Monday, February 25, 2013

P K ၀ါးခြင်း အကျိုးအာနိသင်



ပီကေ ဝါးခြင်းသည် မှတ်ဥာဏ်ကို ပိုမိုကောင်းစေ နိုင်ကြောင်း သုတေသီများက လေ့လာ တွေ့ရှိခဲ့သည်ဟု သိရသည်။

ပီကေကို ဝါးခြင်းသည် တွေးခေါ်မှု စွမ်းရည်နှင့် နိုးကြားမှုကို တိုးမြှင့် စေကြောင်း၊ ပီကေ စားသူများသည် အခြားသူများထက် တုံ့ပြန်နိုင်စွမ်း ၁ဝ ရာခိုင်နှုန်း ပိုမို မြန်ဆန် သည်ကို တွေ့ရှိရကြောင်း၊ လူတစ်ဦး၏ မှတ်ဥာဏ်ကို ကောင်းမွန်စေပြီး ဦးနှောက် အတွင်းသို့ သွေးစီးဆင်းမှု ကိုလည်း ပိုမို ကောင်းမွန် စေနိုင်ကြောင်း လေ့လာ တွေ့ရှိ ချက် အသစ်အရ သုတေသီများက ပြောကြား ခဲ့သည်။

မန်ယူ အသင်း၏မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်သည် အမြဲတမ်း ပီကေဝါးလေ့ ရှိပြီး အသင်းအတွက် အကောင်းဆုံး အကြံဥာဏ်များကို ပေးနေကြောင်း သုတေသီ များက ထောက်ပြ ထားသည်။

ပီကေ ဝါးခြင်းသည် ဦးနှောက် အတွင်းရှိ အဓိက နေရာ ရှစ်နေရာကို ကောင်းမွန်သည့် အကျိုး သက်ရောက် စေနိုင်ကြောင်း ဂျပန်သုတေသန အဖွဲ့က ထုတ်ပြန်သော ဦးနှောက်နှင့် သိမြင်မှု ဆိုင်ရာ ဂျာနယ် တစ်ခုတွင် အကြံပြု ပြောကြား ထားသည်။

သုတေသီများက ပီကေစားသူနှင့် မစားသူ၏ ဦးနှောက်တွင် မည်သည့်နေရာ၌ လှုပ်ရှားမှုရှိစေ သည်ကို သိရှိနိုင်ရန် အတွက် scan ရိုက်၍ စမ်းသပ်ချက် များစွာကို လုပ်ဆောင် ခဲ့သည်။ စမ်းသပ်မှုကို မိနစ် ၃ဝ ကြာ ပြုလုပ်နေစဉ် အတွင်း စမ်းသပ်ခံ သူများသည် စက်၏ မျက်နှာပြင် ပေါ်ရှိ မြားပြရာ လမ်းကြောင်းများကို ၄င်းတို့၏ ညာလက် သို့မဟုတ် ဘယ်လက်ဖြင့် ခလုတ်ကို နှိပ်ရသည်။ ပီကေ မဝါးသော အမျိုးသား၊ အမျိုးသမီးများသည် တုံ့ပြန်မှုကို တစ်စက္ကန့်၏ တစ်ထောင်ပုံ တစ်ပုံလျှင် ၅၄၅ ပုံဖြင့် ပြုလုပ်နိုင်ပြီး၊

ပီကေ မဝါးသော အမျိုးသား၊ အမျိုးသမီးများသည် တုံ့ပြန်မှုကို တစ်စက္ကန့်၏ တစ်ထောင်ပုံ တစ်ပုံလျှင် ၉၂၅ ပုံဖြင့် ပြုလုပ်နိုင်သည်။

No comments:

Post a Comment