အမြင်အာရုံ တိုးတက်စေရန် အချိန်မတန် အရွယ်မရောက်မှီ အမြင်အာရုံကျဆင်းခြင်းမှ သက်သာစေရန် အောက်ပါ လေ့ကျင့်ခန်းများ သို့မဟုတ် အခြား မျက်စိနှင့် ပက်သက်သော လေ့ကျင့်ခန်းများကို ပြုလုပ်ပေးပါ။ (၁) ဘောပင်၊ ခဲတံတစ်ခုခုကို လက်တဆန့် အကွာအဝေးတွင် ကိုင်ထား၍ ယင်းအရာ ဝတ္ထုပေါ်တွင် စူးစိုက်ကြည့်ပါ။ ယင်းသို့ကြည့်လျှက်နှင့် လည်းကောင်း အရာဝတ္ထုကို နှာခေါင်းအနီးသို့ ဖြည်းဖြည်း ကိုင်ပြီး ရွေ့လျားလာခဲ့ပါ။ စဉ်ဆက်မပြတ် ဆက်လက်ကြည့်ရှုနေပြီး နှာခေါင်းအနီးမှ လက်တဆန့် အကွာအဝေးသို့ တဖန်ပြန်ရွေ့လျားပါ။ ထိုလေ့ကျင့်ခန်းကို တစ်ရက်လျှင် ဆယ်ကြိမ် လေ့ကျင့်ပေးပါ။ (၂) နှာသီးဖျားလေးပေါ်ကို မျက်တောင်မခတ်ပဲ စူးစိုက်ကြည့်ပါ။ မျက်စိ ခံနိုင်သလောက် ကြည့်ပေးပါ။ တစ်နေ့လျှင် ငါးကြိမ် ပြုလုပ်နိုင်ရန် ကြိုးစားပါ။ (၃) မျက်လုံးကို နာရီလက်တံ လည်သည့် လားရာအတိုင်း ငါးကြိမ်လှဲ့ပေးပါ။ စက္ကန့်အနည်းငယ် နားပြီး ဆန့်ကျင်ဖက်သို့ ငါးကြိမ်ပြန်လှဲ့ပါ။ လည်းကောင်းကိုလဲ တစ်နေ့ ငါးကြိမ် ပြုလုပ်ပါ။ အမြင်အာရုံနဲ့ ပက်သက်ပြီး သုံးစွဲသင့်သည့် သဘာဝဆေးများကတော့ (၁) ဆီးဖြူသီးကို ဖျော်ရည်ကဲ့သို့ပြုလုပ်ပြီး ပျားရည်နှင့် ရောစပ်၍ မနက်တိုင်းမှာ ထမင်းစားဇွန်း တစ်ဇွန်း သောက်ပေးပါ။ အမှုန့်ဆိုရင်တော့ လက်ဖက်ရည်ဇွန်း ၁ဇွန်းကို ရေအေးနှင့် ညအိပ်ယာ ဝင်ခါနီးတွင် သောက်ပါ။ မည်သည့် ပုံစံမျိုးနှင့်ဖြစ်စေ မျက်စိအမြင်အာရုံအတွက် စားသုံးပေးနိုင်သည်။ အမှုန့်၊ ဆေးတောင့်၊ ဆေးပြား၊ ယို၊ နှင့် ဖျော်ရည် အစရှိသည်တို့ကို မိမိနှစ်သက်သလို သောက်သုံးနိုင်သည်။ အမြင်အာရုံအတွက် လျှင်မြန်စွာ အကျိုးပေးသော အားဆေးတစ်မျိုးဖြစ်သည်။ (၂) မုန်လာဥဝါကို အစိမ်းလိုက် သို့မဟုတ် အသုပ်ပြုလုပ်၍ သော်လည်းကောင်း ဖျော်ရည်အဖြစ် လည်းကောင်း နေ့စဉ်ပုံမှန် စားသုံးပေးပါက ယင်းတွင်ပါဝင်သော ဖော့စပါးရပ်၊ ဗိုက်တာမင် အေ၊ ကယ်လ်ဆီယမ် နှင့် သတ္ထုဓာတ်များက အမြင်အာရုံ သန်စွမ်းစေရန် အထောက်အကူပေးသည်။ (၃) နေ့စဉ် မနက်စောစောတွင် လမ်းလျှောက်ခြင်း လေ့ကျင့်ခန်းကို မှန်မှန် ပြုလုပ်ပေးသင့်သည်။ အမြင်အာရုံတိုးတက်ကောင်းမွန်စေရန် မြက်ခင်းစိမ်းပေါ်တွင် ခြေဗလာဖြင့် မိနစ်အနည်းငယ်ခန့် လမ်းလျှောက်ပါ။ (၄) တစ်နေ့လျှင် ၃ကြိမ် မျက်လုံးကို ရေဖြင့် ဆေးကြောပေးရမည်။ ယင်းသို့ ဆေးကြောနေချိန်တွင် ပါးစပ်ထဲ၌ ရေကိုငုံထားပါ။ မျက်လုံးဆေးကြောပြီးမှ ပလုပ်ကျင်း၍ ထုတ်ပစ်ပါ။ မျက်နှာသစ်ချိန်တွင်လည်း ယင်းကဲ့သို့ပြုလုပ်ပါ။ (၅) မျက်စိကို အိပ်စက်ခြင်းဖြင့် အနားပေးပါ။ (၆) ကျေးလက်၊ နယ်နေသူများ အတွက်တော့ နွားကျင်ငယ်ရေနှင့် မနက်တိုင်း မျက်လုံးကို ဆေးနိုင်သည်။ (၇) ဗိုက်တာမင်၊ ပရိုတိန်းဓာတ် ကြွယ်ဝစွာပါဝင်သော ဟင်းသီး ဟင်းရွက်များ၊ အသီးအနှံများကို ပိုမိုစားသုံးပါ။ မိမိ၏ အဖိုးတန်သော မျက်လုံးကို အလွယ်ကူဆုံး သဘာဝ နည်းလမ်းများဖြင့် စောင့်ရှောက်နိုင်ကြပါစေ။ ဆက်စပ်ပို့စ်များ ဖတ်ရန်။ အရွယ်မရောက်ခင် အမြင်အာရုံ ကျဆင်းခြင်း။ (http://wp.me/p4XsLz-7l) ဝင်းလှိုင်ဦး ဖတ်မိသမျှ ကျန်းမာရေး ဗဟုသုတ www.winnhlaingoo.wordpress.com
No comments:
Post a Comment