ိုင်ဖိုင်စနစ်ပါမှရပါတယ်
အဲ့လိုဆိုရင်  စချိတ်လို့ ဖို့ အတွက်   ဖုန်းမှာ   အင်တာနက်လိုင်း  ဖွင့်ထားရပါမယ်
ဖုန်းမှာ ချက်တင်လုပ်ရင်း ကွန်ပျုတာကိုလည်း ခွဲသုံးတဲ့သဘောတရား တစ်ခုပါပဲ။
အောက်က နည်းအတိုင်းလိုက်လုပ်ပါ ....။
Seting ==>Wireless and networks ကိုဝင်ပါ
- Tethering and porable hospot ကိုဆက်ပြီးဝင်ပါ
- Portable Wi-Fi hospot ကို အမှန်ချစ်လိုက်ရင် ရပါပီ
ဒါဆိုရင် ဖုန်းက ၀ိုင်ဖိုင်စပြီးလွှင့်နေပါပြီ ။ ကွန်ပျုတာမှာပေါ်နေပါလိမ့်မယ် ။ ဒီလိုဆို
ချိတ်လို့ ရပါပြီ ။ ဖုန်းမှာလည်း  ချက်တင်လုပ်နေလို့ ရပါတယ် ။ကွန်ပျုတာမှာလည်း
သုံးလို့ ရပါပြီ ဒီနည်းက Galaxy ဖုန်းတွေမှာ ချိတ်နည်းအတူတူပါပဲ ။
မြန်မာပြည်က ဖုန်းနဲ့ သုံးသူများ လက်တော့နဲ့ ချိတ်ကြည့်ပါ အဆင်ပြေပါ၏.......။
 အပျင်းပြေ အပြန်အလှန် စကားပြော SOFTWARE
ဒီဆော့ဝဲလေးက ဖုန်းအတွက်သာမဟုတ်ပဲ  ကွန်ပျုတာမှာလည်း သုံးလို့ ရပါတယ်
အပျင်းပြေ အပြန်အလှန် စကားပြောလို့ ရပါတယ် ။ သိချင်တာလည်း မေးလို့ ရ၏
မေးချင်ရာမေး ဖြေချင်ရာဖြေတယ် ရီလည်း၇ီရ စိတ်လည်းတိုရပေါ့ သွားပြီးတော့
ဆဲရင် ပြန်ဆဲတယ်ဗျာ ။ဖုန်းမှာမထည့်ခင် ကွန်ပျုတာမှာလည်း စမ်းကြည့်လိုက်ပါ
တကယ်ပျော်ရတယ် ။ ဖုန်းမှာထည့်သုံးချင်ရင် Gplay မှာယူလို့ ရပါတယ် ။
ကွန်ပျုတာမှာစမ်းချင်ရင် ဒီမှာ - http://www.simsimi.com/talk.htm
Android Phone မှာထည့်ချင်ရင် ဒီမှာ - https://play.google.com/store/apps
“ ထေရ၀ါဒဗုဒ္ဓဘာသာနှင့် လောကအကျိုးပြုနည်းများ ”
“ ထေရ၀ါဒဗုဒ္ဓဘာသာနှင့် လောကအကျိုးပြုနည်းများ ”
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
“ ဗုဒ္ဓဘာသာဝင်တစ်ဦး ဖြစ်ရန်အတွက် ကျယ်ပြန့်သော ဥပဒေများမရှိပါ။
♦ ဘုရားကို ကိုးကွယ်ရာဟှူု၍ ဆည်းကပ်ခြင်း ၊
♦ တရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ခြင်း၊
♦ သံဃာကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ခြင်း ။
ဆိုသော သရဏဂုံသုံးပါးကို လက်ခံလိုက်သည်နှင့်
ဗုဒ္ဓဘာသာဝင်အဖြစ်သို့ ရောက်ရှိ ပါသည်။
ဗုဒ္ဓဘာသာဝင်တစ်ဦးအတွက်လိုက်နာရမည့် စည်းကမ်း ၅- မျိုး ရှိပါသည်။
၎င်းတို့မှာ -
၁။ - သက်ရှိလူသား တိရစ္ဆာန်တို့၏အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ရခြင်း၊
၂။ - သူတစ်ပါး ပစ္စည်းကို ခိုးယူ လုယက်ခြင်းမှ ရှောင်ကြဉ်ရခြင်း ၊
၃။ - ကာမဂုဏ် ဖောက်ပြန်မှု ၊ အိမ်ထောင်ရေး ဖောက်ပြန်မှုမှ ရှောင်ကြဉ်ရခြင်း
၎။ - မဟုတ်မမှန် ပြောဆိုခြင်း မှရှောင်ကြဉ်ရခြင်း ၊
၅။ - မူးယစ်ဆေးဝါး သုံးစွဲခြင်း ၊ ရောင်းဝယ်ခြင်း မှ ရှောင်ကြဉ်ရခြင်းတို့ ဖြစ်ပါသည်။
မြတ်ဗုဒ္ဓ ချမှတ်ပေးသည့် ဤစည်းကမ်း ငါးချက်ကို ကြည့်ခြင်းအားဖြင့် -
မြတ်ဗုဒ္ဓသည် -
- သတ္တ၀ါတို့၏အသက် ၊
- အိုးအိမ် စည်းစိမ် ချမ်းသာလုံခြုံရေး ၊
- အိမ်ထောင်ရေးသာယာစေရေး၊
- ကမ္ဘာလောကကြီးတွင် သစ္စာတရားထွန်းကားစေရေး ။
- လူသားတို့၏ဥာဏ်ရည်အဆင့်အတန်းမီရေး စသော
အရေးတို့ကို မျှော်တွေးကာ အထက်ပါစည်းကမ်း
ငါးချက်ကို ချမှတ်ခဲ့ကြောင်း တွေ့နိုင်ပါသည်။
လူသားတို့သည် အပျော်ကြူးခြင်း ၊ အလိုရမက်ကြီးခြင်း၊
ကြောက်စိတ်များခြင်း ၊ တို့ကြောင့်မိမိတို့၏ဘ၀အတွက်
အားကိုးရာများကို စိတ်ကူးပုံဖော်ကာ ယုံကြည်ကိုးကွယ်
တတ်ကြပါသည်။ စိတ္တဇ အတွေးများကို စိတ်ကူးပုံဖော်ကာ
ကိုးကွယ် လက်ခံနေသည်ကို မြတ်ဗုဒ္ဓ မနှစ်သက်ခဲ့ပါ။ ”
- အရှင် တိက္ခဥာဏလင်္ကာရ
PHOTO & HEALTHY
ကော်ဖီမှာ ကဖင်း၊ သဘာဝ ဆိုးဆေးနဲ့ အငွေ့ပျံလွယ်တဲ့ အဆီတို့ ပါဝင်ပါတယ်။ ကော်ဖီထဲမှာ ပါဝင်တဲ့ ကဖင်းဟာ အဆီပြိုကွဲမှုနှုန်းကို မြင့်တက်စေပြီး သွေးထဲကို အဆီဓာတ်တွေ ရောက်ရှိသွားစေပါတယ်။
ကော်ဖီသောက်ပြီး မိနစ် ၃၀ ကနေ ၄၀ အတွင်း သွေးထဲမှာ fatty acid ပါဝင်မှုနှုန်း လျော့နည်းနေမှာဖြစ်ပြီး ပုံမှန်ကိုယ်လက်လှုပ်ရှားမှု လုပ်လိုက်ရင်တော့ အဲဒီ fatty acid တွေဟာ အပူစွမ်းအင်အဖြစ် ပြောင်းလဲသွားမှာဖြစ်ပြီး အဆီတွေကို ခြေဖျက်ပစ်လိုက်နိုင်မှာ ဖြစ်ပါတယ်။
ကော်ဖီ အလွန်အကျွံ သောက်သုံးခြင်းဟာ အန္တရာယ် ဖြစ်စေနိုင်ပြီး ကော်ဖီကို စနစ်တကျ သောက်သုံးမယ် ဆိုရင်တော့ အကျိုးရှိနိုင်ပါတယ်။ ဒါကြောင့် နှစ်ပတ်အတွင်း အဆီကျ သွယ်လျစေနိုင်မယ့် Coffee Diet လုပ်ရမယ့် အဆင့် ၄ ဆင့်ကို ဖော်ပြပေးလိုက်ပါတယ်။
ကော်ဖီရဲ့ ရနံ့ဟာ လူတွေကို တည်ငြိမ်မှုကို ဖြစ်စေပါတယ်။ ပြီးတော့ မျက်နှာပေါ်မှာရှိတဲ့ အင်္ဂါရပ်တွေရဲ့ အာရုံခံစားမှုကို တိုးမြင့်စေပါတယ်။ မိမိရဲ့ လုပ်ငန်းခွင်မှာ ကော်ဖီတစ်ခွက် သောက်သုံးလိုက်မယ်ဆိုရင် အလုပ်လုပ်နိုင်တဲ့ စွမ်းရည် ပိုမို တိုးတက်လာပြီး ခန္ဓာကိုယ် အလေးချိန် လျှော့ချချင်တဲ့ စိတ်ဆန္ဒကို လှုံ့ဆော်ပေးနိုင်ပါတယ်။
သကြား၊ နို့လုံးဝ မပါတဲ့ Black Coffee ပြင်းပြင်းတစ်ခွက်ကို သောက်သုံးပြီး နာရီဝက်ကနေ တစ်နာရီအကြာမှာ ကော်ဖီမှာ ပါဝင်တဲ့ ကဖင်းကစားထားတဲ့ အစားအစာတွေကို ချေဖျက်ရာမှာ ကူညီပေးမှာဖြစ်ပြီး အဆီချေဖျက်မှုကို ပိုမို တိုးမြှင့်စေနိုင်ပါတယ်။
ခန္ဓာကိုယ် အလေးချိန် လျှော့ချဖို့အတွက် ကော်ဖီရဲ့ အကူအညီကို ယူမယ်ဆိုရင် တစ်နေ့ကို ကော်ဖီ ၄ ခွက် သောက်သုံးခြင်းဟာ အသင့်တော်ဆုံး ပမာဏပဲ ဖြစ်ပါတယ်။ ပိုသောက်မိမယ် ဆိုရင်တော့ မိမိရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပြီး အိပ်မပျော် ဖြစ်လိမ့်မယ်ဆိုတာကိုတော့ သတိပြုသင့်တယ်နော်။
ကော်ဖီတစ်ခွက်ကို သောက်သုံးမယ် ဆိုရင်တော့ ရိုးရှင်းတဲ့ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းလေးတွေကိုပါ တွဲလုပ်သင့်ပါတယ်။ ဥပမာ- ၁၀ မိနစ်၊ ၁၅ မိနစ်လောက် သွက်သွက်ကလေး လမ်းလျှောက်တာမျိုးပေါ့။ ပြီးတော့ လှေကားထစ် အတိုင်းတက်တာ၊ ထိုင်ခုံပေါ်မှ ခန္ဓာကိုယ်ကို မတ်မတ်ထိုင်တာတွေဟာ စားသုံးထားတဲ့ ကယ်လိုရီတွေကို ချေဖျက်ရာမှာ အကူအညီ ပေးနိုင်ပါတယ်။ အဲဒီတော့ ရုံးသွားရုံးပြန် ဓာတ်လှေကား မသုံးဘဲ ကိုယ့်ခြေထောက်ကိုယ်သုံးပြီး လှေကားထစ်အတိုင်း တက်မယ်ဆိုရင် ကော်ဖီသောက်ပြီး အဆီချတာကို ပိုပြီး အကျိုးသက်ရောက်မှု ရှိစေမှာပါပဲ။ နှပ်ထားတဲ့ ကော်ဖီမှုန့်တွေနဲ့ နှိပ်နယ်ခြင်းဟာ အသားအရေကို ချောမွေ့စေပြီး တင်းတင်းရင်းရင်း ရှိစေပါတယ်။
အဆီတွေ စုနေတဲ့ အစိတ်အပိုင်းတွေ ဖြစ်တဲ့ ဝမ်းဗိုက်အောက်ပိုင်း၊ ပေါင်၊ ခါး စတဲ့ နေရာတွေကို ကော်ဖီမှုန့်တွေနဲ့ နှိပ်နယ်ပြီး နှလုံးဘက်ကို ဦးတည် နှိပ်နယ်သွားမယ်ဆိုရင် အဆီတွေကို လျော့ကျစေနိုင်မှာ ဖြစ်ပါတယ်။ ရေမချိုးခင် နှိပ်နယ်မှုက ပိုပြီးတော့ အကျိုးသက်ရောက်မှု ရှိစေမှာ ဖြစ်ပါတယ်။
ကော်ဖီသောက်ပြီး အဆီချရာမှာ ဆောင်ရန်ရှောင်ရန်တွေကိုလည်း ပြောပြချင်ပါသေးတယ်။
ကော်ဖီစေ့ကို အပူပေးလှော်ပြီး ကြိတ်ထားတဲ့ ကော်ဖီဟာ ကဖင်းပါဝင်မှုကို လျော့ကျစေပါတယ်။ 178'C ထက် ပိုပြီး အပူပေးရင်တော့ ကဖင်း လုံးဝမရှိတော့ဘဲ ပါမယ်ဆိုရင်လည်း အလွန်ကို နည်းပါတယ်။ ဒါကြောင့် ကော်ဖီသောက်ပြီး အဆီချမယ်ဆိုရင် အရသာပေါ့တဲ့ ကော်ဖီကို ရွေးချယ် သောက်သုံးသင့်ပါတယ်။ ကော်ဖီသောက်ပြီး အဆီချရာမှာ ကော်ဖီအပူက ကယ်လိုရီတွေကို ပိုမိုလျင်မြန်စွာ ချေဖျက်နိုင်တဲ့အတွက် အပူချိန် မြင့်မြင့်နဲ့ လှော်ပြီး ကြိတ်ထားတဲ့ ကော်ဖီမွှေးမွှေးပူပူလေးကို သောက်သုံးသင့်တာပေါ့။
ဒါကြောင့် ကော်ဖီသောက်ပြီး ကိုယ်အလေးချိန် လျှော့ချချင်သူတွေ အနေနဲ့ ကော်ဖီအေးကို မသောက်ဘဲ ကော်ဖီပူကိုပဲ သောက်ဖို့ အကြံပြုချင်ပါတယ်။
အသင့်သောက်သုံးနိုင်တဲ့ Instant Coffee တွေဟာလည်း ကော်ဖီစေ့ကို သဘာဝအတိုင်း ကြိတ်ပြီးဖျော်တဲ့ ကော်ဖီလိုမျိုး ကယ်လိုရီတွေကို ချေဖျက်နိုင်စွမ်းမရှိလို့ Instant Coffee တွေကို သောက်သုံးပြီး အဆီချတာမျိုး မလုပ်သင့်ပါဘူး။
ကော်ဖီသောက်ရာမှာလည်း သကြားကို လုံးဝ မထည့်ဘဲ နို့အနည်းငယ်ကိုသာ ထည့်ပြီး သောက်သုံးသင့်ပါတယ်။ သကြားဟာ အဆီကို ချေဖျက်ရာမှာ အနှောင့်အယှက် ဖြစ်စေလို့ပဲ ဖြစ်ပါတယ်။
ကော်ဖီသောက်ပြီး အဆီချနိုင်မယ့် နည်းလမ်းတွေ၊ ဆောင်ရန်ရှောင်ရန်တွေကို ပြောပြပြီးပြီဆိုတော့ တို့လည်း ကော်ဖီတစ်ခွက်လောက် သောက်ပြီး နားလိုက်တော့မယ်နော်။
INDIA Remembering photos