ပင်စိမ်းမွှေးဖားသားလေးကို အစပ်ချက်လေးချက်ပြီး မျှဝေပေးလိုက်ရပါတယ်ရှင့့် 
လိုအပ်တဲ့ပစ္စည်းတွေက ဖားသား (၂၅) ကျပ်သား၊ ကြက်သွန်ဖြူဥတစ်လုံး (၇) လုံး၊ ချင်း လက်တစ်ဆစ်၊ စပါးလင် (၁) ပင်၊ နီအရွယ်တော် (၃) လုံး၊ ငရုတ်သီးစိမ်း (၁၅) တောင့်၊ ပင်စိမ်း (၇) ခက်၊ ငံပြာရည် ထမင်းစားဇွန်း (၂) ဇွန်း၊ ဆား လက်ဖက်ရည် ဇွန်း ဇွန်းတစ်ဝက်၊ ဟင်းခတ်မှုန့် နဲ့ သကြား လက်ဖက်ဇွန်း တစ်ဝက်စီ၊ ငရုတ်သီး အပုပွတောင့် (၅) တောင့်၊ နနွင်းမှုန့် အနည်းငယ်နဲ့ ဆီ နှစ်ကျပ်ခွဲသားတို့ပါနော့့် 
ဝယ်လာခဲ့တဲ့ ဖားက ဥလေးတွေပါတယ့့်  တော်တော်လေးကို အကောင်လည်းကြီးတယ့့်  ဖားကို သန့်စင်ပြီးတော့ ဆား၊ ဟင်းခတ်မှုန့်၊ သကြား၊ ငံပြာရည်တို့နဲ့ နယ်နှပ်ထားပါ့ 
ငရုတ်သီးပုပွတောင့်ကို အစေ့ထုတ်၊ ရေနွေးနဲ့စိမ်ပြီး ထောင်း၊ ချင်းနဲ့ စပါးလင်ကို ထည့်ထောင်း၊ ပြီးတော့ ငရုတ်သီးစိမ်းထည့်ထောင်း၊ ကြက်သွန်ဖြူနီထည့်ထောင်းပါတယ့့်  အားလုံးအသင့်ဖြစ်ရင် မီးဖိုပေါ် ဒယ်အိုးတင်၊ ဆီထည့်၊ ဆီပူလာရင် နနွင်းမှုန့်လေးထည့်၊ ပြီးတော့ ထောင်းထားတဲ့ ငရုတ်သီး ကြက်သွန်တွေဆီသတ်၊ ကြက်သွန်တွေနွမ်းပြီး မွှေးလာရင် နယ်နှပ်ထားတဲ့ဖားတွေကို ထည့်ပြီး ဆီသတ်ပါတယ်။
ပြီးတော့ မီးအသင့်အတင့်နဲ့ ဖားတွေကို ခပ်ခြောက်ခြောက်လေး ဖြစ်အောင်ထိ ချက်ပါတယ်။ နောက်ဆုံး ကျမှ ပင်စိမ်းမွှေးလေးတွေ အုပ်လိုက်ပြီး ရောမွှေလိုက်ပါနော်။
အဲ့ဒါဆိုရင်တော့ အနံ့အရသာနဲ့ ပြည့်စုံပြီး အရမ်းကို စားလို့ကောင်းတဲ့ ဖားသားဟင်းစပ်စပ်လေးတစ်ခွက်ရပါပြီနော်။
သူငယ်ချင်းရေ့ မော်လမြိုင်အလွမ်းပြေ ပင်စိမ်းမွှေးဖားသားအစပ်ချက်လေးကို ချက်စားကြည့်ပါဦးနော့့်  ချက်စားဖြစ်တဲ့အခါ တို့ကိုလည်း မမေ့နဲ့နော့့် 
တွဲဖက်စားသုံးနိုင်တာက ကင်ပွန်းရွက်ချဉ်ရည်ဟင်း၊ မန်ကျည်းရွက်ချဉ်ရည်ဟင်း၊ ချဉ်ပေါင်ဟင်း၊ ပဲနီလေးကြာဆံဟင်း၊ အသီးအရွက်ကြော်
Wednesday, November 25, 2015
ပင်စိမ်းမွှေးဖားသားချက်
Labels:
cook
Subscribe to:
Post Comments (Atom)
No comments:
Post a Comment