ပိုးသတ်ဆေးများနှင့်ထိတွေ့သူများ ဆီးချိုရောဂါဖြစ်ပွားနိုင်သည့် အန္တရာယ် ၆၁ ရာခိုင်နှုန်းပိုများပြီး ပိုးသတ်ဆေးအမျိုးအစားကို လိုက် ၍ အန္တရာယ်ရှိမှုများလည်း ကွာခြားကြောင်း လေ့လာမှု ၂၁ ခုမှ သုတေသီများက ပြောကြားသည်။ ဆီးချိုရောဂါဖြစ်ပွားပုံကို မျိုးဗီဇနှင့် သဘာဝပတ်ဝန်းကျင်ဆိုင် ရာ အကြောင်းရင်းများကြား အပြန်အလှန်သက်ရောက်မှုတစ်ခုဟု မှတ်ယူသည်။ ထွက်ပေါ်လာသော အထောက်အထားများအရ ပိုးသတ်ဆေးများအပါအဝင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ညစ်ညမ်းမှုများသည် ဆီးချိုရောဂါဖြစ်စေသော အကြောင်းရင်းများတွင် အဓိက ပါဝင်နေကြောင်း ဖော်ပြနေသည်။ ယခုလေ့လာမှုတွင် ပိုးသတ်ဆေးများထိတွေ့မှုနှင့် ဆီးချိုရောဂါအမျိုးအစားအားလုံးဖြစ်ပွားမှုတို့ကြား ဆက်စပ်မှုကို လေ့လာထားခြင်းဖြစ်သည်။ ပိုးသတ်ဆေးများကို ခွဲခြားလေ့လာရာတွင် အချို့သော ပိုးသတ် ဆေးအမျိုးအစားများသည် အခြားသောပိုးသတ်ဆေးများထက် ပို၍ ဆီးချိုရောဂါဖြစ်ပွားနိုင်သည့်အန္တရာယ် ပိုများကြောင်း သုတေသီများ လေ့လာတွေ့ရှိခဲ့သည်။ လေ့လာမှုစုစုပေါင်း ၂၁ ခုတွင် လူပေါင်း ၆၆,၇၁၄ ဦးတို့၏ပိုး သတ်ဆေးများထိတွေ့မှုနှင့် ဆီးချိုရောဂါဖြစ်ပွားမှုကို လေ့လာခဲ့ ခြင်းဖြစ်သည်။ လေ့လာမှုအားလုံးနီးပါးတွင် ပိုးသတ်ဆေးများနှင့်ထိတွေ့မှုကို သွေး(သို့မဟုတ်)ဆီးကို စစ်ဆေးခြင်းဖြင့် တိုင်းတာပြီး ယင်းမှာ အတိကျဆုံးစစ်ဆေးမှုဖြစ်ကြောင်း သိရသည်။ မည်သည့်ပိုးသတ်ဆေးနှင့် မဆို ထိတွေ့ခြင်းကြောင့် ဆီးချိုရောဂါ အမျိုးမျိုးဖြစ်ပွားနိုင်သည့် အန္တရာယ် ၆၁ ရာခိုင်နှုန်းပိုများကြောင်း သုတေသီများလေ့လာတွေ့ရှိ ခဲ့သည်
No comments:
Post a Comment