Sunday, January 22, 2017

ကိုယ့်​စိတ်​ ကိုယ်​စစ်

ကိုယ့်စိတ် ကိုယ်စစ်
*********************

သူယုတ်မာက အပြစ်လို့ ထင်တာနဲ့ ကဲ့ရဲ့တတ်တယ်။
သူတော်ကောင်းက အပြစ်လို့ မြင်နေရင်တောင် မကဲ့ရဲ့ဘူး။စေတနာနဲ့ ဝေဖန်ထောက်ပြတယ်။

သူယုတ်မာက ကောင်းတာကို မြင်နေရင်တောင် လစ်လျူရှုတတ်တယ်။
သူတော်ကောင်းက ကောင်းတယ်လို့ ထင်တာနဲ့
အားပေး  ချီးမြှောက်တတ်တယ်။

သူယုတ်မာက သူတော်ကောင်းကိုလည်း စော်ကား
သူယုတ်မာ အချင်းချင်းလည်း စော်ကားတတ်ပြီး
နေရာတကာဝင်ရှုပ်တတ်တဲ့အတွက် ဘေးအမျိုးမျိုးနဲ့ ကြုံတွေ့ရတတ်တယ်။

သူတော်ကောင်းက သူယုတ်မာကိုလည်း မစော်ကား
သူတော်ကောင်းကိုလည်းမစော်ကားဘဲ
ကိုယ့်အလုပ် ကိုယ် လုပ်တဲ့အတွက်
       ကိုယ့်မှာလည်း ဘေးကင်းတယ်။
             စိတ်မှာလည်း အေးချမ်းတယ်။

အရှင်တေဇာနန္ဒ ( စေတနာပန်းခင်း ဆရာတော် )
*******************************************

မိမိမှာ သူတော်ကောင်းတရားရှိရင်
သူယုတ်မာ ဆောင်ထားသောတရားကိုလည်းမြင်နိုင်တယ်။
သူတော်ကောင်း ဆောင်ထားသောတရားကိုလည်း မြင်နိုင်တယ်။

မိမိမှာ သူယုတ်မာတရားရှိနေရင် သူတော်ကောင်းတရားကိုလည်း မမြင်နိုင်သလို
မိမိ၏ယုတ်မာသော တရားကိုလည်း မမြင်နိုင်ပါ။

ပညာသမ္မာ အာဘာနတ္ထိ မြတ်မုနိ
      ဟောရှိကျမ်းကိုကိုးးး

ထို့ကြောင့် များစွာ လူတကာ
         ပညာရအောင် ကြိုးးးး

No comments:

Post a Comment