Wednesday, June 26, 2013

မကြည့်စေချင်သော ၀က်ဆိုဒ်တွေကို ရွေးပိတ်နည်း

အခြေခံ ကွန်ပျုတာ စတင်သုံးစွဲသူများနဲ့ အမှတ်မထင် မှားတတ်သူများအတွက်



ဒီနည်းလေးကတော့ ဖြစ်တဲ့သူသိပ်မရှိဘူး။ တခါတလေ ဖြစ်ခဲ့ရင် သုံးနိုင်သိနိုင်ရန်

မျှဝေလိုက်ပါတယ် ကွန်ပျုတာအောက်ခြေက task bar  ဘေးဘက်တို့ အပေါ်တို့ 

ရောက်သွားရင် ပြန်ပြင်တဲ့နည်းပါ လုပ်နည်းက လွယ်တယ်။ ဘေးရောက်သွားတဲ့

Task Bar ပေါ်မှာ Right Click ထောက်၍ Properties နှိပ်ပါ ပေါ်လာတဲ့အကွက်

အကွက် Task bar location on screen မှာ Bottom ပြောင်းပေးလိုက်ပါ........။

မိမိကွန်ပျုတာထဲကနေ မကြည့်စေချင်သော ၀က်ဆိုဒ်တွေကို ရွေးပိတ်နည်း


ဒီနည်းလေးကတော့ မိမိတို့ ရဲကွန်ပျုတာတွေထဲမှာ မကြည့်စေချင်တဲ့ ၀က်ဆိုဒ်တွေကို

သီးသန့် ပိတ်ထားချင်ရင်ရပါတယ် ။ပိတ်နည်းက အများကြီးရှိတယ် ဆော့ဝဲသုံးမယ်ဆို

ကြာတယ် ကွန်ပျုတာကနေ ပိတ်နည်းကို ပြောပြပါမယ် ။ တစ်ခါတလေမှာ မကြည့်စေ

ချင် မဖွင့်စေချင်တဲ့ ဆိုဒ်တွေရှိမှာပါ ။ ဥပမာ Sexy နဲ့ ပတ်သက်တဲ့ ဆိုဒ်တွေ  နဲ့ မိမိတို့ 

စိတ်ကူးထဲ ရှိသမျှ မကြည့်စေချင်တဲ့  ဆိုဒ်တွေကို ပိတ်လို့ ရပါတယ် ။ ရုံးတွေမှာဆိုရင်

သူဌေးက ဖေ့ဘွတ်မသုံးအောင် ပိတ်ထားမယ်ဆို  ဒီလိုနည်း သုံးနိုင်ပါတယ်။ အဲ့တော့

ကိုယ်ကနေ  ရုံးထဲမှာ သူများကွန်ပျုတာကို  Facebook သုံးမရ Gmail သုံးမရအောင်

စမ်းသပ်လို့ ရပါတယ် ။ မသိသာပါဘူး ။ Unable to connect လို့ ပဲ ပြနေပါလိမ့်မယ်..။



ပထမဆုံး Runbox ဖွင့်ပါ ( Window + R တွဲ နှိပ်ပါ )

ဒီစာကို ကူးထည့် - c:\WINDOWS\system32\drivers\etc\hosts

ပြီးရင် Window 7 ဆိုရင် Notepad ကိုရွေးပြီး OK နှိပ် ( Xp ဆို Auto ပွင့်ပါတယ်)

ပွင့်လာပြီဆိုရင် အထဲမှာ ဆိုဒ်ပေါင်း ၁၂၀၀၀ အထိ ပိတ်လို့ ရပါတယ်အောက်ဆုံးက

#    ::1             localhost ဒီစာရဲ့အောက် တည့်တည့်ကနေ ပိတ်မယ့်ဆိုဒ်ရေးပါ

127.0.0.1 www.facebook.com ဒီလိုရေးပါ ။ နောက်ထပ်ဆိုဒ်တွေကို ဆက်ရေးပါ

ပြီးရင် Ctrl + S ကို နှိပ်ပြီးဆေ့လိုက်ရင် ရပါပြီ ။ .ပိတ်ချင် အောက်မှာဆက်ရေးပါ




ထူးခြားချက်လေးကတော့ Virus ထင်ပြီး  Antivirus က Alarm အချက်ပေးလာခဲ့ရင်

Virus မဟုတ်ပါဘူး Allow ပေးလိုက်ပါ  သေချာချင်ရင်တော့ Anti Virus ဆော့ဝဲကို

ခဏပိတ်ထားပါ ။ နောက်ထပ် ထူးခြားချက်ကတော့ Window 7 မှာ ဖြစ်တတ်ပါ၏

Save လုပ်လို့ မရတာမျိုး ပါ ။Save လုပ်ရင် Admin ကို ဆက်သွယ်ခိုင်းပြီ တခြားမှာ

Save ဖို့ ပြောလာခဲ့ရင် တစ်ခုခု ထပ်လုပ်ဖို့ လိုပါတယ် Control Pennel ထဲကနေပြီး

Action Center ကိုဝင်ပါ Change and User Account and Control Setting ကို နှိပ်

Never notify အထိ ဆွဲချ OK ပေးပြီးမှ အပေါ်က အဆင့်အတိုင်း ပြန်စလုပ်ကြည့်

ဖြစ်တတ်တာ နှစ်ခုက အဲ့ဒါပါပဲ။ Virus တားမယ် ။Save မရဖြစ်ရင် အခုလို လုပ်ပါ

ပိတ်ချင်တဲ့သူများ စမ်းပါ ကိုယ့်ကွန်ပျူတာမှာ မဖွင့်စေချင်တာကို စမ်းပါ ဒီနည်းကို

သိချင်တဲ့သူ  မေးတဲ့သူက  သူ့ ကွန်ပျုတာမှာ  အတူနေ သူငယ်ချင်းတွေကနေပြီး

Sexy Website ကြည့်လို့ ပါတဲ့ .။ ကဲ ဒီနည်းနဲ့ သာ ပိတ်ထား မပွင့်တော့ဘူး..........။

လာလည်တဲ့သူများ ပညာတိုးပြီး စာရေးသူအပေါ် ဆဲဆိုခြင်းမရှိကြပါစေနဲ့ ဘုရား။

အသေးစိတ် သိလိုပါက မူရင်းလင့်နှိပ်ပါ - http://www.prioarena.com/

No comments:

Post a Comment