Monday, November 30, 2015

လက်ဖက်နှပ်

လက်ဖက်နှပ်တော့မယ်ဆိုရင် လက်ဖက်ညွန့်လေးတွေကို ဇလုံတစ်လုံးထဲ ထည့်ပြီး ရေနွေးပွက်ပွက် ဆူလောင်းထည့်ထားပြီး အဖုံးအုပ်ထားပြီး အနည်းဆုံး ၁၅မိနစ်ကနေ နာရီဝက်လောက်ထိ ထားလို့ ရပါတယ်။  ပြီးတော့မှ အဲ့ဒီအရည်တွေ သွန်ပစ်ပြီး လက်ဖက်ထဲက အရည်တွေကို ညှစ်ပစ်ပါ။ ပြီးတော့မှ လက်ဖက်ကို ဆား၊ ကြက်သွန်ဖြူနဲ့ ပုစွန်ခြောက် မညက်တညက်လေးထောင်း၊ ဟင်းချိုမှုန့်တို့နဲ့ နာနာနယ်ပါ။ ပြီးရင်တော့ နှမ်းဆီလေးဆမ်းပြီး ခပ်ကြာကြာလေး စိမ်ပေးထားပါနော်။ ဒါကတော့ အဆိမ့်နှပ် ပေါ့နော်။ ဒါကတော့ လူကြီးတွေအကြိုက်များကြတယ်လေ

No comments:

Post a Comment