Sunday, June 30, 2013
Moo0 RightClicker software
(လုံးဝအလန်းလေးနော်) Right Click Menu ထဲမှာ မိမိထည့်ချင်တဲ့ Function ထည့်နိုင်တဲ့ Moo0 RightClicker Pro v1.51 + Keygen & Serial
Moo0 RightClicker Pro v1.51 Incl Keygen
ကွန်ပြူတာပေါ်မှာ Right Click နှိပ်လိုက်ရင်ပေါ်လာတဲ့ အကွက်လေးထဲမှာ မိမိထည့်လိုတဲ့ Function တွေ ထည့်နိုင်တဲ့ Software လေးတစ်ခုတင်ပေးလိုက်ပါတယ်ဗျာ။ ဥပမာဗျာ Right Click နှိပ်လိုက်ရင် ပေါ်လာတဲ့
Menu အကွက်လေးထဲမှာ မိမိအသုံးများဆုံးဖြစ်တဲ့ Function တွေကို ထည့်ချင်ရင် ထည့်လို့ရတဲ့သဘောပါ ဘဲ။ ပိုမြန်တာပေါ့ဗျာ။ Right Click ကတော့ ကြိုက်တဲ့ နေရာမှာသာနှိပ်လိုက် မိမိထည့်ထားတာလေးတွေ ကပေါ်လာမှာပါ။ ဒီမျိုးကတင်ပေးတဲ့ ဆိုဒ်ရှားလို့ တွေ့တုန်းလေးယူထားစေချင်ပါတယ်ဗျာ။
Moo0 RightClicker Pro is a set of enhancements on the context menu (right click menu) of Windows Explorer. It adds many useful functionalities like duplicating current explorer window, open/move to/copy to bookmarked folders, hiding default context menus, and so forth.
Tips:
- Please create your own optimized right click menu by hiding unwanted menus, rearranging the order of menus, packing similar menus into newly created menu tree folder, changing each menu icon to your own, and so on through the customizer.
- You can always Un-Hide default right click menus like "Send To" from "Customize.." > "UnHide" > ..
- You can show all the menus available by Right-Clicking with Shift-Key.
- It takes time to get used to a new set of menus. Please try it a while.
**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  
**  Step-2. "5sec". လောက်စောင့်ပေးပါ။
**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။
Tow Books
အရပ်ပုလို့ ရှည်ချင်သူများ14ရက်အတွင်း အရပ်ရှည်နည်းလေ့ကျင့်ခန်းများ
Credit to - http://thaingwizard.wordpress.com
Download - 14ရက်အတွင်း အရပ်ရှည်နည်းလေ့ကျင့်ခန်းများ
ဘရုစ်လီ၏ တိုက်ခိုက်ရေး နည်းပညာသိုင်းကျမ်း ဂျီကွန်ဒို ( ကွန်ဖူးစိုးမြင့် )
Credit to - http://thaingwizard.wordpress.com/
Download - ဘရုစ်လီ၏ တိုက်ခိုက်ရေးနည်းပညာသိုင်းကျမ်း
App & Game
Smart AppLock v3.0.3 for Android 1MB
ကိုယ့်ဖုန်းထဲက Call Log တွေ ၊ Message တွေ ၊ ဓာတ်ပုံတွေ နဲ့အခြား app တွေကို သူများတွေမကြည့်စေချင်ဘူး ၊ မသိစေချင်ဘူးဆိုရင် အခုပေးမယ့် Application လေးသုံးပြီးတော့တာ Lock ချထားလိုက်ပါ။ Password မသိဘဲ ဘယ်သူမှဝင်မကြည့်နိင်တော့ပါဘူး ။ Password code အပြင် Pattern lock နဲ့လည်း lock ချနိုင်သေးတာကြောင့် တော်တော်လေးကောင်းပါတယ်။ 
ရှိထားသင့်တဲ့ application လေးတစ်ခုပါ။
အသုံးပြုမယ်ဆို အောက်ကလိပ်စာမှာရယူနိုင်ပါတယ် 
Dwonload>>>>datafilehost (or)zippyshare 
Ref>>မြန်မာမိုဘိုင်း
Subway Surfers v1.12.0 Apk Game 25MB
 Subway Surfers  ကစားတဲ့သူငယ်ချင်းတွေအတွက် 27ရက်နေ ထွက်လေးပါ
ဒီဂိမ်းလေးကိုတော့ တော်တော်များများသိမှာပါ ပိုက်ဆံတစ်ခါတည်း ဟက်ပီးသားဂိမ်းလေးပါ 
ရထားကို ဆေးမှုတ်လို အစောင့်ကလိုက်ဖမ်းတာကို လွတ်အောင်ပြေးရတဲ့ဂိမ်းလေးပါ..ဖြတ်သန်းသွားလာနေတဲ့ ရထားတွေ ၊အတားအဆီးတွေကြားထဲမှာ မတိုက်ခိုက်အောင်   ကွေ့ပတ်ရှောင်ပြေးရင်းရွှေပြာတွေ အရယူဆော့ကစားရတာဖြစ်ပါတယ် …ပြေားလွှားဆော့ကစားရမယ့် ဂိမ်းဇာတ်ကောင် ကို upgrade လုပ်ပြီး ပြောင်းလဲနိုင်ပြီး  စက်ရုပ်ဖုန်းကိုင် သူတိုင်း လက်ကမချချင်အောင် ဆော့လို့ ကောင်းတဲ့ ဂိမ်းလေးဖြစ်ပါတယ်. 
ကစားမယ်ဆို အောက်ကလိပ်စာမှာရယူနိုင်ပါတယ် 
Download>>>datafilehost (or)zippyshare
Saturday, June 29, 2013
Game & Software
Screenshot Captor v4.02.00 Portable 13MB
Screenshot ဆိုတာနဲ့ တော်တော်များများသိမှာပါ အင်တာနက်ဆိုင်မှာ အသုံးပြုတဲ့ သူငယ်ချင်းတွေအတွက် Portable ဆောစ်ဝဲလ်လေးတင်ပေးလိုက်ပါတယ် 
Ctrl+Print နဲ့လည်းရတယ်ဆိုပေမယ့် ဆောစ့်ဝဲလ်နဲ့တော့ လုပ်ဆောင်ချက်တွေ ပိုစုံလင်ပါတယ် 
အသုံးပြုမယ်ဆို အောက်ကလိပ်စာမှာရယူနိုင်ပါတယ် 
Downlaod>>>>zippyshare (or)datafilehost
Fly on Desktop v1.5 Portable 5MB
ယင်ကောင်လေးတွေ Desktop ပေါ်မှာထားတဲ့ ဆောစ့်ဝဲလ်လေးပါ 
ယင်ကောင်လေးတွကို ကာဆာနဲ့ ထိလိုက်ရင် ပျံသွားပါတယ် 
အပျင်းပြေပေါ့ စမ်းကြည့်မယ်ဆိုရင် အောက်ကလိပ်စာမှာရယူနိုင်ပါတယ် 
Download>>>>datafilehost (or)zippyshare
ArThawKa-Computer Dictionary For Pc 1MB Direct Downlod
ဒီSoftware လေးကတော့ ကျွန်တော်တို့ ကွန်ပျူတာနဲ့ ပတ်သတ်တဲ့ ကိုယ်မသိတဲ့ 
 စကားလုံး အခေါ်အဝေါ် အသုံးအနှုန်းတွေ မြန်မာလိုရှင်းပြထားတဲ့ 
Portable Freeware Dictionary လေးတစ်ခု ဖြစ်ပါတယ်
ဘာပဲ ဖြစ်ဖြစ် ကိုယ့်ကွန်ပျူတာ အသုံးပြုနေတဲ့ အချိန်မှာ ကိုယ်မသိတဲ့ 
စကားလုံး အသုံးအနှုန်းတွေကို ဒီ Dictionary လေးထဲ ရှာလိုက်ရင်ဖြင့်  
အခက်အခဲ တစ်စုံတစ်ရာကို ဖြေရှင်းပေးနိုင်မှာလဲ ဖြစ်ပါတယ်
အသုံးပြုမယ်ဆို အောက်လိပ်စာမှာရယူနိုင်ပါတယ်
War of Glory For Android Game 24MB
ဒိုတာလိုဂိမ်းလေးပါဘဲ လက်နက်တွေ စွမ်းအားတွေ အတွက်တော့ ဘာမှမပူနဲ့
ပိုက်ဆံက လိုတာရဘဲ ဟက်ပီးသားဂိမ်းေးလးပါ 
ကစားမယ်ဆို အောက်ကလိပ်စာမှာရယူနိုင်ပါတယ် 
Dwonload>>>datafilehost (or)zippyshare
Wednesday, June 26, 2013
ကွန်ပျုတာရှိရင် ကွန်ပျုတာသုံးရင် ဒီဟာလေးကိုတော့ သိထားသင့်ပါတယ်
ဘာလို့ ဒီလိုရေးလည်းဆိုတော့ အသုံးတည့်တယ် တတ်ထားသင့်တယ်လို့ ထင်တယ်
မြန်မာစာရေးမရဘူးလို့ ပြောလာတဲ့သူတွေမှာလည်း ဒီပြဿနာလေးကို တွေ့ ရလို့ ပါ
အဲ့မှာ Lenguage Bar လေး   ပျောက်သွားတဲ့လူတွေ ပြန်ဖော်ဖို့  နည်းလေးတွေရယ်
တခြား  ဘာသာစကား တစ်ခုခု  ပြောင်းရိုက်မယ်ဆို  ဒီစနစ်ကို မဖြစ်မနေ သုံးရမှာပါ
အခုလောလောဆယ် မြန်မာလိုရိုက်မယ် အင်္ဂလိပ်လိုရိုက်မယ် အဲ့ဆိုရင် Ctrl + Shift
မြန်မာလိုပဲ ရိုက်ရတယ် ၊ အင်္ဂလိပ်လိုရေးမရ၊ ပြောင်းမရဖြစ်တတ်တယ် ။အလားတူပဲ
အင်္ဂလိပ်လိုရေးလို့ ရပြီး  မြန်မာလိုရေးမရတာ ဖြစ်သွားတတ်ပါတယ် ။  အဲ့လိုအခါမှာ
မြန်မာစာကို   ပြန်ထည့်ပေးရပါမယ် ။ ထည့်နည်းကတော့ Control Pennl  ထဲကနေ
Regional Lenguage Option ဆိုတဲ့ setting ကို သုံးရပါမယ် ။ Window မှာဆိုရင်
Control Pennel =Regional and lenguages =Change Key boardကို တဆင့်စီ
နှိပ်ပါ လွယ်ပါတယ် ။ Window  XP ကိုပြောရရင်.Control Pennel => Regionnal
Keyboard Layout /IME ကို အမှန်ချစ်ပြီး  လိုချင်တဲ့   ဘာသာစကားကို ရွေးထည့်
မြန်မာစာ  ပျောက်သွားတဲ့သူက  Alpha Zawgyi Keyboard  ကိုပြန်ထည့်ရပါတယ်
အဲ့မှာ  မြန်မာလိုပဲ  ရေးရပြီး  Ctrl + Shift နှိပ်လည်း  အင်္ဂလိပ်လိုေ ရးမရတော့ရင်
US ကို ပြန်ရှာထည့်ပါ ။ နောက်တစ်ခုကတော့  ကိုယ်က  တရုပ်လို  ဂျပန်လိုရေးရင်
ဂျပန်စာ  တရုပ်စာကိုထည့်ပါ ။  ဥပမာ ရုရှားလိုရေးချင်ရင်  ရုရှားထည့်  အင်စတော
လုပ်စရာမလိုပဲ  မူလ၀င်းဒိုးမှာ ပါလာပြီးသား  ဘာသာစကား အများကြီးပါ ။  မြန်မာ
ဘာသာစကားကို  ရေးချင်လို့   ထပ်ပီးထည့်ရတာပါ ။  အင်စတော  ထပ်ထည့်စရာ
မလိုတဲ့  ဘာသာတွေကိုလည်း  ကိုယ်တိုင်လေ့လာကြည့်လိုက်ပါ သဘောတရားကို
နားလည်ထားနေရင် အခြားဘာသာ စကားတွေလည်း  ကိုယ်တိုင် ထည့်တတ်မှာပါ
နောက်နားက ဒီမှာ နီပေါတွေ ပညာကိုသင်ပေးတော့ သူတို့ ဘာသာလိုရေးချင်တာ
ထည့်ပေးဖူးတာနဲ့   တခြားဘာသာတွေလည်း  သုံးချင်ရင် ရေးချင်ရင်ဒီလိုပဲ လုပ်ဖို့ 
ဆိုတာကို သိစေချင်တာပါ ။ ပြီးတော့ အကြောင်းအမျိုးမျိုးကြောင့် Lenguage bar
ပျောက်သွားတဲ့  သူတွေကလည်း  အပေါ်က  setting အတိုင်းပါပဲ ။  ပုံကိုကြည့်ပါ
စောစော  ဘသာစကားထပ်ထည့်တာ မလို့  Add  ကနေသွားတာ အဲ့မှာ မလိုအပ်
ရင်  ကိုယ်မလိုတဲ့  ဘာသာစကားကို Remove နဲ့ ထည့်ပါ ပြဿနာလေးတစ်ခုကို
ပြောပြရရင် ကျနော်တို့ နားက  စက်ရုံတစ်ရုံရဲ့  သူဌေးဆီမှာ ကွန်ပျုတာတစ်လုံးကို
ပြဿနာတက်နေတာ  အင်္ဂလိပ်လို ရေးမရတာ  ကီးဘုတ်မှာ T ကို နှိပ်ရင် Tမလာ
ပဲ  အီတလီ  ဘာသာစကားတစ်ခု ၀င်နေတာ တွေ့ တယ် ပြန်မဖြုတ်တတ်တာရယ်
ကြောင့်ပြင်ဆိုင်ပို့ ရမဲ့   အခြေနေမှာ  မြန်မာသူငယ်ချင်း  အကူညီနဲ့ လာပြင်ပေးဖို့ 
ဆက်သွယ်လာပါတယ် ။ ပြင်ဆင်ခကို  ကြားပွဲစားက  မလေးရှားငွေ 50 ပေးဖို့ လဲ
သဘောတူကြတယ်ပေါ့ဗျာ ။ သူက   ကျနော့ဆိုဒ်ကို  ဒိုမိန်းဝယ်ပေးထားတဲ့သူပါပဲ
ဒီလိုနဲ့   Sunday မှာ  ပြင်ပေးဖို့ သဘောတူလိုက်တယ် ။လာခေါ်တယ် ပြန်ပို့ တယ်
ကြွေးတယ်  ပေါဗျာ ။ 50 ရတယ်ပေါ့ဗျာ ကျနော်တို့ စက်ရုံမှာ မနက်၈နာရီကနေပြီး
ည8နာရီအထိ  12နာရီလုပ်မှ  50ပဲရပါတယ် ။ အခု 15မိနစ်မကြာဘူး  ပြင်တာက
ဒါပေမယ့် ပညာဆိုတာလွယ်လွယ်ပေးရင်  တေးဖြစ်ဆို တဲ့ စကားပုံရှိနေလေတော့
ကျနော်သွား ကြည့်တယ်  စာရေးမက ဒီလိုဒီလို ပြောတယ် ။  ပြဿနာတက်တယ်
ဘာညာပေါ့ ။  ရေးမရတဲ့  ပြဿနာကိုတာ့  Lenguage bar  ထောက်ကြည့်လိုက်
သိလိုက်ပါပြီ ။ US လို့ ခေါ်တဲ့   အင်္ဂလိပ်ဖောင့်   ပျောက်နေတယ် ။ လုပ်လိုက်ရင်
15မိနစ်မကြာဘူး  သိပေမယ့်  အနည်းငယ်  စက်ကိုရှင်းလိုက်ပါတယ် ။ မြန်အောင်
သွက်အောင်လုပ်တယ် ။ ပြီးမှ  အထဲမှာရောက်နေတဲ့ အီတလီ ဘာသာကို ဖြုတ်ပီး
US  ဖောင့်ထည့်လိုက်တယ် ။ အဆင်ပြေသွားပါတယ်။  ဒီနေရာမှာ   ပုံလေးတစ်ခု
ဖတ်မိပါတယ် ။ သမီးစံ မျှဝေတာပါ ။ လူတစ်ယောက်က  ကားပျက်နေလို့ ကားပြင်
ဆိုင်ကို  ဖုန်းခေါ်ပီး  လာပြင်ခိုင်းလိုက်တယ်။  ပြင်တဲ့ဝပ်ရှော့ဆရာက   ဖွင့်ပြီးတော့
ကားကို  ဟိုခေါက်  ဒီခေါက်  လိုက်လုပ်တယ် ။ ပီးတော့ ကောင်းသွားတယ်ပေါ့ဗျာ
ကားပြင်ဆင်ခကိုေ ဒ်ါလာ100 လို့ ပြောတော့  ကားသမားက  တင်းသွားပြီးတော့
ခင်းဗျားဗျာ ..ဟိုခေါက်ဒီခေါက်လေးနဲ့  ဒေါ်လာ 100 ယူရသလား.. စလစ်ရေးပေး
ဝပ်ရှော့  ပိုင်ရှင်ဆီတိုင်မယ်  ဆိုတော့  ကားပြင်ဆရာက   ဒီလိုရေးပေးလိုက်တယ်
ဟိုခေါက်သည်ခေါက်ခ  1ဒေါ်လာ  ဘယ်နေရာကို  ခေါက်ရမယ်သိတဲ့  ပညာခက
99ဒေါ်လာတဲ့  ။ စာပေဟောပြောပွဲတစ်ခုမှာ  ပညာရဲ့အရေးပါပုံကို  ပြောဟောတာ
ဖေ့ဘွတ်မှာ  ဟိုနေ့ တွေ့ လို  လမ်းကြုံထည့်ရေးလိုက်တာ  ဆိုလိုချင်တာကတော့
ဒီပုံပြင်လးကို ဆိုဒ်ထဲမှာ   စာလာဖတ်သူတွေကို  ပညာလေးက  သေးပေမယ့်လည်း
သိထား တတ်ထားသင့်တာကို ပြောချင်တာပါ ။ အဲ့တော့  လုပ်ကြည့်ပါ အဆင်မပြေ
လိုအပ်သည်ရှိသော်  အီးမေးပို့ လိုက်ပါ ။ ကျနော် နားလည်းသလောက် ကူညီပါ့မယ်
အချိန်ရသလောက်ပေါ့ ။ ချက်တင်မှာ မမေးစေချင်တာက မသိလိုက် မဖြေလိုက်တာ
ရှိပါတယ် အကောင့်ကတော့ ဖွင့်ထားတယ်။စာတွေလည်းရောက်နေတယ် အလုပ်က
သူဌေးလာလို့  ပိတ်လိုက်တယ်ဆိုရင် ပို့ ထားတဲ့စာတွေမဖတ်ဖြစ် ပြန်ရှာမရတာတွေ
ဖြစ်ပါတယ် ။ ပြီးတော့ ပြန်ရှာရခက်ပါတယ်။ဒါကြောင့် မေးထဲကိုပဲ ပို့ ပေးစေချင်တာ
အီးမေးဆိုရင် ဖတ်ဖြစ်တယ်။စာပြန်တယ် မသိသေးတာ ရှာမတွေ့ သေးတာကိုတော့
မပြန်ဖြစ်ပါဘူး ။ ကဲစာလည်းရှည်ပါပြီ ။ ဆဲမှာလည်းစိုးရသေး လမ်းကြုံလို ၀င်ဖတ်မိ
ကြည့်မိသည်ရှိသော်  ဘယ်နိုင်ငံသွားသွား မြန်မာဖောင့်ကို  ထည့်တတ်  ရေးတတ်
ဘယ်လူမျိုး  ဘယ်နိုင်ငံ  သူငယ်ချင်းက  အကူညီတောင်းတောင်း  ထည့်ပေးတတ်
ပြုပြင်ပေးတတ်ရင်  ပညာတစ်ခု တိုးတာပါပဲ ။ ရုံးတွေမှာ  လုပ်နေကြပီးတော့လည်း
Excel နဲ့  Work ကလွဲပြီး  ဘာမှကိုမသိတဲ့ စာရေးမ  ရုံးလုပ်သမားတွေ အများကြီး
ရှိနေသေးတယ် ။  ပြီးတော့ XP ကို  အခြေခံ ရှင်းပြတာကလည်း  Xp ကို လုံးဝကြီး
မပစ်ပယ်နိုင်သေးပါဘူး  Window 7 ရဲ့  System Requirement  က   2GB ပါလို့ 
ဆိုထားပါတယ် ။ အဲ့တော့ ရုံးတွေမှာကတော့ အဲ့လောက်မမြင့်တာတွေ အများကြီး
ရှိနေပါတယ်။  စက်တွေကလည်း Excel နဲ့  Word ပဲသုံးမှာဆိုတော့  တအားမမြင့်
အကောင်းစားတွေလည်း မဟုတ်ပါဘူး တခါတလေ ကျနော်မြန်မာဖောင့်ထည့်လို့ 
သူတို့ အလုပ်လုပ်နေရင်း  Ctrl+shift  နှိပ်မိလို့   အတုံးလေးတွေ  ပေါ်လာတော့
မလုပ်တတ်  မကိုင်တတ်  ဖြစ်သွားပြီး Restart ပြန်ချလိုက်ရတာတွေ   ရှိပါတယ်
နောက်ပြီး အခုကိုယ်က  ဒီနည်းလေးကို  နားလည်နေလို့    တခြားတယောက်ရဲ့
ကွန်ပျုတာကိုသွားပြီး  အီတလီ ဘာသာထည့်ပေးပီး  သိမသိ စမ်းကြည့်လိုက်ပါ
ကျနော်လည်း အခုဆရာဝန်တွေလိုပဲ အခေါင်းထဲရောက်သွားတဲ့ လူနာကိုတော့
ထည့်မပြောဘူး ပြင်လို့ ကောင်းတာပဲ နမူနပြတာ ပျက်သွားတာတွေ ပြင်မရတာ
တွေလည်း ကြုံရပါတယ် ပိုက်ဆံတစ်ကျပ်မှမရပဲ စားပီးသောက်ပီး ခြေသလုံးကြီး
ခရီးစဉ်တွေလည်း အများကြီးပါ ကဲ....ကြိုက်ရင် လေ့လာပေတော့................။
မကြည့်စေချင်သော ၀က်ဆိုဒ်တွေကို ရွေးပိတ်နည်း
အခြေခံ ကွန်ပျုတာ စတင်သုံးစွဲသူများနဲ့ အမှတ်မထင် မှားတတ်သူများအတွက်
ဒီနည်းလေးကတော့ ဖြစ်တဲ့သူသိပ်မရှိဘူး။ တခါတလေ ဖြစ်ခဲ့ရင် သုံးနိုင်သိနိုင်ရန်
မျှဝေလိုက်ပါတယ် ကွန်ပျုတာအောက်ခြေက task bar  ဘေးဘက်တို့ အပေါ်တို့ 
ရောက်သွားရင် ပြန်ပြင်တဲ့နည်းပါ လုပ်နည်းက လွယ်တယ်။ ဘေးရောက်သွားတဲ့
Task Bar ပေါ်မှာ Right Click ထောက်၍ Properties နှိပ်ပါ ပေါ်လာတဲ့အကွက်
အကွက် Task bar location on screen မှာ Bottom ပြောင်းပေးလိုက်ပါ........။
မိမိကွန်ပျုတာထဲကနေ မကြည့်စေချင်သော ၀က်ဆိုဒ်တွေကို ရွေးပိတ်နည်း
ဒီနည်းလေးကတော့ မိမိတို့ ရဲကွန်ပျုတာတွေထဲမှာ မကြည့်စေချင်တဲ့ ၀က်ဆိုဒ်တွေကို
သီးသန့် ပိတ်ထားချင်ရင်ရပါတယ် ။ပိတ်နည်းက အများကြီးရှိတယ် ဆော့ဝဲသုံးမယ်ဆို
ကြာတယ် ကွန်ပျုတာကနေ ပိတ်နည်းကို ပြောပြပါမယ် ။ တစ်ခါတလေမှာ မကြည့်စေ
ချင် မဖွင့်စေချင်တဲ့ ဆိုဒ်တွေရှိမှာပါ ။ ဥပမာ Sexy နဲ့ ပတ်သက်တဲ့ ဆိုဒ်တွေ  နဲ့ မိမိတို့ 
စိတ်ကူးထဲ ရှိသမျှ မကြည့်စေချင်တဲ့  ဆိုဒ်တွေကို ပိတ်လို့ ရပါတယ် ။ ရုံးတွေမှာဆိုရင်
သူဌေးက ဖေ့ဘွတ်မသုံးအောင် ပိတ်ထားမယ်ဆို  ဒီလိုနည်း သုံးနိုင်ပါတယ်။ အဲ့တော့
ကိုယ်ကနေ  ရုံးထဲမှာ သူများကွန်ပျုတာကို  Facebook သုံးမရ Gmail သုံးမရအောင်
စမ်းသပ်လို့ ရပါတယ် ။ မသိသာပါဘူး ။ Unable to connect လို့ ပဲ ပြနေပါလိမ့်မယ်..။
ပထမဆုံး Runbox ဖွင့်ပါ ( Window + R တွဲ နှိပ်ပါ )
ဒီစာကို ကူးထည့် - c:\WINDOWS\system32\drivers\etc\hosts
ပြီးရင် Window 7 ဆိုရင် Notepad ကိုရွေးပြီး OK နှိပ် ( Xp ဆို Auto ပွင့်ပါတယ်)
ပွင့်လာပြီဆိုရင် အထဲမှာ ဆိုဒ်ပေါင်း ၁၂၀၀၀ အထိ ပိတ်လို့ ရပါတယ်အောက်ဆုံးက
#    ::1             localhost ဒီစာရဲ့အောက် တည့်တည့်ကနေ ပိတ်မယ့်ဆိုဒ်ရေးပါ
127.0.0.1 www.facebook.com ဒီလိုရေးပါ ။ နောက်ထပ်ဆိုဒ်တွေကို ဆက်ရေးပါ
ပြီးရင် Ctrl + S ကို နှိပ်ပြီးဆေ့လိုက်ရင် ရပါပြီ ။ .ပိတ်ချင် အောက်မှာဆက်ရေးပါ
ထူးခြားချက်လေးကတော့ Virus ထင်ပြီး  Antivirus က Alarm အချက်ပေးလာခဲ့ရင်
Virus မဟုတ်ပါဘူး Allow ပေးလိုက်ပါ  သေချာချင်ရင်တော့ Anti Virus ဆော့ဝဲကို
ခဏပိတ်ထားပါ ။ နောက်ထပ် ထူးခြားချက်ကတော့ Window 7 မှာ ဖြစ်တတ်ပါ၏
Save လုပ်လို့ မရတာမျိုး ပါ ။Save လုပ်ရင် Admin ကို ဆက်သွယ်ခိုင်းပြီ တခြားမှာ
Save ဖို့ ပြောလာခဲ့ရင် တစ်ခုခု ထပ်လုပ်ဖို့ လိုပါတယ် Control Pennel ထဲကနေပြီး
Action Center ကိုဝင်ပါ Change and User Account and Control Setting ကို နှိပ်
Never notify အထိ ဆွဲချ OK ပေးပြီးမှ အပေါ်က အဆင့်အတိုင်း ပြန်စလုပ်ကြည့်
ဖြစ်တတ်တာ နှစ်ခုက အဲ့ဒါပါပဲ။ Virus တားမယ် ။Save မရဖြစ်ရင် အခုလို လုပ်ပါ
ပိတ်ချင်တဲ့သူများ စမ်းပါ ကိုယ့်ကွန်ပျူတာမှာ မဖွင့်စေချင်တာကို စမ်းပါ ဒီနည်းကို
သိချင်တဲ့သူ  မေးတဲ့သူက  သူ့ ကွန်ပျုတာမှာ  အတူနေ သူငယ်ချင်းတွေကနေပြီး
Sexy Website ကြည့်လို့ ပါတဲ့ .။ ကဲ ဒီနည်းနဲ့ သာ ပိတ်ထား မပွင့်တော့ဘူး..........။
လာလည်တဲ့သူများ ပညာတိုးပြီး စာရေးသူအပေါ် ဆဲဆိုခြင်းမရှိကြပါစေနဲ့ ဘုရား။
အသေးစိတ် သိလိုပါက မူရင်းလင့်နှိပ်ပါ - http://www.prioarena.com/
အလုပ်များသူတွေအတွက် Desktop ပေါ်မှာ Note ထားနည်း
အထူးသတိပြုစရာတစ်ချက်ကတော့ Window default Font ကနေပြောင်း မရပါ
ဒီလင့်မှာ သွားပြီးဖတ်ကြည့်- http://.answers.microsoft.com မရဘူးပြောတယ်
Window 7 Forums မှာလည်း မရလို့ ပြဿနာ တက်နေသူတွေရဲ့ အကြောင်းကို
http://www.sevenforums.com မှာ ဖတ် လေ့လာနိုင်ပါတယ်။ မြန်မာတွေအဖို့ 
အဆင်ပြေဆုံးနည်းကတော့ Wordpad ကို သုံးပါ Window တိုင်းမှာ ပါလာတယ်
Notepad ကနေ ရေးရင်မရပါဘူး Wordpad ဖွင့်ပါ။ မြန်မာလိုရေးပီး ကော်ပီယူပါ
Desktop ပေါ်က Sticky Note ပေါ်ချလိုက် မြန်မာလို ပေါ်ပါလိမ့်မယ် ခင်ဗျာ....။
Wordpad ကိုလည်း အောက်ပါနည်းဖြင့် ရှာနိုင်ပါတယ် အတူတူပါပဲ...............။
Start => All Programs =>Accessorie မှာရှိတယ် ။Serch box မှာလည်း ရှိတယ်
ဒီနည်းကလည်း Window 7 မှာပါလာတဲ့ Sticky Notes စနစ်တစ်ခုပါ ။အလုပ်အရမ်း
များသူတွေအတွက် နေ့ စဉ်နဲ့ အမျှလုပ်စရာရှိတာတွေကိုမှတ်မိလွယ်အောင် အလွယ်
လုပ်ထားချင်တယ်ဆိုရင် မိမိကွန်ပျုတာ Desktop ပေါ်မှာမှတ်စုတို လေးတစ်ခုအဖြစ်
ရေးမှတ်ထားနိုင်ပါတယ် အလုပ်ကပြန်ခါနီး နောက်ရက် အလုပ်လာရင် အရေးတကြီး
လုပ်စရာရှိရင် ဒီနည်းလေးနဲ့ မှတ်ထား နောက်တစ်နေ့ ကွန်ပျုတာဖွင့်တာနဲ့ Desktop
ပေါ်မှာပေါ်နေမှာဖြစ်ပါတယ်။မန်နေဂျာ ကွန်ပျုတာမှာ ရေးထားတာတွေ့ လို့  သုံးချင်
တဲ့သူတွေ သုံးရအောင် မျှဝေလိုက်ပါတယ်(Window 7 သမားတွေအတွက်ပါ).....။
Start => All Programs =>Accessorie မှာရှိတယ် ။Serch box မှာလည်း ရှိတယ်
Virus ခဏပိတ်နည်း
Miscrosoft Security Essencial သုံးသူများအတွက် Virus ခဏပိတ်နည်း
ဒီနည်းလေးကို ရေးရတာကတော့  ဆော့ဝဲတွေ  အင်စတောလုပ်တဲ့အခါမှာ ပြဿနာ
ဖြစ်တတ်လို့ ပါ ။ ဒါကြောင့်  ဒီဆော့ဝဲကိုသုံးရင် ပိတ်တတ်ဖို့ သိရပါမယ် ။ ဘာလို့ လဲ
ဆိုရင် Internet Download Manager ဆော့ဝဲထည့်တဲ့အခါ Path  ဖိုင်ပါနေပါတယ်
နောက်တစ်ခု Flash Song လုပ်တဲ့ Swish max 4 ထည့်တဲ့အခါ မှာလည်းပါပါတယ်
Path ဖိုင်ကိုအသုံးပြုဖို့ အတွက်  Virus ဆော့ဝဲကို  ခဏပိတ်ရပါမယ် ။ မပိတ်ပေးရင်
Path ဖိုင်ကို Virus ထင်ပြီး Alarm မည်ပြီး ဖျက်ပစ်တတ်ပါတယ် ဒါဆိုရင် ဆော့ဝဲကို
အပြည့်သုံးဖို့ ပြုလုပ်ရခက်ပါတယ်။ နောက်တစ်ခု Window Genuine ဖြစ်တဲ့အခါမှာ
Active ဖြစ်ဖို့ ဆော့ဝဲထည့်ရင် ခဏပိတ်ထားရပါမယ် ။  ဒါကြောင့် ပိတ်နည်းလေးကို
ရေးတင်လိုက်ပါတယ် မပိတ်ပဲ လုပ်ရင်  ပြဿနာတွေတက်ပီး မရဘူး ပြောကြလို့ ပါ
ဒါကြောင့် Anti Virus ခဏပိတ်ထားပါဆိုရင် ဒီနည်းကိုပြေးသာမြင်လိုက်ပါ...........။
အကူညီတောင်းတဲ့အခါ( သို့ )ကွန်ပျုတာအတွက် တစ်ခုခုရှာတဲ့အခါ ဒီနည်းသုံး
ဒီနည်းက ဗဟုသုတရဖွယ်တွက်ပါ။ မေးထဲကို စက်အတွက် တစ်ခုခုရှာခိုင်းတဲ့စာတွေ
အကူညီတောင်းတဲ့စာတွေ ရောက်လာတဲ့အခါမှာ စဉ်းစားရခက်ဖူးပါတယ်။ ၀င်းဒိုးက
ဘာလဲ မန်မိုရီဘယ်လောက်ရှိသလဲ မော်ဒယ်ကဘာလဲ ဘာအမျိုးစားလဲ ဆိုတောကို
တင်ထားလည်းမသိဘူး ဘာဝင်းဒိုးလည်းမေးတော့ မိုက်ခရိုဆော့ ၂၀၁၀ တဲ့..သေပီ
တခြားဟာတွေဆက်မေးရင် ဝေးသွားပီ မိုင်တစ်ရာလောက် ဥပမာအနေနဲ့ ပြောရရင်
VGA Driver ရှာပေးပါဆိုရင် စက်မော်ဒယ် သိမှဖြစ်မယ် နောက်တစ်ခုကIntel လား
AMD လား  i3,i5 တွေလား သိဖို့ လိုသေးတယ် ။ စက်လေးနေတယ် သုံးရတာဆိုးပ
ပြောလာတဲ့သူတွေလည်း  စက်ရဲ့စနစ်ကို သိဖို့ လိုတယ် ။ ဒါမှ သူ့ စက်နဲ့ လိုက်ဖက်
အံဝင်တဲ့ နည်းလမ်းကို  ပြောပြလို့ ရမယ်။ RAM 1GB /Processor Pentium ဆိုရင်
RAM 2GB  နဲ့  Proessor i3 ထက်တော့ နှေးကွေးနိုင်ပါတယ် ။ သုံးတဲ့ဝင်းဒိုး တူရင်
RAM 1GB ဟာ ၀င်းဒိုး7 သုံးဖို့ မသင့်တော်တဲ့ အပိုင်းမှာပါပါတယ် ဘာလို့ လည်းဆို
Window 7 System Requirement မှာ RAM 2GB အထက်လို့  Miscrosofကြီးက
ပြောထားတဲ့အတွက် 1GB မှာသုံးရင်  မနိုင်တဲ့ဝန်ကို  ထမ်းရသလို စက်နှေးပါတယ်
မကြာခဏ ဟန်းဖြစ်မယ် ။အဲ့လိုအခါမှာ ထည့်ထားတဲ့ဆော့ဝဲကလည်း Photoshop
Autocad တွေဖြစ်ပြန် စနစ်တကျ ရှင်းလင်းဖျက်ထုတ်မှု မရှိပြန်ဆိုရင် မလွယ်ပါဘူး
တချို့ ဆော့ဝဲတွေမှာ System 32( x86 )  နဲ့  System 64 မသိရင် ထည့်လို့ မရပါ 
နောက်နားက Viber မရဘူးပြောတဲ့အခါ Viber ဟာ ၀င်းဒိုးတိုင်း စက်တိုင်းအတွက်
မရပါဘူး ဘယ်လိုပဲဖြစ်ဖြစ် ကွန်ပျုတာပြဿနာတစ်ခုခုကို  စဉ်းစားပေးရတဲ့အခါမှာ
စက်ရဲ့ စနစ်အပြည့်အစုံလိုအပ်ပါတယ် ဒီနည်းကလွယ်ကူပြီး ဗဟုသုတလည်းရမယ်
ဒါကြောင့် ကွန်ပျုတာသုံးသူတိုင်း ကိုယ့်စက်ရဲ့သတင်းအချက်လက် အသေးစိတ်ကို
ကြည့်ရှုတတ်စေဖို့ ရည်ရွယ်ပြီး မှတ်တမ်းတင်လိုက်ရပါကြောင်း......................။
Start = All Programs = Accessories = System Tools = System info: မှာ
ဘာပဲလိုချင်လိုချင် ရှာတဲ့နည်းလေး
အင်တာနက်သုံးနေသူတွေအားလုံး ဘာပဲလိုချင်လိုချင် ဒီနည်းလေးကိုသုံး
ဒီနည်းလေးကတော့ အင်တာနက်သုံးတဲ့သူ အတော်များများသုံးနေတဲ့ နည်းတစ်ခုပါ
ရှာတဲ့နည်းလေးကို အနည်းငယ်သိသလောက်ရေးပြပါမယ်..............................
စာအုပ် ရှာဖွေနည်း
စာအုပ်နာမည်ရေးရှာပါ ။ အဆင်မပြေရင် စာရေးသူနာမည်နဲ့ လိုက်ရှာပါ
သီချင်းရှာဖွေနည်း
သီချင်းနာမည်ရေးရှာပါ ။ အဆင်မပြေရင် အဆိုတော်နာမည်နဲ့ ရှာပါ ။ နောက်ထပ်
သေချာအောင် စီးရီးနာမည်တွေနဲ့ ဆက်လက်ရှာဖွေကြည့်ပါ..........................။
ဇာတ်လမ်းရှာဖွေနည်း
ဇာတ်လမ်းနာမည်နဲ့ ရေးပြီးရှာပါ ။ မင်းသားမင်းသမီးနာမည်နဲ့ ရေးပြီးရှာပါ
ဆော့ဝဲရှာနည်း
လိုချင်တဲ့ဆော့ဝဲနာမည်ကို အင်္ဂလိပ်လိုရေးပါ ။ ဥပမာရေးပြပါမယ်
Internet Download Manager with path
Internet Download Manager with Crack
Internet Download Manager with Serieal Key
Internet Download Manager with Key gen
ဘာလို့  Path , Crack , Serieal Key , Key gen တွေထည့်ရလည်းဆိုရင်
Full Version ဖြစ်အောင်လို့ ပါ ။ ဒါမှအပြည့်အ၀ သုံးလို့ ရမှာ မဟုတ်ရင်
သူ့ ဆော့ဝဲပေါ်မူတည်ပြီး ရက်ကွာခြားပါလိမ့်မယ်..........................။
ကွန်ပျုတာ ပြဿနာတက်လာလျှင် ဖြေရှင်းနည်းရှာရန်
ရှာရမယ့်နည်းကတော့ သိပ်မများပါဘူး ။ အကောင်းဆုံးကတော့ အင်္ဂလိပ်လိုရေးပါ
ဒီနေရာမှာ အင်္ဂလိပ်လို တအားသိစရာ မလိုပါဘူး ။ကိုယ်ဖြစ်တဲ့ပြဿနာကို သိဖို့ ပါ
ကွန်ပျုတာမှာ ပြဿနာတက်လျှင် Error Message , Error number တွေပါတယ်
အဲ့တာလေးတွေ သေချာမှတ်ထားဖို့ ပါ ရေးပုံရေးနည်းကတော့..
How to solve........................( နောက်က Error Message စာကိုထည့်ပါ)
How to fix............................( နောက်က Error Number ရိုက် ကိုထည့်ပါ )
အဆင်လည်းပြေသလို သဘာဝလည်းကျပါတယ် ။  ဘယ်လိုနည်းပညာရှင်တွေမဆို
ဒီနည်းလမ်းကို တစ်နည်းမဟုတ် တစ်နည်းသုံးကြပါလိမ့်မယ် ဆော့ဝဲအတော်များများ
နိုင်ငံခြားကရေးပြီး သုံးနေတဲ့ဆော့ဝဲအကြီးတွေ ရယူဖို့ နိုင်ငံခြားပညာရှင်ဆိုဒ်တွေကို
လေ့လာကြရတာပါ ။ ကျနော်ကိုယ်တိုင်ထုတ်တဲ့ဆော့ဝဲ  ဘာတစ်ခုမှ မရှိသေးပါဘူး
ဆော့ဝဲကောင်းကောင်းရဖို့  နိုင်ငံခြားဆိုဒ်တွေ  လေ့လာဖို့ လိုပါတယ် ။လိုချင်တဲ့ဟာ
ယူတာ  အင်္ဂလိပ်စာတတ်ဖို့ မလိုပါဘူး ။  ဆော့ဝဲရလာပြီဆိုရင် ကိုယ်တိုင်သုံးကြည့်
စမ်းသပ်ကြည့် အဆင်ပြေတယ်ဆို ပြန်တင်ပေးတာပါ။ အခုနောက်ပိုင်း သိပ်ပြီးမယူ
မသုံးဖြစ်တော့ပါဘူး အချိန်မရတာနဲ့ အတိုအထွာလောက်ပဲ ရေးတင်ဖြစ်တော့တယ်
အဲ့ကြောင့် လိုချင်တဲ့ဆော့ဝဲ  လိုချင်တဲ့အရာမှန်သမျှ  ဒီနည်းလမ်းကိုသုံးကြည့်နိုင်ဖို့ 
အကြံပြု ရေးသားတင်ပြ မျှဝေလိုက်ပါကြောင်း............................................။
Computerမှာသိသင့်သောပညာများ
မသိရင်ခက်တယ် သိတော့လည်း လွယ်တယ် ဒါပေမယ့် သိထားသင့်တဲ့ပညာ
ဒီနည်းလေးက ကွန်ပျုတာ အခြေခံသမားတွေအတွက် သိထားသင့်တဲ့ ပညာလေးပါ
ဒီထဲမှာ လေ့လာရမှာ အချက်သုံးချက်ရှိပါတယ် ။တစ်ခုချင်းစီကို အသေးစိတ် ကလိ
အခုဖြစ်တာက Start  ကိုနှိပ်တာနဲ့  အရင်ကလို ဘာမှမပေါ်တော့တာကို ပြန်ပေါ်ဖို့ 
လုပ်တဲ့နည်းပါ ပုံမှာ ပြထားသလို အမှန်ချစ်လိုက်တာနဲ့ ပြဿနာက အဆင်ပြေပါပြီ
Start ( Window logo ) ပေါ်မှာ Right Click ထောက်ပါ
လွယ်လည်းလွယ် ကောင်းလည်းကောင်းတဲ့ ဓာတ်ပုံ ပြုပြင် ဖြတ်တောက်နည်း
ဓာတ်ပုံပြင်တာ ၀ါသနာပါသူများနဲ့ အခြေခံဘလော့ဂါတွေအတွက် အသုံးဝင်နိုင်တဲ့
နည်းလေးတစ်ခုကတော့Miscrosoft Office Picture Managerပါ စက်တိုင်းမှာလဲ
ရှိတတ်တယ် ။အရင်ပိုစ်မှာ ပြောဖူးသလို Miscrosoft Excel နဲ့ Miscrosoft Word
ရှိတဲ့ စက်တိုင်းမှာ များသောအားဖြင့် ပါလာတတ်ပါတယ်။အင်စတောလုပ်စဉ်အခါ
ဖြုတ်မထားခဲ့ဘူးဆို ပါလာပါလိမ့်မယ်။ပုံတစ်ပုံကို ပြုပြင်ဖို့ အတွက် ပြင်ချင်တဲ့ပုံကို
Right Click ထောက်  Open with  ကနေ Ms Office Picture Managerကိုယူပါ
ပြီးရင် အပေါ်က Tool bar မှာ Edit Picture ကိုနှိပ်ပြီး  ဖလမ်းဖလမ်း လုပ်လို့ ရပြီ
အသုံးဝင်တဲ့နည်းလမ်း - ၁
ပုံကို ဘယ်ညာပြောင်းလို့ ရပါတယ် လူနှစ်ယောက်ရိုက်ထားတဲ့ပုံဆိုင် ဟိုဘက်ကလူ
ဒီဘက်ရောက်လာပြီး ဒီဘက်ကလူက ဟိုဘက်ကို ရောက်သွားတယ် အခုပြထားတဲ့
မင်းသမီးပုံလိုပဲ  ပထမပုံမှာ ငှက်ပျော်သီးကို  ညာလက်ကကိုင်ပီး လက်ပတ်နာရီကို
ဘယ်လက်မှာ ပတ်ထားတယ် အဲ့တာကို ပုံထဲကအတိုင်း ပြောင်းလို့ ရတယ် .......။
အသုံးဝင်တဲ့နည်းလမ်း - ၂ 
နောက်တစ်ခုကတော့ ကာလာပြောင်းတာ မီးအလင်းအမှောင်ချိန်တာ ရုပ်မှုံတာကို
ကြည်အောင် ပြင်ပေးတဲ့နည်းပါ ပုံမှာပြထားတဲ့ သရဲနီ သရဲဝါလို နောက်ထပ်ကလိ
သရဲဖြူ သရဲစိမ်း ထပ်ပီးလုပ်လို့ ရပါတယ် စိတ်ကူးရသလို စမ်းသပ်သုံးကြည့်ပါ...။
အသုံးဝင်တဲ့နည်းလမ်း - ၃
နောက်တစ်နည်းက ပုံတွေကို ဖြတ်တဲ့နည်းပါ ပုံမှာ သုံးယောက်ဆိုရင် ဘေးကပုံကို
ဖြတ်လိုက်လို့ ရတယ် ။ဘလော့ဂါတွေအနေနဲ့ လည်း ပုံတွေရိုက်ပြီး လိုတဲ့နေရာကို
စိတ်ကြိုက်ဖြတ်နိုင်တယ် ။လွယ်လည်းလွယ်သလို ပေါ့ပါးတဲ့နည်းပါ တခြားနည်းလဲ
ရှိပါသေးတယ် သို့ သော်လည်း ဒါက အဆင်ပြေဆုံး အလွယ်ဆုံးနည်းလမ်းပါ .....။
အသုံးဝင်တဲ့နည်းလမ်း - ၎
နောက်တစ်နည်းကတော့ ပုံကို ဆိုဒ်ပြင်တာပါ ဘလော့အတွက် ခေါင်းစီးပုံကို ပြင်ဖို့ 
ဒီနည်းသုံးလို့ လည်းရပါတယ်  ။ ကျနော်တန်းပလိပ်အကျယ်က  တစ်ထောင်ဆိုရင်
ပုံအကျယ်က  တစ်ထောင်ဖြစ်ရပါမယ်။ ၁၂၀၀ ဖြစ်နေရင်  တန်းပလိပ်နဲ့ ထည့်တဲ့ပုံ
မညီပဲ ဖြစ်နေတတ်ပါတယ် ။ သို့ မဟုတ် ပုံက သေးနေပြန်ရင်လည်း  အပေါ်ကပုံနဲ့ 
အောက်က ဘလော့တန်းပလိပ်အကျယ် မညီရင် ကြည့်မလှပါဘူး အဲ့လိုအခါမျိုးမှာ
ပုံရဲ့အရှည်နဲ့ အမြင့်ကို ဒီနည်းနဲ့ သုံးနိုင်ပါတယ် နောက်ထပ်အများကြီး ရှိသေးတယ်
အသုံးဝင်ဆုံး ၄ မျိုးထုတ်ပြတာပါ အဆင်ပြေသလို ဆက်လေ့လာကြည့်ပါ..........။
Properties ကိုနှိပ် ပြီး အပေါ်က ၃ခုကို ကလိကြည့်ပါ
Monday, June 24, 2013
Camera software tech
Android ဖုန်းအတွက် ဓာတ်ပုံရိုက်ပီး အမှတ်တရ စာရေးလို့ ရတဲ့ ကင်မရာ
Download - Note Camera For Android Phone
Android ဖုန်းအတွက် ပန်းချီ ဒိဇိုင်းနဲ့ ရိုက်ဖို့ ပန်းချီကင်မရာဆော့ဝဲ
Download - Penci Camera for Android
Android ဖုန်းမှာ တိကျပြတ်သားတဲ့ ပုံကောင်းတွေရိုက်ဖို့ ကင်မရာဆော့ဝဲ
Download- Sensor Camera for Android
Android ဖုန်းအတွက် ပန်းချီဒီဇိုင်းရိုက်ဖို့ အတွက် Paper Camera
Download - Paper Camera apk for Android
Android ဖုန်းကနေ ပုံလှလှလေးတွေ ရိုက်ဖို့  Angel Camera
အပြင်မှာ မချောလည်း ဒါနဲ့ ရိုက် ချောသွားပါလိမ့်မယ် ဘာမှလည်းပြင်စရာမလိုဘူး
သဘာဝ ပုံတော့ ဘယ်ဟုတ်မလဲ ဒါပေမယ့် လှပတဲ့ ပုံချောချော ထွက်လာဖို့ ဆိုရင်
မရိုက်ခင်မှာ အလင်းအမှောင် ကာလာ အဖြူအမည်း တခါထဲ ပြင်ပေးလို့ ရပါတယ်
Timer နဲ့ ရိုက်ချင်သူများလည်း ကိုယ်တိုင် အော်တိုရိုက် ထားလို့ ရတယ် နောက်ပီး
တစ်ချက်ရိုက်ရင် အော်တို  သုံးပုံထွက်တာမို့   စတိုင်အမျိုးမျိုးနဲ့  သရုပ်ဆောင်ချင်
ပဲများချင်သူအတွက် ကိုက်ပါတယ် / အခန်းထဲ ကင်မရာထောင်ထား အော်တိုရိုက်
ဖုန်းမှာပါလာတာက ရိုးရိုးကင်မရာ / ၊ ဒါမျိုးထည့်ပီးသာရိုက်...ချောပါလိမ့်မယ်..)
Download - Angel Camera for Android
Android Phone ကနေ 3D ဓာတ်ပုံရိုက်ဖို့ ဆော့ဝဲ Camera 3D
Download - Android phone Camera 3D
ဖုန်းနဲ့ ရိုက်သော ပုံတွေကို ကာလာအမျိုးမျိုးနဲ့ ပြောင်းနိုင်တဲ့ Camera 360
ဖုန်းကနေ ဖေ့ဘွတ်တင်ဖို့  အလှပုံရိုက်ရင် ဒီဟာနဲ့ ရိုက်ပါ ။ သုံးတဲ့သူလည်းများတယ်
ဘာလို့ လည်းဆိုရင် ဒီဟာနဲ့ ရိုက်ရင်  အလင်းအမှောင် ကာလာ ဘာညာ ပြင်ပြီးသား
မိတ်ကပ်မလိမ်း သနပ်းခါးမလူးပဲ မျက်နှာနဲ့  ဓာတ်ပုံရဲ့အလင်းကို ချိန်ပေးပီးသားမလို့ 
မလှသူလည်းလှတယ် လှသူလည်း ပိုလှတယ် ။သာမာန် ဖုန်းကပါပြီးသား ကင်မရာနဲ့ 
ရိုက်ရင်  သဘာဝအရောင်  အတိုင်းထွက်တော့   မျက်နှာပြောင်၊  အဆီပြန်တာတွေ
အလင်းအမှောင် မညီတာ ဖြစ်တတ်တယ် ။ အဲ့တော့ လှချင်သူများ ဒါနဲ့ ရိုက်ကြပါဗျိုး
အတော်လေး သုံးနေကြပါတယ် မသုံးရသေးသူများ အောက်ကလင့်မှာယူနိုင်ပါတယ်
Download - Camera 360 for Android Phone