(၁) ရာသီဥတုနှင့် မြေအမျိုးအစား။ ဘောစကိုင်းအပင်များသည် စွတ်စိုသော အပူပိုင်းဒေသများ နှင့် သမပိုင်းမဟုတ်သော ဒေသများတွင် ပျံ့နှံ့စွာပေါက်ရောက်ကြပြီး ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ (၁၅၀၀)အထိရှိသော ဒေသများတွင်လည်း ပေါက်ရောက်နိုင်ပါ သည်။ သို့သော် မိုးရွာသွန်းမှု၊ နေရောင်ခြည်၊ ဆားငံဓာတ်နှင့် မြေအနေအထားတို့အပေါ်မူတည်၍ ပင်လယ်ရေမျက်နှာပြင်မှ အထက်ပေ (၁၅၀၀)အထိ ပေါက်ရောက်နိုင်မှု ကွာခြားနိုင်ပါသည်။ ဘောစကိုင်းသည် တစ်နှစ်မိုးရေချိန် (၂၅ မှ ၆၅လက္မ)အတွင်းရှိပြီး မိုးရွာသွန်းမှု ညီညာ၍ ထုံးဓာတ်ဆန်သည့် မြေမျိုးများတွင် ပေါက်ရောက်မှု အကောင်းဆုံးဖြစ်ပါသည်။ အချဉ်ဓာတ်များသော မြေမျိုးများနှင့် ရေစီးရေ လာမကောင်းသော ဒေသများတွင် ပေါက်ရောက်ကြီးထွားမှု မကောင်းပါ။
(၂) မျိုးရရှိရေး။ ၁၉၈၀ခုနှစ်ခန့်လောက်မှစ၍ နိုင်ငံခြားဘောစကိုင်းမျိုးများကို တင်သွင်းစမ်းသပ်စိုက်ပျိုးခဲ့ရာ ကောင်းစွာအောင်မြင် ဖြစ် ထွန်းခဲ့ပါသည်။
(၃) စိုက်ပျိုးနည်း။ ဘောစကိုင်းအပင်ကို မျိုးပွားရာတွင် အစေ့ဖြင့် ပျိုးထောင်ခြင်းမှာ အကောင်းဆုံးဖြစ်ပါသည်။ ကိုင်းကူးခြင်း၊ ကိုင်းဖြတ် ထိုးခြင်းတို့ဖြင့် မျိုးပွားနိုင်သော်လည်း ခက်ခဲပါသည်။ ပလတ်စတစ်ပျိုးအိတ်အတွင်းမှ (၁၈)လက်မအရွယ်အပင်ကို မြေချစိုက်ရန် အကောင်းဆုံးဖြစ်ပါသည်။ ပျိုးပင်ဘ၀ရှိစဉ် အရိပ်ကြိုက်နှစ်သက်ပြီး အလင်းလုံးဝဖွင့်ပေးခြင်းမျိုးကို မနှစ်သက်ကြောင်းတွေ့ရပါသည်။
မြန်မာပြည်တွင် ဟာဝေယန်ဂျိုင်းယန့်အမျိုးအစားဖြစ်သည့် ကေ-၂၈မျိုးကွဲမှာ စိုက်ပြီး၆လသားအရွယ်တွင် အမြင့် ၁၅ပေခန့်ရှိပြီး အကိုင်း အခက်များ ဝေဆာစွာ ပေါက်ရောက်ကြောင်း တွေ့ရှိရလေသည်။ ၆နှစ်သားအရွယ်ရှိသော ဟာဝေယန် ဂျိုးယန့်အမျိုးအစားမှာ အမြင့် (၆၅)ပေ အထိမြင့်ပြီး ရင်စို့လုံးပတ်(၃)ပေအထိ ကြီးထွားနိုင်စွမ်းရှိပါသည်။ ဘောင်စကိုင်းပင်များကို ကော်ဖီ၊ ကိုကိုး၊ လက်ဖက်၊ ရော်ဘာ၊ ဆီအုန်း နှင့် အုန်းပင်များ စိုက်ပျိုးရာတွင် အရိပ်ပင်များအဖြစ်လည်း အသုံးပြုကြသည်ကို တွေ့ရပါသည်။
၇။ အပူပိုင်းဒေသ မြေဆီလွှာခန်းခြောက်သည့် နေရာများတွင် ပဲစင်းငုံနှင့် ဘောစကိုင်းများ စိုက်ပျိုးခြင်းအားဖြင့် မြေဆီလွှာအတွင်း မြေဆီ သြဇာ ထက်သန်လာခြင်း၊ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေလာခြင်း၊ ထင်းလောင်စာ ပိုမိုရရှိလာခြင်း အကျိုးကျေးဇူးများကို ရရှိလာ မည်ဖြစ်ပါသည်။ မြေဆီသြဇာထက်သန်ကောင်းမွန်လာ၍ သီးနှံစိုက်ပျိုးထုတ်လုပ်မှုသည်လည်း မြင့်မားတိုးတက်လာမည် ဖြစ်ပါသည်။
မြန်မာ့စိုက်ပျိုးရေး
No comments:
Post a Comment