Wednesday, November 25, 2015

ခေါင်းအုံးပံ ကော်ပြန့်စိမ်းလေုး

က်ခံကော်ပြန့်ရွက် …
မုန့်အတွက် လိုအပ်တာကတော့ အပေါ်က ကော်ပြန့်ရွက်အတွက် ညှပ်ခေါက်ဆွဲဖတ်ကြီး (မြင်အောင် ပြောရရင် ညှပ်ခေါက်ဆွဲ ဖြစ်အောင် ကပ်ကျေးနဲ့ မဖြတ်ခင် လက်ကိုင်ပုဝါလို လေးထောင့်ကြီး ဖြစ်အောင် လုပ်ထားတဲ့ အဖြူရောင် အဖတ်ကြီး) ကို ဝယ်ရတာပါ၊ နေပြည်တော်မှာဆိုရင် မြို့မဈေးက မုန့်ဖတ်ဆိုင်မှာ ရနိုင်ပါတယ် … အာဟာရသုခဈေးမှာလည်း မုန့်ဖတ်ရောင်းတဲ့ ဆိုင်တွေမှာ ဝယ်လို့ရပါတယ် … ကွေ့တီရိုဖတ်လို့လည်း တစ်ချို့က ခေါ်ကြတယ်နော် … အဲ့ဒီအရွက်ကို မိမိလိုချင်တဲ့ အရွယ်အစားရအောင် ဖြတ်ထားပေးပါနော် …

အဆာပြုလုပ်နည်း …
အဆာအတွက် လိုတဲ့ပစ္စည်းတွေကတော့ ကြက်သား/ဝက်သား/ပုစွန်/ကဏန်း/ပင်လယ်စာ၊ ကြက်သွန်ဖြူ၊ နီ၊ ချင်း၊ မုန်လာဥနီ၊ ကြက်သားမှုန့်၊ ခရုဆီ၊ ပဲငံပြာရည်ကအကျဲ၊ နှမ်းဆီမွှေး၊ တရုတ်မာဆလာ၊ ငရုတ်ကောင်းမှုန့်၊ ကော်မှုန့်နဲ့ ဆီတို့ပါနော်။

ကြက်သားကို ခပ်သေးသေးလှီးပါ၊ ချင်း၊ ကြက်သွန်ဖြူတို့ကို နုတ်နုတ်စင်းပါ၊ ကြက်သွန်နီကို ဘလော့ခ်ပုံ အတုံးသေးလေးတွေ ရအောင် လှီးပါ၊ မုန်လာဥနီ ပါးပါးလှီးပါ၊ ပြီးရင် ကြက်သား၊ မုန်လာဥနီ၊ ကြက်သွန်ဖြူနီ ချင်းတို့ကို ကြက်သားမှုန့်၊ ခရုဆီ၊ ပဲငံပြာရည်အကျဲ၊ နှမ်းဆီမွှေးအနည်းငယ်၊ တရုတ်မာဆလာအနည်းငယ်၊ ကော်မှုန့်၊ ဆီ၊ တရုတ်နံနံ၊ ငရုတ်ကောင်း အနည်းငယ်တို့နဲ့ သမအောင် ရောနယ်ပါ၊

ပြီးတော့ ဒယ်အိုးထဲ ဆီလေး နည်းနည်းထည့်ပြီး အဆာပလာတွေကို  ကြော်ပါ။ အဆာပလာတွေက ခဏလေးနဲ့ ကျက်ပါတယ် … ပြီးတော့ ကော်ရည်လေး ဖျော်ထားပေးပါ၊ ကော်ရည်ခပ်ပျစ်ပျစ်နဲ့ပဲ လုလုက လုပ်ထားပါတယ်၊ အထားခံရအောင်ရော၊ စားကောင်းရအောင်ရောမို့ပါ။ ကော်ရည် ဆမ်းလိုက်တဲ့ အချိန်ကျရင် မီးလျှော့လိုက်ပါ။ ကော်ရည် ပျစ်လာပြီဆိုရင် ပါးပါးလှီးထားတဲ့ တရုတ်နံနံကို ထည့်ပြီး အုပ်၊ မွှေပြီး မီးပိတ်လိုက်ရင် ရပြီ၊ အဆာတွေကို ခဏလေး အအေးခံထားလိုက်ပါ။

ဆိုင်က အဆာတွေက အသားနည်းတယ်၊ အရွက်များတယ်၊ ကော်ရည်ကျဲတယ်၊

မုန့်လေးတွေ ထုပ်ရအောင် …
ကွေ့တီရိုရွက်ကို လေးထောင့်ပုံလေးတွေ ရအောင် ဖြတ်ထား၊ ပြီးတော့ ပုံမှာ ပြထားသလိုပဲ ဗန်းတစ်ခုထဲ ထည့်ခင်းလိုက်ပါ၊ ပြီးတော့ အဖတ်ထဲကို အပေါ်ကနေ အဆာပလာထည့်၊ ပြီးရင် ပုံမှာ ပြထားတဲ့အတိုင်း တစ်ဆင့်ချင်းဆီ ခေါက်လိုက်ရင် အနံ့အရသာနဲ့ ပြည့်စုံလှတဲ့ ခေါင်းအုံးပုံ ကော်ပြန့်စိမ်းလေး ရပါပြီနော် … လုပ်ရတာ သိပ်လွယ်တာပဲ … အချိန်ကုန်လည်း သက်သာတယ် … ကျန်းမာရေးနဲ့လည်း ညီညွတ်တယ်နော် … အချဉ်အတွက်က Chito ငရုတ်ဆီလေးနဲ့ပဲ တွဲလိုက်တယ် … ကြက်သွန်မြိတ်လေးလည်း ကိုက်စားလိုက်ပါဦးနော် … လုပ်ရတာ လွယ်လွန်းလို့ မောင်နှမတို့ အားလပ်ရက်မှာ လုပ်စားကြည့်ကြပါဦးလို့

No comments:

Post a Comment