Wednesday, April 29, 2015

နှုတ်ခမ်းအသားပပ်ခြင်းအတွက် ရိုးရှင်း လွယ်ကူသော အိမ်တွင်း ကုထုံးလေးများ

ရာသီဥတု ပူလွန်း၊ အေးလွန်းတဲ့အခါ ခန္ဓာကိုယ်တွင်း အပူဓာတ်များသူတွေမှာ သိသိသာသာ နှုတ်ခမ်းအသားပပ်လေ့ရှိပါတယ်။ နှုတ် ခမ်းဆိုးဆေး ဓာတ်မတည့်ခြင်းကြောင့်လည်း နှုတ်ခမ်းအသားပပ်တဲ့ဝေဒနာမျိုး ခံစားရနိုင်ပါတယ်။ ဘယ်လိုနည်းကြောင့်ပဲဖြစ်ဖြစ် အသားပပ်တဲ့အခါ နာကျင်ခံစားရုံမျှမက အလှပျက်၍ ဆွဲဆောင်မှုမရှိနိုင်တော့ပါဘူး။

သို့သော်စိတ်မပူပါနှင့်။ အောက်ပါရိုးရှင်းလွယ်ကူတဲ့အိမ်တွင်းကုထုံးလေးများက နှုတ်ခမ်းနှစ်လွှာကို ပကတိအတိုင်း စိုအိချော မွေ့စေနိုင်မှာ ဖြစ်ပါသည်။

(၁) ရေပိုသောက်ပါ။(လက်ရှိသောက်နေကျ ရေပမာဏထက် နှစ်ဆတိုး၍သောက်ပါ။ ရေခဲရေ မသောက်ရ။)

(၂) ခရမ်းချဉ်သီး၊ မုန်လာဥနီ၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်တို့ကို များများစားပေးပါ။

(၃) ဗီတာမင်အားဆေးများဖြစ်ကြတဲ့ ဗီတာမင်B2၊ ဗီတာမင်C၊ ဗီတာမင် E၊ ငါးကြီးဆီ ဆေးလုံးများမှီဝဲပါ။

(၄) သခွားသီးပါးပါးလှီး၍ ကပ်ပေးပါ။

(၅) ကော်ဖီ၊ လက်ဖက်ရည်၊ ရေနွေး၊ ဟင်းရည်၊ စွပ်ပြုတ်တို့ကို အအေးခံ ၍ သောက်ပါ။ (အကယ်၍ ထိုအရည်ပူပူများကို စတီးလ်ခွက်၊ ဒန်ခွက်၊ စတီးလ် ဇွန်း တို့ဖြင့် နှုတ်ခမ်းတေ့၍ သောက်မိတဲ့အခါ ဝေဒနာများ ပိုမို ဆိုးရွား လာစေပါလိမ့်မယ်။)

(၆) အသားလှဆီ(သို့မဟုတ်)သကြားရည်(သို့မဟုတ်) နှင်းဆီရည် လိမ်းနိုင်ပါတယ်။ နှင်းဆီရည်(ခေါ်)rose water ကို အလှကုန် ပစ္စည်းအရောင်းဆိုင်တွေမှာ ဝယ်ယူရရှိနိုင်ပါတယ်။)

(၇) အုန်းဆီ (သို့မဟုတ်) သံလွင်ဆီ (သို့မဟုတ်) ကြက်ဆူဆီ (သို့မဟုတ်) မုန်ညင်းဆီ လိမ်းပေးပါ။

(၈) ဗီတာမင်အီး အဆီဆေးလုံး ဖောက်၍လိမ်းပါ။ (ထိုဆေးလုံးလေးတွေကို အလှကုန်ပစ္စည်းအရောင်းဆိုင်တွေမှာ ဝယ်ယူရရှိနိုင် ပါတယ်။)

(၉) ပျားရည် (သို့မဟုတ်) ရှားစောင်းလက်ပပ် ဂျယ်လီအနှစ်လိမ်းပါ။

(၁ဝ) နွားနို့ကရင်မင် လိမ်းပေးပါ။

(၁၁) နေမထိပါစေနှင့်။

(၁၂) လေစိမ်းတိုက်မခံပါနှင့်။

(၁၃) မကြာခဏ တံတွေးဆွတ်ခြင်း ကလည်း နှုတ်ခမ်း သားခြောက်သွေ့ခြင်းကို ပိုမိုဆိုးရွားလာစေနိုင်ပါတယ်။

(၁၄) နှုတ်ခမ်းအသားပပ် ကွဲအက်နေစဉ်မှာ ဖြစ်နိုင်ရင် နှုတ်ခမ်းဆိုးဆေး လုံးဝမသုံးသင့်ပါဘူး။ (သက်တမ်းကြာ ဆိုးဆေးများနှင့် ကာဗွန်
ဓာတ်ပါဝင်မှုများသော ဆိုးဆေးအရောင်ရင့်ရင့်တွေက ဝေဒနာကို ပိုမိုဆိုးရွားလာစေနိုင်လို့  အထူးသတိပြုပါ။)

(၁၅) ဝေဒနာမပျောက်ခင်မှာ မဖြစ်မနေ နှုတ်ခမ်းဆိုးဆေးသုံးချင်ပါက အရောင်မပါတဲ့ နှုတ်ခမ်းဆိုးဆေးအဆီကိုသာ ရွေးချယ်ပေးပါ။

(၁၆) နှုတ်ခမ်းသား အဖတ်လန်နေတာတွေကို လက်ဖြင့်ဆွဲဖဲ့ခြင်း၊ သွားနှင့်ကိုက်ခြင်း မျိုးတွေ မလုပ်ပါနှင့်။ ပို၍အဖတ်လန်လာနိုင်
တဲ့အပြင် အသားစစိုက်ပြီး သွေးထွက်တတ်ပါတယ်။

(၁၇)အရေပြားဆဲလ်တွေသေခြင်းကြောင့် နှုတ်ခမ်းသားတွေအဖတ်လန်လာရပါတယ်။ နောက်ထပ်ဆဲလ်တွေ မသေနိုင်အောင်ကြိုတင် ကာကွယ် သည့် အနေဖြင့် သွားတိုက်တံသုံး၍ နှုတ်ခမ်းပေါ် ခပ်ဖွဖွလေးပွတ်တိုက် ပေးပါ။

အလှ အပမြတ်နိုးသူတိုင်း လှသထက်ပို၍ လှနိုင်ကြပါစေရှင်

တွဲဖက်၍ မစားသင့်သော အစားအစာများ


တွဲဖက်၍ မစားသင့်သော အစားအစာများကို တင်ပေးဖို့ တောင်းဆိုလာကြတဲ့ မိဘပြည်သူများအတွက် ကျန်းမာရေးသတင်းများမှ ရှာဖွေ၍ ပြန်လည်မျှဝေပေးလိုက်ပါတယ်။
အင်တာနက်စာမျက်နှာများမှာ ဟိုနေရာ ဒီနေရာတွေမှာ မကြာခဏတွေ့ ရတတ်ပြီး အချို့ က Credit မပေးပဲ တင်ထားကြသည့်အတွက် မူရင်းရေးသူ ဘယ်သူဆိုတာ မသိနိုင်တော့ပါ။ မူရင်းရေးသူကို သိပါက ညွန်ပေးနိုင်ကြပါတယ်။
(က)
ကကတစ် နှင့် ကြာဟင်း
ကုန်းကျေး နှင့် ပုစွန်
ကန့်ချုပ်နီ နှင့် သေရည်သေရက်အမျိုးမျိုး
ကျွဲခေါင်းသီး နှင့် အချဉ်အမျိုးမျိုး(သံပုရာသီး)
ကျွဲခေါင်းသီးနှင့် လက်ဖက်
ကြေးခွက် နှင့် အချဉ်အမျိုးမျိုး
ကုန်းငှက်သား နှင့် ကြက်ဆူဆီ
ကန်စွန်းမြစ် နှင့် နှမ်းမှုန့် 
ကြာစွယ် နှင့် ဝက်သား
ကြက်ဆူဆီ နှင့် ခါသား
ကြက်ဆူသီး နှင့် ငှက်သား
ကောက်ညှင်း နှင့် ရေငန်သီး
ကတိုး နှင့် သရက်သီး
ကြံတင်လဲ နှင့် နှမ်းမှုန့် ဆုပ်
ကင်းပုံရွက်/သီး နှင့် နှမ်းဆီ
ကင်းပိတ်ရွက် နှင့် နှမ်းဖတ်ချဉ်နှမ်းဆီ
ကြာပဒုမ္မာစေ့ နှင့် ငှက်တော်သား
ကျောက်ဖရုံ နှင့် အိုးမဲ
ကြောင်လျှာသီး နှင့် ငါးသေတ္တာ
ကြောင်လျှာသီး နှင့် ကြက်သား
ကျေးသား နှင့်ဘူးသီး
ကျွဲသား နှင့် ကြာစွယ်ကြာဥ
ကြက်သွန်ဖြူ နှင့် နို့ ရည်
ကြံ့သား နှင့် ငါးခူ ငါးဒန်
ကြက်သား နှင့် အင်ဖူး
ကြက်ဟင်းခါးသီး နှင့် မှို
ကြက်ဟင်းခါးသီး နှင့် ကြက်သား
ကိုင်းဥ နှင့် ပုဇွန်ချဉ်
ကြက်ဥ နှင့် ခံသီးး
ကြက်ဥ နှင့် တမာရွက် တမာဖူး
(ခ)
ချင်း နှင့် သဘောင်္သီး သဘောင်္ပွင့် 
ချောကလက် နှင့် စောင်းလျား ချောကလက် နှင့် ပဲမြစ်
ချိုချဉ် နှင့် ပဲငါးပိ
ချဉ်ဆီ နှင့် ထောပတ်
ခရမ်းပိမ့် သီး နှင့် နို့ ရည်
ခရု နှင့် အမဲသား
ခိုသား နှင့် ချင်းစိမ်း
ခိုသားနှင့် ခြေလေးချောင်းသား
ခိုသား နှင့် မုန်ညင်းဆီ
ခံသီးနှင့် ငရုတ်ကောင်း
ခံသီးနှင့် နို့ ရည်
ချီးသီး နှင့် နို့ ရည်
ခံသီးနှင့် ပီလောပီနံဥ
ချိုချဉ်သကြားလုံး နှင့် စိမ်းစားဥ
ခါးနာပျောက်ဆေး ဖီနိုင်ဗျူတာဇုန် ကိုအစာခံမရှိဘဲ မသောက်ရ၊

ဂွေးရွက် နှင် နို့ ရည်
ဂွေးသီး နှုင့် အာတာလွတ်ဥ
ဂွေးသီးနှင့် နို့ အေးချောင်း
ဂွေးသီးနှင့်ပီလောပီနံဥ
ဂျယ်လီ နှင့် ကော်ဖီ

ငရုပ်ကောင်း နှင့် ခံသီး
ငွေ နှင့် ရှိန်းခို
ငါးချက်သောအိုး နှင့် ပိတ်ချင်းရွက်
ငါးဆီ နှင့် ပိတ်ချင်းရွက်
ငှက်ပျောသီး နှင် မှို
ငါးရံ့ သား နှင့် ပွေးသား
ငုံးသား နှင့် စောင်းလျား
ငုံးသား နင့် ခိုသား
ငှက် သား နှင့် ကြက်ဆူဆီ
ငါးပူတင်းဥများ
ငှက်ပျောသီး စားပြီရေအေးသောက်ခြင်း

စတော်ဘယ်ရီ နှင့် သီးသီး
စားတော်ပဲ နှင့် သီးသီး
စိန် နှင့် သံပုရာသီး
စိမ်းစားဥ နှင့် ချောကလက်
စိမ်းစားဥ နှင့်  ရေခဲချောင်း
စပါးကြီးမြွေသား နှင့် ကြောင်လျှာသီး
စောင်းလျားသီး နှင့် ခိုသား
စောင်းလျားသီး နှင့် ရှောက်သီး

ဆေးခြောက် နင့် နနွင်းရည်
ဆီ နှင့် ဆီခဲစပ်တူ
ဆင်သမနွယ်ရွက် နှင့်  နို့ ရည်
ဆောင်မေခါးရွက် နှင့် နို့ ရည်
ဆိတ်ဖူး နှင့် ငှက်ပျောဖူး
ဆိတ်သား နှင့်  ကျွဲသား
ဆတ်သားနှင့်  ဆူးပန်းရွက်
ဆတ်သား နှင့် နို့ ရည်
ဆိတ်နို့ နှင့် ဆူးပန်းရွက်
ဆပ်ပြာ နှင့် အုန်းရည်
ဆပ်ပြာနှင့် အချဉ်မျိုး
ဆိတ်နို့ ဆိတ်သား နှင့် ငါးကြီးဆီ

ဇောင်းလျားသီး နှင့် ပီလောပီနံဥ
ဇာဒင်း(Zadine) နှင့် အရက်

ဥာဏ်ရွက် နှင့် သေရက် အမျိုးမျိုး

တလည်းသီး နှင့် နို့ ရည်
တလည်းသီးနှင့် ပဲကြီး
တောပဲရိုင်း နှင့် နို့ 
တောင်ပိန္နဲ သီး နှင့် နို့ ရည်
တေဇောဘမ်းနှင့် ခါချဉ်ကောင်ကိုက်သည်ကိုမလိမ်းရ၊

ထနောင်းရွက် နှင့်  မန်ကျည်းသီးမှည့် 
ထုံး နှင့် မြင်းသား
ထန်းလျက် နှင့် နလင်ကျော်
ထန်းလျက် နှင့်  သပြေသီး
ထန်းရည်ချို နှင့်  ၀က်သား
ထန်းသီး နှင့် နို့ မျိုး ချဉ်
ထန်းလျက် နှင့် သပြေသီး
ထောပတ်နှင့်  ကြေးခွက်
ထောပတ် နှင့် ဆီခဲအမျိုးမျိုး
ထုံးရေတို့ တွင် ဖြစ်သောငါး လိပ်အစရှိသည် နှင့် နို့ရည်
ထန်းရည်ကိုငှက် ပျောသီး စားပြီး သောက်ခြင်း
ထန်းသီးကိုငှက်ပျော သီးစားပြီး စားခြင်း

ဒန့် သလွန်ရွက် နှင့် နို့ ရည်
ဒန့် သလွန်သီး နှင့် ကလောဥ
ဒိန်ချဉ် နှင့် ထန်းသီးမု န့် 
ဒုတ္တာ နှင့် အချဉ် မျိုး ၂
ဒူးရင်းသီး နှင့်ရှိန်းခို့ 
ဒေါင်းသား နှင့်နို့ ချဉ်
ဒေါင်းသား နှင့် ပီလောပီနံ

နလင်ကြော် နှင့် ထန်းလျက်
နလင်ကြော် နှင့် အချဉ်
နို့ ခဲပျက် နှင့်ပဲဒလက်
နို့ မျိုး နှင့် ဆား
နို့ မျိုး ချဉ် နှင့် ပီလောပီနံဥ
နို့ စိမ်း နှင့် အချဉ်မျိုး
နို့ ရည် နင့်စောင်းလျားသီး
နို့ ရည် နှင့်ကုလားပဲ
နို့အေးချောင်း နှင့် သခွားသီး
နို့ အေးချောင်း နှင့် ဘူးသီး
နှမ်းမှုန့် ဆုပ် နှင့် တလည်းသီး

ပတဲကော နှင့် သံပုရာသီး
ပဒုမ္မာကြာရွက်နု နှင့် ပျားရည်
ပဲကြီး နှင့် မုန် လာ
ပဲဒလက်စေ့ နှင့်  ဆူးပန်း
ပဲလင်းမြွေသီး နှင့် လင်းမြွေသား
ပဲဒလက်စေ့ နင့် ဆိတ်သား
ပဲစိမ်းစားဥ နှင့် ချိုချဉ်အမျိုးမျိုး
ပိန္နဲသီးနှင့်ပျားရည်
ပီလောပီနံ နှင့် ပျားရည်
ပီလောပီနံ နှင့် ပေအူ
ပေရည် နှင့်  ငှက်သား
ပျားရည် နှင့် သင်္ကန်းဖွယ် ငှက်သား
ပျားရည် နှင့် မိုးရည်
ပျားရည် နှင့် ကင်းပိတ်ရွက်
ပျားရည် နှင့် ရှားစောင်း
ပျားရည် နှင့် ပိတ်ချင်းရွက်
ပုန်းရည် နှင့် ဗျိုင်းအောက်သား
ပြောင်းသား နှင့်နို့ ရည်
ပိုင်ရီတွန် (Piriton) နှင့်အရက်

ဖရဲသီး နှင့် နို့ မျိုး
ဖရဲသီး နှင့် ဘဲဥ
ဖရုံ သီးနှင့် နို့မျိုး
ဖားသားနှင့်မှို
ဖွတ်သား နှင့် ကြက်ဆူဆီ
ဖောင်စီးဂဏန်း နှင့်မှို
ဖန်ခါးသီး နှင့် ပုဒမ္မာကြာရွက်
ဖန်ခါးသီး နှင့် ပီလောပီနံဥ

ဗုံလုံသီး နှင့် ပီလောပီနံ
ဗျိုင်းသား နှင့်ဝက်ဆီ
ဗျိုင်းအောက်သား နှင့် ဝက်ဆီ
ဗျိုင်းနှမ်းနှင် သေရည်
ရေငန်သီး နှင့် လက်ဖက်
ရှားစောင်းချဉ် နှင့် အမဲသား
ရှားစောင်း နှင့် ကုလားဗရာကြော်
ရှောက်သီး နှင့် စောင်းလျားသီး
ရှောက်သီး နှင့် ပီလောပီနံေ
ရှောက်သီး နှင့် ပဲစိမ်းစားဥ
ရှောက်သီး နှင့် ခိုသား
ရှောက်သီး နှင့် နို့ရည်

လိမ်းဆေးပရုတ်ဆီ နှင့်ကရင်နီကောင်ကိုက်သည့် နေရာကို မလိမ်းပါနှင့် 

ဝက်သားချဉ် နှင့် မဲနယ်အိုး
ဝက်သား နှင့် ဒိန်ချဉ်
ဝက်သား နှင့် နွားနို့ 
ဝမ်းဘဲဥ နှင့် ဖရဲသီး
ဝမ်းဘဲဥ နှင့် ပေသီးပေရည်
ဝါစေ့/၀ါဆီ နှင့် သမင်သား
ဝါးမျှစ် နှင့် အင်ဥ

သမုန်းမြစ် နှင့် အချဉ်ချက်သောအိုး
သမုန်းရွက် နှင့် ငါးချက်သောအိုး
သကြားပြာ နှင့် ပျားရည်
သမင်သား နှင့် ၀ါရွက်
သပြေသီး နှင့် ပီလောပီနံ
သံပရာသီး နှင့် ပီလောပီနံ
သံပရာသီး နှင့် နို့ ရည်
သံပရာသီး နှင့် စိမ်းစားဥ
သားငါးအဆီ နှင့် ထောပတ်
သားငါးတို၏အဆီ နှင့် ချဉ်ဆီ
သားမျိုးဟင်း နှင့် နှမ်းမှုန့် 
သေရက်မျိုး နှင့် သမုန်း ဧကရာဧ်
သေရည်သေရက် နှင့် နှမ်းမှုန့် ဆုပ်
သေရက်မျိုး နှင့် ပိတ်ချင်းရွက်
သေရည် နှင့် ဗျိုင်းအောက်သား

ဘူးသီး နှင့်ကြက်တူရွေးသား
ဘာစပရိုဆေးပြား နှင့် သံပရာသီး
ဘာမီတွန်ဆေးပြား နှင့်ထန်းလျက်ခဲ
ဘာမီတွန် နှင့် တစ်ဖီအစိမ်းရောင် ကတ်
ဘီလုံးငှက် သား နှင့်ကြက်ဆူဆီ
ဘာစပရိုဆေးပြားကို အစာခံမရှိဘဲမသောက်ရ၊

မဲနယ်အိုး နှင့် သားငါး
မဲဇလီဖူးရွက် နှင့် လက်ဖက်သုပ်
မိချောင်းသား နှင့်နနွင်း
မန်ကျည်းသီး နှင့်နို ရည်
မင်းကွတ်သီး နှင့် သကြား
မတ်ပဲ နှင့် တင်လဲ
မတ်ပဲ နှင့် မုန်လာ
မုန်ညှင်းဆီ နှင့် သင်္ကန်းဖွက်ငှက်
မုန်လာမြစ် နှုင့် ပျားရည်
မုန်လာ နှုင့် မတ်ပဲ
မှို နှင့် ရှားစောင်း
မြေပဲဆန် နှင့် ကြက်ဟင်းခါးသီး
မြေဇာဥ နှင့် သစ်ကြားသီး
မျောက်တည်သီး နှင့် နို့ရည်
မြွေသား နှင့် ငါးရံသား
မြန်မာလျက်ဆား နှင့်  သွားတိုက်ဆေး
မြင်းခွာရွက် နှင့် သခွားသီး
မက်ထရိုနီဒါဇော(meronidazole)နှင့် အရက်

ယုန်သား နှင့်မှို
ယင်နားစားများကို မစားပါနှင့်

ရာဘာချဉ် နှင့် ဆိတ်သား
ရှာလကာချဉ် နှင့် ပီလောပီနံ
ရိုးနီပီလောပီနံ နှင့် အချဉ်မျိုး
ရေခဲသုပ် နှင့် ချင်းသုပ်
သေရည်သေရက် နှင့် နို့ အမျိုး၂
သစ်ကြားသီး နှင့် ဝက်မြေဇာဥ
သည်းခြေ နှင့် သားဟင်းမျိုး

ဟင်းငန်ရွက် နှင့် နှမ်းဖတ်
ဟစ်တမင်း (histamine) နှင့် အရက်

အင်ဥ နှင့်  ပြောင်းဆန်
အမဲသားချဉ် နှင့် မဲနယ်အိုး
အရက် နှင့် ဘိန်း
အရက် နှင့် ဘာမိတွန်
အချဉ်မျိုး နှင့် နို့ မျိုး
အိမ်ဆီးချို နှင့် နို့ရည်
အုန်းသီး နှင့်နိုရည်
အုန်းရည် နှင့် ပျားရည်
အုံတုံဆံ နှင့် ကလောဥ

ဥသျှစ်သီး နှင့် ပျားရည်
ဥဒေါင်းသား နှင့် ကြက်ဆူဆီ
ဥမျိုး နှင့် ကြက်ဆူဆီ
ဥသျှစ်သီး နှင့် ကင်းပိတ်ရွက်
သြဇာသီး နှင့် ပျားရည်
အထက်ဖော်ပြပါတွေကတော့ တွဲဖက်စားခြင်း၊ သုံးစွဲခြင်းဆို မူးဝေခြင်း အော့အန်ခြင်း အဆိပ်ဖြစ်ခြင်းစတဲ့ အန္တရာယ်ဖြစ်စေတတ်တာပါ။
တွဲဖက်စားလျှင်သေစေနိင်သောအစားအစာများ
အမဲသား + ခရု = သေ
ဂွေးသီး + အာတာလွတ် = သေ
နို့ဆီ + ကိုးပါးဆေး = သေ
တညင်းသီး + ရှိန်းခို = သေ
အုန်းနို့ခေါက်ဆွဲ + ပက်ပစီ = သေ
ကိုင်းဥ + ပုစွန်ချဉ် = သေ
နွားနို့ + အချဉ်အမျိုးအမျိုး = သေ
သိုးသား + စောင်းလျားသီး = သေ
ကျွှဲခေါင်းသီး + သံပုရာသီး = သေ
နွားနို့ + မှို = သေ
မှို + ဖားသား = သေ
မှို + လယ်ကဏန်း = သေ
ဝက်သား + ထန်းရည်ချို =သေ
ဝက်သား + ဗျိုင်းသား = သေ
ဝက်သား + ကြာရိုးကြာစွယ် =သေ
ပျားရည် + သြဇာသီး =သေ
ပျားရည် + အုန်းသီး =သေ
ပျားရည် + ဥသျှစ်သီး =သေ
ခိုသား + ချင်း =သေ
ခိုသား + ဖရုံသီး =သေ
ကြောင်လျှာသီး + ငါးသေတ္တာ =သေ
ကြောင်လျှာသီး + ပဲဒလက် =သေ
ကြောင်လျှာသီး + စပါးကြီးမြွေ =သေ
ပီလောပီနံ + ပဲကြားလှော် =သေ
ပီလောပီနံ + မျှစ်ချဉ် =သေ
ပီလောပီနံ + ဒေါင်းသား =သေ
ပီလောပီနံ + အချဉ်အမျိုးမျိုး =သေ
နို့အေးချောင်း + ဂွေးသီး = သေ
ချောကလက် + စောင်းလျားသီး =သေ
ချောကလက် + ပဲမြစ် =သေ
ရှောက်သီး + နွားနို့၊ နို့ရည် =သေ
ထန်းလျက် + နလင်ကျော် =သေ
ထန်းလျက် + ၂၇ ပါးဆေး =သေ
ကျွဲကောသီးး + သံပုရာသီး =သေ
သပြေသီး + ထန်းလျက် =သေ
ငှက်ပျောသီး + ထန်းသီး =သေ
ချင်း + သဘောင်္သီး = သေ
ကြက်ဆူသီး + ငှက်သား = သေ
မင်းကွတ်သီး + သကြား = သေ မှို + တညင်းသီး = သေ
မိုင်လို + ပဲမြစ် = သေ
ရေခဲမုန့် + ချင်းသုပ် = သေ
ကျေးသား + ဘူးသီး = သေ
မှို + ယုန်သား = သေ
လက်ဖက် + ကျွဲခေါင်းသီး = သေ
အသက်ကိုဉာဏ်စောင့်ဆိုသည့်စကားအတိုင်း ဉာဏ်လေးနှင့်ယှဉ်ပြီး ကျန်းမာပျော်ရွှင်နိုင်ကြပါစေ။
စောနွဲ့ နေဆိုင်(ပူတာအို) ပြန်လည်မျှဝေပါသည်

Thursday, April 9, 2015

သည်းခြေအတွက် ရဲယိုရွက

သည်းခြေအတွက် ရဲယိုရွက်

ရဲယိုရွက်ဟာ ဆေးဖက်ဝင်သည့် စားစရာအရွက်တစ်မျိုး ဖြစ်ပါတယ်။ ရဲယိုရွက်နှင့် အသီးတို့ကို မြန်မာဆေးများ ဖော်စပ်ရာတွင် အသုံးပြုထားသည်ကို မြန်မာဆေးကျမ်းများမှ မကြာခဏ မြင်တွေ့ရပါတယ်။

ရဲယိုရွက်ကို ဆေးအတွက်သာမကပဲ စားစရာဟင်းအဖြစ်ပါ အမျိုးမျိုးချက်ပြုတ်ကာ စားသောက်ကြပါတယ်။ အရွတ်နုများကို ငါးခူး၊ ငါးမြွှေထိုး စသည့်ငါးများနှင့် ချက်၍ စားတတ်ကြပါတယ်။ အရွက်ကို ပြုတ်၍ ငပိရည်နှင့် တို့စားကြပါတယ်။
အသီးအမှည့်ကို ပျားရည်နှင့် ဆေးဖော်စပ်၍ စားသုံးကြပါတယ်။ အသီးမှည့်ကို ထန်းလျက်နှင့် ရောနယ်၍လည်း ဆေးအဖြစ် မှီဝဲကြပါတယ်။

ရဲယိုရွက်ဟာ အထူးသဖြင့် ၀မ်းတွင်းမှ ရောဂါများကို ကာကွယ်ပေးနိုင်ပါတယ်။ သည်းခြေရောဂါ၊ ၀မ်းချုပ်၊ ၀မ်းရစ်၊ ၀မ်းကိုက်ရောဂါ၊ အစာမကြေရောဂါတို့ကို ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။

သည်းခြေအနာဖြစ်နေသူများအနေဖြင့် အရွက်ကို ဟင်းချက်စားခြင်း၊ ပြုတ်၍ တို့စားခြင်း၊ ဒန့်သလွန်ရွက်နှင့်အတူ ဟင်းရည်ချက်သောက်ခြင်း၊ အသီးအနုကို ပြုတ်၍ သုပ်စားခြင်း၊ အသီးအမှည့်ကို ပျားရည်နှင့်ခေါက်၍ စားခြင်းတို့ဖြင့် သည်းခြေနှင့်ပတ်သက်သော ရောဂါမ်ျိုးမျိုးတို့ကို သက်သာပျောက်ကင်းစေပါသည်။
ဦးစောနွဲ့နေဆိုင် (ပူတာအို

အမျိုးသမီးတိုင်းသိသင့်သော သားအိမ်ကင်ဆာအကြောင်း

အမျိုးသမီးတိုင်းသိသင့်သော သားအိမ်ကင်ဆာအကြောင်း
-----------------------------------------------------------------
အမျိုးသမီးတွေမှာ ဖြစ်တတ်တဲ့ ကင်ဆာရောဂါတွေ အတွက် သတိပေး လက္ခဏာတွေကို လျစ်လျူရှု မထားသင့်ပါဘူး။ ဒီလက္ခဏာတွေကို အစောပိုင်း အဆင့်ကတည်းက သိနားလည်မှသာ ကုသမှု ကို အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

(၁) တင်ပဆုံ နာကျင်ကိုက်ခဲခြင်း

ချက်အောက်ပိုင်း တင်ပဆုံတွင်းမှာ နာကျင်တာနဲ့ တင်းနေတာစတဲ့ လက္ခဏာ တွေကို တာရှည်ခံစား နေရရင် သတိထားသင့်ပါတယ်။ ဒါက ရာသီအကြို ဝေဒနာ မဟုတ်ဘူး ဆိုတာ သေချာဖို့တော့ လိုပါတယ်။ တင်ပဆုံတွင်း နာကျင်ကိုက်ခဲမှုဟာ မမျိုးဥအိမ်ကင်ဆာ၊ သားအိမ်ခေါင်း ကင်ဆာ၊ မိန်းမကိုယ် ကင်ဆာစတဲ့ ကင်ဆာတွေနဲ့ ဆက်စပ်မှုရှိလို့ သတိထား သင့်ပါတယ်။

(၂) ဝမ်းဗိုက်ဖောင်းခြင်း၊ လေပွခြင်း

ဝမ်းဗိုက်ဖောင်းတာနဲ့ လေပွတာက မမျိုးဥအိမ်ကင်ဆာမှာ အတွေ့ရများတဲ့ လက္ခဏာတွေ ဖြစ် ပါတယ်။ လေပွတာကြောင့် ဘောင်းဘီ ကြယ်သီးကိုတောင် မတပ်နိုင်အောင် ဖြစ်နေ တာမျိုး၊ ဘောင်းဘီဆိုက်ကြီး တာကို ဝတ်ရတာမျိုး ဖြစ်နေရင် ဒီလက္ခဏာတွေကို လျစ်လျူမရှုသင့်ပါဘူး။

(၃) ခါးအောက်ပိုင်း ကြာရှည် ကိုက်ခဲခြင်း

ခါးနာတာက ခါးအောက်ပိုင်းမှာ အဖြစ်များပြီး စူးရှတဲ့ ကိုက်ခဲမှုမျိုးကို ခံစားရ တတ် ပါတယ်။ တချို့အမျိုး သမီးတွေက ကလေးမွေးတဲ့ ခံစားချက်မျိုးနဲ့ ဆင်တူတယ်လို့ ဆိုကြပါတယ်။ ခါးနာတာက မမျိုးဥအိမ် ကင်ဆာရဲ့ လက္ခဏာတစ်ရပ်ပါ။

(၄) ကြာရှည် ဖျားနာခြင်း

ခုနစ်ရက်ထက် ပိုကြာကြာ ဖျားရင် ဒါမှမဟုတ် အဖျားက မပျောက်နိုင်ဖြစ်နေရင် ဆရာဝန်နဲ့ ပြသင့်ပါ တယ်။ ကြာရှည်ဖျားနာတာက ကင်ဆာရဲ့ လက္ခဏာ တစ်ရပ် ဖြစ်နိုင်လို့ပါ။ ဒါပေမဲ့ အများအားဖြင့် ဖျားတာ က တခြားအပရိက ဝေဒနာတွေရဲ့ လက္ခဏာလည်း ဖြစ်တတ်ပါတယ်။

(၅) မိန်းမကိုယ်မှ ပုံမမှန်သွေးဆင်းခြင်း

မိန်းမကိုယ်က ပုံမှန်မဟုတ်တဲ့ သွေးဆင်းတာက စိုးရိမ်ရပါတယ်။ ရာသီသွေး အလွန်အမင်း ဆင်းတာ၊ ရာသီလာချိန် တစ်ချိန်နဲ့ တစ်ချိန်ကြား သွေးဆင်းတာ၊ Sex အတွင်းနဲ့ အပြီးမှာ သွေးဆင်းတာတွေ အားလုံးက ပုံမမှန် သွေးဆင်းမှုတွေဖြစ်ပြီး အမျိုးသမီး ကင်ဆာ လက္ခဏာတွေလည်း ဖြစ်ပါတယ်။ ဒီလက္ခဏာတွေက သားအိမ်ခေါင်းကင်ဆာ၊ သားအိမ်ကင်ဆာနဲ့ မမျိုးဥအိမ် ကင်ဆာတို့နဲ့ ဆက်စပ်မှု ရှိပါတယ်။

(၆) ဝမ်းသွားသော အလေ့အထ ပြောင်းလဲမှု ကြာရှည်ဖြစ်ပေါ်ခြင်း

ဝမ်းချုပ်တာ၊ ဝမ်းလျှောတာ၊ ဝမ်းထဲ သွေးပါတာ၊ လေထတာ၊ ဝမ်းအရည်ကျဲကျဲ သွားတာနဲ့ အူအလေ့အထ ပြောင်းလဲမှုတွေ ဖြစ်ရင် ဆရာဝန်နဲ့ ပြသင့်ပါတယ်။ ဒါတွေက မီးယပ်သားဖွားကင်ဆာနဲ့ အူမကြီးကင်ဆာ လက္ခဏာတွေနဲ့ ဆက်စပ် နေတတ်ပါတယ်။

(၇) အကြောင်းရင်းမရှိဘဲ ကိုယ်အလေးချိန် များစွာလျော့ကျခြင်း

ဘာအကြောင်းရင်းမှ မရှိဘဲ ကိုယ်အလေးချိန် ၁၀ ပေါင်နဲ့အထက် လျော့ကျ တာက ပုံမှန် မဟုတ်ပါဘူး။ အမျိုးသမီး တစ်ဦးရဲ့ ကိုယ်အလေးချိန်က တစ်လအတွင်း အတက်အကျ ဖြစ်နိုင်ပေမယ့် ၁၀ ပေါင်နဲ့အထက် လျော့ကျရင် ဆရာဝန်နဲ့ ဆွေးနွေးသင့်ပါတယ်။

(၈) မိန်းမကိုယ် ပုံမမှန်ပြောင်းလဲမှုများ

မိန်းမကိုယ်မှာ အနာဖြစ်တာ၊ အရည်ကြည်ဖြစ်တာ၊ အရေပြား အရောင်ပြောင်း လဲတာနဲ့ မိန်းမကိုယ်ကနေ ပုံမမှန် အရည်ဆင်းတာတွေဖြစ်ရင် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

(၉) ရင်သားပြောင်းလဲခြင်း

လစဉ် ရင်သား စစ်ဆေးမှုအတွင်း အဖုအကျိတ်ပေါ်တာ၊ နာကျင်တာ၊ ရင်သားက အရည်ထွက်တာ၊ ရင်သား နီမြန်းတာနဲ့ ရောင်ရမ်းတာတို့ ဖြစ်နေရင် ဆရာဝန်နဲ့ အမြန်ဆုံး တိုင်ပင်ပါ။

(၁၀) နုံးချည့်ညောင်းညာခြင်း

အဖြစ်များဆုံး ကင်ဆာလက္ခဏာ တစ်ရပ်က နုံးချည့်ညောင်းညာတာပါ။ ကင်ဆာ အဆင့်မြင့်တဲ့အခါ ပိုမို နုံးချည့် ညောင်းညာနိုင်ပေမယ့် ကင်ဆာ အစောပိုင်း အဆင့်မှာကတည်းက သိသာထင်ရှားတဲ့ ဝေဒနာပါ။ နေ့စဉ် ပုံမှန်လုပ်ဆောင်မှုတွေ လုပ်တာတောင် နုံးချည့်ညောင်း ညာ နေဆဲ ဆိုရင် ဆရာဝန်နဲ့ ပြသသင့် ပါတယ်။

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်

Wednesday, April 8, 2015

ကျောက်​ကပ်​​ရောဂါ​ပျောက်​​ဆေးနည်း

ေ်ကျာက်​ကပ်ဝေဒနာသည်များဝမ်းမြောက်ဖွယ်
----------------------------------------------------
ကျောက်ကပ်ဝေဒနာခံစားနေရသူများမှာ လူလည်းပင်ပန်း၊ငွေကြေးကုန်ကျမှု့ များပြားသော ရောဂါတစ်ခုဖြစ်ပါသည်။ သိန်းထောင်ချီ၍
ချမ်းသာသောသူပင် ဒေ၀ါလီ ခံ ရသော ရောဂါ ပါ ။ ကျောက်ကပ်ဆေးနေရသူများမှာ လူလည်းနာ ငွေလဲကုန်လှပါသည်။အချိန်အခိုက်အတန့်တခုသာ
ထိန်းထားနိုင်ပြီး မရဏမင်းထံ သွားရသည်သာများပါသည်။
လဲလှယ်နိုင်မှသာ အသက်ဆက်နိုင်ပါသည်။ လဲဖို့စားရိတ်ကလည်း သိန်းထောင်ကျော် ကုန်ကျပါသည်။
ထို့ကြောင့်ကျောက်ကပ် ဝေဒနာသည်များ အောက်ပါအတိုင်း ဆောင်ရွက်ကြည့်ပါ။ ဖြစ်ခါစတွင်ပျောက်ကင်း၍ နာတာရှည် ခံစားနေရသူ
များသက်သာပြီး ကျောက်ကပ်ဆေးနေရသူများ အကြိမ်ရေ လျော့ပါးလာစေရပါမည်ဟု လုံးဝအာမခံပါသည်။
ကျွန်တော်ကိုယ်တိုင် လွန်ခဲ့သော သုံးနှစ်က ခံစားခဲ့ဖူးပါသည်။သိသိခြင်း ဆောင်ရွက်ခဲ့သဖြင့် သုံးလအတွင်း ပျောက်ကင်းခဲ့ပါသည်။
စရိတ်သက်သာ အကုန်အကျနည်း၍ လုံးဝအထင်မသေးပါနှင့်။ ကမ္ဘာပေါ်တွင် နံမည်ကြီးနေပြီဖြစ်သည့် HERBAL MEDICINE ကုသနည်းပါ။အနောက်
နိုင်ငံများတွင်ပင် ဘေးထွက်ဆိုးကျိုးများပြားလာသည့် အနောက်တိုင်းဆေးများကို သောက်သုံးရန် ချင့်ချိန်လာကြပြီး သစ်ဥသစ်ဖု သဘာဝအပင်များမှ
ထုတ်ယူသောဆေးများကို ပြောင်းလဲသုံးစွဲနေပါပြီ။
မြန်မာပြည်တွင် ဒေါက်တာခင်မောင်လွင် ထုတ်လုပ်သည့် fame ဆေးတိုက်မှဆေးများ ကမ္ဘာတွင် နံမည်ရနေပါပြီ။ယခုတင်ပြသောဆေးနည်းမှာ
ကျွန်တော်တို့မိသားစု ဘိုးစဉ်ဘောင်ဆက် သုံးစွဲခဲ့သောနည်းပါ။
၁။ကျောက်ဖရုံသီးဟင်းချိုကို နေ့စဉ်သောက်ပေးပါ။(အသား၊ငါး မရောပါနှင့်၊ရောဂါမရှိသေးသူများသောက်ပါကဆီးကောင်းစေပြီး၊ယောက်ျားများအတွက်၊ယောက်ျား
ပီသစေပါသည်)
၂။တရုပ်နံနံပင်ငါးရွက်ကို ရေနွေးဖြူထဲတွင် ထည့်စိမ်ပါ။လဖက်ခြောက်ခပ်၍ရေနွေးသောက်သလိုသောက်ပါ။အဖတ်ဝါးစားပါ။ညနေစာစားပြီး နာရီဝက်ခန့်
ခြားပြီးမှသောက်ပါ။ အိပ်ချိန်နှင့်ဝေးပါစေ။သွေးတိုးပါကျစေသဖြင့် မျက်လုံးကြောင်တတ်ပါသည်။ည ခုနစ်နာရီဆိုလျင် သင့်ပါသည်။
၃။ကျောက်ကပ်ကြောင့် အသည်းအသန်အောင့်နေသူများ ကျောက်ဖရုံသီးကို ခွဲ အူတိုင်ထုတ်ပြီး ကျောက်ကပ်နေရာသို့ အတွင်းသားဖြင့်ကပ်၍ စည်းထားပါ။
ဖြေးဖြေးသက်သာလာပါမည်။

၎။ရေပူစမ်းနှင့်နီးပါက တပါတ်တစ်ကြိမ်ချိုးပါ၊မနီးပါက ရေနွေးနှင့်ချိုးပြီး ချွေးအောင်းပါ။

သုံးလအနည်းဆုံးထားပြီး ဆောင်ရွက်ပါ။ကျောက်ကပ်ဆေးနေရသူများပင် အကြိမ်ရေ လျော့လာသည်ကိုတွေ့ရပါမည်။
ပျောက်ကင်းသက်သာပါက လူတိုင်းအားဖြန့်ဝေပါ ။ မသက်သာပါက ကျွန်တော့်အား စိတ်ဆိုးကြပါ။ယနေ့အချိန်အထိတော့ လာရောက်ကျေးဇူးတင်သူသာရှိပါသေးသည်။သက်သာကြသူသာတွေ့ရသဖြင့်အများအသုံးချနိုင်စေရန် အင်တာနက်စာမျက်နှာပေါ် တင်လိုက်ရပါသည်