သည်းခြေကျောက် အတွက် အစွမ်းထက် သဘာဝဆေး။ (၂) သည်းခြေကျောက်ကို ကုသခြင်းများစွာ ရှိသည့်နည်းလမ်းများအနက်က အဆင်ပြေဆုံး သဘာဝနည်းဖြင့် ကုစားနိုင်သည့် နည်းလမ်းများကတော့ (၁) ရေ (၂) လေ့ကျင့်ခန်း ပြုလုပ်ခြင်း။ (၃) အစားအသောက် ဆင်ခြင်ခြင်း။ (၄) သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များ။ တို့ဖြစ်ကြတယ်လို့ ရှေ့က အပိုင်း(၁) မှာ ရေးခဲ့ပါတယ်။ ထိုအထဲမှာမှ အလွယ်တကူ ပြုလုပ်နိုင်တဲ့ ပန်းသီးဖျော်ရည် အကြောင်းကို ဆက်လက် တင်ပြသွားမှာ ဖြစ်ပါတယ်။ ပန်းသီးဖျော်ရည်သည် သည်းခြေကျောက်ကို သဘာဝအတိုင်း ဖယ်ရှားပေးနိုင်သော အစွမ်းသတ္တိရှိသည်။ သည်းခြေကျောက် ပျော့ပြောင်းလာ စေရန်အတွက် ပထမ ၅ရက်တွင် သန့်ရှင်းလတ်ဆတ်သော ပန်းသီးမှ ကြိတ်ချေထားသော ဖျော်ရည် ၄ခွက် (တစ်ခွက်=၂၄၀ မီလီလီတာခန့်) သို့မဟုတ် အရည်အသွေးမြင့် ထုတ်လုပ်ထားသော ပန်းသီးရည် ၄ခွက်ကို တရက်တာ အတွင်းသောက်သုံးရမည်။ ၅ရက်ဆက်တိုက် သောက်သုံးရမည်။ အရည် မသောက်ပဲ ပန်းသီးကို စားသုံးလိုပါက တစ်ရက်လျှင် ၄လုံး သို့မဟုတ် ၅လုံးခန့် စားသုံးနိုင်ပြီး ထိုရက်များတွင် အစာကို ပုံမှန်စားသုံးပါ။ ၆ ရက်မြောက်နေ့တွင် မနက်စာ (Breakfast) နှင့် နေ့လည်စာကိုသာ စားသုံးပြီး ညစာကို ရေသီးသန့် သို့မဟုတ် သစ်သီး တခုခုကိုသာ သောက်သုံးပါ။ ထိုနေ့ ညနေ၆နာရီတွင် (Magnesium Sulphate (Sulfate) ဆားခါးကို လက်ဖက်ရည် ၁ဇွန်းနှင့် ရေခပ်နွေးနွေး တစ်ဖန်ခွက်ကို သောက်ပါ။ ည၈နာရီတွင် ထိုနည်းတူ တစ်ကြိမ် ထပ်မံပြုလုပ် သောက်သုံးပေးပါ။ ဆားခါးက သည်းခြေပြွန်ကို ပွင့်လာအောင် လုပ်ဆောင်ပေးတဲ့အတွက် ကျောက်ထွက်လာချိန်မှာ နာကျဉ်ခြင်း မခံစားရအောင် ပြုလုပ်ပေးပါတယ်။ ည ၁၀နာရီတွင် သံလွင်ဆီ သို့မဟုတ် နှမ်းဆီ ခွက်တစ်ဝက်ကို သံပရို၊ သို့မဟုတ် သံပရာရည်နှင့် ဆတူသောက်ရမည်။ (Grapefruit) ကိုလဲအသုံးပြုနိုင်သည်။ လည်းကောင်းသည် ကျောက်ကို ချောမွေ့စွာ ထွက်လာစေရန် ပြုလုပ်ပေးသည်။ ဒီအဆင့် ပြီးသွားရင်တော့ လှုပ်ရှားမှု ဘာမှ မပြုလုပ်တော့ပဲ ကုတင်ပေါ်မှာ လှဲပြီး အိပ်ပါ။ တစ်ချို့ တစ်ချို့သော သူတွေမှာ မအီမသာဖြစ်ခြင်း၊ ပျို့ချင်အန်ချင်ခြင်းတွေ ခံစားရတတ်ပါတယ်။ လုံးဝ စိုးရိမ်စရာမလိုပါ။ သည်းခြေနှင့် အသည်းတို့ကို သောက်လိုက်တဲ့ သဘာဝဆေးများမှ လှုံ့ဆော်တဲ့အတွက်ဖြစ်ပါတယ်။ နောက်တစ်နေ့ မနက်အိပ်ယာထချိန်မှာ ဝမ်းသွားပါလိမ့်မယ်။ ဓာတ်မီးအသုံးပြုပြီး မစင်ကို ကြည့်ရင် ရေပေါ်မှာ ပေါ်နေတဲ့ အစိမ်းရောင်ကျောက်များကို တွေ့ရမှာဖြစ်ပါတယ်။ မစင်ကတော့ ရေထဲမြုပ်ပြီး ကျောက်ကတော့ ကိုလက်စရော ပါဝင်မှုကြောင့် ရေပေါ်မှာ ပေါ်ပါတယ်။ လက်ကျန်ကျောက်များ ထပ်မံထွက်လာရန် အတွက်ကတော့ ၂ပတ် သို့မဟုတ် ၄ပတ်ခြားတွင် အထက်ဖေါ်ပြပါအတိုင်း ထပ်မံပြုလုပ်ပေးပါ။ ဆယ်စုနှစ်ပေါင်း များစွာက ရှိနေခဲ့တဲ့ ကိုလက်စရောနဲ့ ကျောက်တွေ ဖယ်ထုတ်ဖို့ကတော့ ၁၀ကြိမ်မှ ၁၅ကြိမ်ခန့် အထိလိုအပ်ပါလိမ့်မယ်။ တဖြည်းဖြည်းနှင့် မစင်တွင်းမှာ ကျောက်များပါဝင်မှု လျှော့နည်းလာတာကို တွေ့ရပါလိမ့်မယ်။ ကျောက်လက္ခဏာ မရှိသူများလဲ ကိုယ်ခန္ဓာ ပြုပြင်ထိန်းသိမ်း ရန်အတွက် တနှစ်လျှင် ၂ကြိမ်ပြုလုပ် သောက်သုံးနိုင်သည်။ ဝမ်းသွားပြီးတဲ့ မနက် ၇ ရက်မြောက်နေ့ နံနက်စာ (Breakfast) ကို သစ်သီး ဖျော်ရည် တမျိုးမျိုးဖြင့် စတင်စားသောက်ပြီး နေ့လည်စာကိုတော့ ပုံမှန် သိပ်မများစေပဲ စားသုံးနိုင်ပါတယ်။ ယင်းနည်းကို အသည်းသန့်စင်စေရန် အတွက်လည်း အသုံးပြုနိုင်ပါသည်။ အထူးသတိပြုရန်ကတော့ အသက် ၁၅နှစ်အထက် များသာ သောက်သုံးပါ။ ယင်းနည်းကို အသုံးမပြုခင်မှာ ဆရာဝန်နှင့် တိုင်ပင်၍ အကြံဉာဏ်ရယူပါ။ သိပ်ကြီးမားလွန်းတဲ့ သည်းခြေကျောက်များကတော့ ပြွန်ကို မဖြတ်သန်းနိုင်တော့တဲ့ အတွက် လိုအပ်ရင် သည်းခြေထုတ်ပစ်ရတဲ့ အဆင့်ထိ ရှိနိုင်တာမို့ပါ။ ယခုခေတ်ကြီးမှာ ကျောက်အရွယ်အစား ဘယ်လောက်ကြီးမားသလဲဆိုတာ ကြိုတင်သိရှိနိုင်တဲ့အတွက် ဆရာဝန်နှင့် တိုင်ပင်ခြင်းသည်သာ အကောင်းဆုံးဖြစ်ပါတယ်။ သိပ်ကြီးမားနေတဲ့ ကျောက်ကိုတော့ ဤနည်းလမ်းနဲ့ ထုတ်ရန် မကြိုးစားပါနဲ့။ ယခုဖေါ်ပြပါ နည်းလမ်းသည် ကျန်းမာရေး ဗဟုသုတ အဖြစ် ကျောက်များ နဲစဉ် သိပ်မကြီးသေးခင်တွင် မိမိကိုယ်ကို စောင့်ရှောက်နိုင်ရန် အတွက် ရည်ရွယ်၍ ဖေါ်ပြသော နည်းလမ်းတစ်ခုသာ ဖြစ်ပါသည်။ ဆက်စပ်ပို့စ်များ ဖတ်ရန်။ ဂျာမဏီနိုင်ငံမှ အသုံးဝင် သဘာဝဆေး။ (http://wp.me/p4XsLz-6t) ဒူးရင်းသြဇာ လက်ဖက်ရည်။ (http://wp.me/p4XsLz-77) ဝိတ်လျှော့ချင်သူများ၊ ကိုလက်စရောချချင်သူများနှင့် အဆင့်၂ ဆီးချိုရှင်များအတွက် (http://wp.me/p4XsLz-5O) Face Toner (၁) (http://wp.me/p4XsLz-61) သည်းခြေကျောက် အတွက် အစွမ်းထက် သဘာဝဆေး။
No comments:
Post a Comment