#သည်းခြေကျောက်_အတွက်_အစွမ်းထက်_သဘာဝဆေး။ (၁) လူ၏ ကိုယ်ခန္ဓာအတွင်းရှိ သည်းခြေကျောက်သည် သည်းခြေအိတ်တွင် ပုံမှန်ဆက်စပ် ဖြစ်ပေါ်လာလေ့ရှိသည်။ သည်းခြေအိတ်အတွင်းတွင် မာကြောသော အမှုန်လေးများသည် သည်းခြေရည် အစိတ်အပိုင်းအတွင်း ပို့ချခြင်းကြောင့် ဖွဲ့စည်းဖြစ်ပေါ်လာသည်ဟု ဆေးပညာရှင်များက ပြောဆိုကြသည်။ အရွယ်အစား ပမာဏအနေနှင့်တော့ သဲပွင့်အရွယ်မှ ဂေါက်သီးလုံး အရွယ်အစားအထိ အမျိုးမျိုးရှိကြသည်။ အသက် ၆၀ ဝန်းကျင်ရှိသော သူများတွင် ဖြစ်လေ့ဖြစ်ထရှိပြီး ဝမ်းဗိုက်အပေါ်ဖက်ပိုင်းတွင် နာကျဉ်မှု ခံစားရလေ့ရှိသည်။ သည်းခြေရည် အတွင်းတွင် ကိုလက်စရောနှင့် အခြားအရာများ ပို့ချခြင်းဖြင့် ချဲ့ကားလာကာ ကျောက်ကဲ့သို့ဖြစ်ပေါ်လာခြင်း သို့မဟုတ် သည်းခြေအိတ် အတွင်းတွင် သည်းခြေရည်များ ပိုလျှံများပြားနေခြင်း ကလဲကျောက်များ ဖြစ်ပေါ်စေပါသည်။ အဝလွန်သူများ ကိုယ်အလေးချိန် လျှော့ချသည့်အခါ တွင်လည်း ဖြစ်လေ့ဖြစ်ထရှိသည်။ များသောအားဖြင့် သည်းခြေကျောက် ရှိနေသူများသည် ရှေ့ပြေး နမိတ်၊ လက္ခဏာများ မသိရှိရပဲ ဝမ်းခေါင်းထဲတွင် နာကျဉ်၍ နောက်ကျောဖက် သို့မဟုတ် လက်ပြင်ရိုးနေရာများတွင်ပါ ပျံ့နှံ့နာကျဉ်တတ်သည်။ တခါတရံတွင် နာကျဉ်မှု ပြင်းထန်စွာ ခံစားရတတ်သည်။ အစာစားချိန်တွင် ပုံမှန်နာကျဉ်ခြင်း သို့မဟုတ် ပိုမိုဆိုးရွားစွာ နာကျဉ်စေတတ်သည်။ သည်းခြေကျောက် ကြောင့် ပြင်းထန်စွာ နာကျဉ်မှုခံစားရခြင်းသည် ယင်းအင်္ဂါအစိတ် အပိုင်းကို ပျက်စီးစေနိုင်သည်။ သည်းခြေကျောက်ကို ကုသခြင်းများစွာ ရှိသည့်နည်းလမ်းများအနက်က အဆင်ပြေဆုံး သဘာဝနည်းဖြင့် ကုစားနိုင်သည့် နည်းလမ်းများကတော့ (၁) ရေ ခန္ဓာကိုယ် တစ်ခုလုံး အချိန်တိုအတွင်းမှာ ထိရောက်အောင် ပြုလုပ်ပေးနိုင်သည်။ ၂၄၀ မီလီလီတာခန့် ရှိသော ရေဖန်ခွက် ၁၀ခွက် မှ ၁၂ ခွက်ထိ သောက်ပေးခြင်းဖြင့် ခန္ဓာကိုယ်ကို ကျန်းမာမှု အမြင့်ဆုံး အခြေအနေ ပေးနိုင်သည်။ (၂) လေ့ကျင့်ခန်း ပြုလုပ်ခြင်း။ တစ်နေ့လျှင် အနည်းဆုံး မိနစ် ၂၀ခန့် လေ့ကျင့်ခန်း ပြုလုပ်ပါ။ အလွယ်ကူဆုံးနှင့် အညှင်သာဆုံး လေ့ကျင့်ခန်းအဖြစ် ချွေးထွက်လာအောင် လမ်းလျှောက်ပေးပါ။ ခန္ဓာကိုယ်တွင်းမှ အညစ်အကြေးများနှင့် အဆိပ်အတောက်များ၊ ဆားဓာတ်များကို ထိုသို့လေ့ကျင့်ခန်း ပြုလုပ်နေချိန်အတွင်း စွန့်ထုတ်ပေးနိုင်သည်။ (၃) အစားအသောက် ဆင်ခြင်ခြင်း။ ဆီဖြင့် ကြော်ထားသော အစားအသောက်များနှင့် အဆီပေါများသော အစားအသောက်များသည် ကိုလက်စရောများ ပါဝင်သောကြောင့် သည်းခြေအိတ်သည် ထိုအရာများအတွက် လုပ်ငန်းဆောင်တာများ ပိုမိုလုပ်ဆောင် ရတတ်သည့်အတွက် စားသုံးခြင်းမှ ရှောင်ကျဉ်သင့်သည်။ (၄) သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များ။ သည်းခြေအိတ်ကို ကာကွယ်ရန်နှင့် ကျန်းမာစေရန်အတွက် အမျှင်ဓာတ်များ ပါဝင်သော သစ်သီးနှင့် ဟင်းသီးဟင်းရွက် အနည်းငယ်ကို နေ့စဉ်စားသုံးသင့်သည်။ ပန်းသီးဖျော်ရည်သည် အခြားသော စတော်ဘယ်ရီ ဖျော်ရည်၊ သံပရို၊သံပရာ ဖျော်ရည်တို့ ကဲ့သို့ပင် သည်းခြေကျောက်အတွက် အသုံးဝင်သည်။ ပေါ်ပြူလာဖြစ်တဲ့ ပန်းသီးဖျော်ရည် ပြုလုပ်သောက်သုံးနည်း နှင့် အလွယ်တကူ ဝယ်ယူသုံးစွဲရနိုင်တဲ့ Apple Cider Vinegar တို့ကို သောက်သုံးနည်းများကိုတော့ အပိုင်း(၂) မှာဆက်လက်ပြီး တင်ပေးသွားပါ့မယ်
No comments:
Post a Comment