Wednesday, June 26, 2013
Virus ခဏပိတ်နည်း
Miscrosoft Security Essencial သုံးသူများအတွက် Virus ခဏပိတ်နည်း
ဒီနည်းလေးကို ရေးရတာကတော့  ဆော့ဝဲတွေ  အင်စတောလုပ်တဲ့အခါမှာ ပြဿနာ
ဖြစ်တတ်လို့ ပါ ။ ဒါကြောင့်  ဒီဆော့ဝဲကိုသုံးရင် ပိတ်တတ်ဖို့ သိရပါမယ် ။ ဘာလို့ လဲ
ဆိုရင် Internet Download Manager ဆော့ဝဲထည့်တဲ့အခါ Path  ဖိုင်ပါနေပါတယ်
နောက်တစ်ခု Flash Song လုပ်တဲ့ Swish max 4 ထည့်တဲ့အခါ မှာလည်းပါပါတယ်
Path ဖိုင်ကိုအသုံးပြုဖို့ အတွက်  Virus ဆော့ဝဲကို  ခဏပိတ်ရပါမယ် ။ မပိတ်ပေးရင်
Path ဖိုင်ကို Virus ထင်ပြီး Alarm မည်ပြီး ဖျက်ပစ်တတ်ပါတယ် ဒါဆိုရင် ဆော့ဝဲကို
အပြည့်သုံးဖို့ ပြုလုပ်ရခက်ပါတယ်။ နောက်တစ်ခု Window Genuine ဖြစ်တဲ့အခါမှာ
Active ဖြစ်ဖို့ ဆော့ဝဲထည့်ရင် ခဏပိတ်ထားရပါမယ် ။  ဒါကြောင့် ပိတ်နည်းလေးကို
ရေးတင်လိုက်ပါတယ် မပိတ်ပဲ လုပ်ရင်  ပြဿနာတွေတက်ပီး မရဘူး ပြောကြလို့ ပါ
ဒါကြောင့် Anti Virus ခဏပိတ်ထားပါဆိုရင် ဒီနည်းကိုပြေးသာမြင်လိုက်ပါ...........။
အကူညီတောင်းတဲ့အခါ( သို့ )ကွန်ပျုတာအတွက် တစ်ခုခုရှာတဲ့အခါ ဒီနည်းသုံး
ဒီနည်းက ဗဟုသုတရဖွယ်တွက်ပါ။ မေးထဲကို စက်အတွက် တစ်ခုခုရှာခိုင်းတဲ့စာတွေ
အကူညီတောင်းတဲ့စာတွေ ရောက်လာတဲ့အခါမှာ စဉ်းစားရခက်ဖူးပါတယ်။ ၀င်းဒိုးက
ဘာလဲ မန်မိုရီဘယ်လောက်ရှိသလဲ မော်ဒယ်ကဘာလဲ ဘာအမျိုးစားလဲ ဆိုတောကို
တင်ထားလည်းမသိဘူး ဘာဝင်းဒိုးလည်းမေးတော့ မိုက်ခရိုဆော့ ၂၀၁၀ တဲ့..သေပီ
တခြားဟာတွေဆက်မေးရင် ဝေးသွားပီ မိုင်တစ်ရာလောက် ဥပမာအနေနဲ့ ပြောရရင်
VGA Driver ရှာပေးပါဆိုရင် စက်မော်ဒယ် သိမှဖြစ်မယ် နောက်တစ်ခုကIntel လား
AMD လား  i3,i5 တွေလား သိဖို့ လိုသေးတယ် ။ စက်လေးနေတယ် သုံးရတာဆိုးပ
ပြောလာတဲ့သူတွေလည်း  စက်ရဲ့စနစ်ကို သိဖို့ လိုတယ် ။ ဒါမှ သူ့ စက်နဲ့ လိုက်ဖက်
အံဝင်တဲ့ နည်းလမ်းကို  ပြောပြလို့ ရမယ်။ RAM 1GB /Processor Pentium ဆိုရင်
RAM 2GB  နဲ့  Proessor i3 ထက်တော့ နှေးကွေးနိုင်ပါတယ် ။ သုံးတဲ့ဝင်းဒိုး တူရင်
RAM 1GB ဟာ ၀င်းဒိုး7 သုံးဖို့ မသင့်တော်တဲ့ အပိုင်းမှာပါပါတယ် ဘာလို့ လည်းဆို
Window 7 System Requirement မှာ RAM 2GB အထက်လို့  Miscrosofကြီးက
ပြောထားတဲ့အတွက် 1GB မှာသုံးရင်  မနိုင်တဲ့ဝန်ကို  ထမ်းရသလို စက်နှေးပါတယ်
မကြာခဏ ဟန်းဖြစ်မယ် ။အဲ့လိုအခါမှာ ထည့်ထားတဲ့ဆော့ဝဲကလည်း Photoshop
Autocad တွေဖြစ်ပြန် စနစ်တကျ ရှင်းလင်းဖျက်ထုတ်မှု မရှိပြန်ဆိုရင် မလွယ်ပါဘူး
တချို့ ဆော့ဝဲတွေမှာ System 32( x86 )  နဲ့  System 64 မသိရင် ထည့်လို့ မရပါ 
နောက်နားက Viber မရဘူးပြောတဲ့အခါ Viber ဟာ ၀င်းဒိုးတိုင်း စက်တိုင်းအတွက်
မရပါဘူး ဘယ်လိုပဲဖြစ်ဖြစ် ကွန်ပျုတာပြဿနာတစ်ခုခုကို  စဉ်းစားပေးရတဲ့အခါမှာ
စက်ရဲ့ စနစ်အပြည့်အစုံလိုအပ်ပါတယ် ဒီနည်းကလွယ်ကူပြီး ဗဟုသုတလည်းရမယ်
ဒါကြောင့် ကွန်ပျုတာသုံးသူတိုင်း ကိုယ့်စက်ရဲ့သတင်းအချက်လက် အသေးစိတ်ကို
ကြည့်ရှုတတ်စေဖို့ ရည်ရွယ်ပြီး မှတ်တမ်းတင်လိုက်ရပါကြောင်း......................။
Start = All Programs = Accessories = System Tools = System info: မှာ
No comments:
Post a Comment