Wednesday, March 19, 2014

Thu Pan

အာသီးရောင်ခြင်း
==========
ပိုးမွှားဝင်ရောက်ခြင်း၊ ရေသောက်နည်းခြင်း၊ ခံတွင်း သန့်ရှင်းရေး အားနည်းခြင်း များကြောင့် အာသီးကို ရောင်ရမ်းစေနိုင်ပြီး

အာသီးရောင်သောအခါ သွေးထဲတွင် ASO (Antistreptolysin O) ပမာဏ များပါက နှလုံးအဆို့ရှင် ရောင်ရမ်းစေနိုင်ပြီး နှလုံးရောဂါ ဖြစ်စေနိုင်ကြောင်း အထွေထွေ ရောဂါကု ဒေါက်တာ အေးကိုကိုက ပြောကြားခဲ့သည်။

''သွားပိုးစားတဲ့သူ၊ ခံတွင်းသန့်ရှင်းရေး အားနည်းတဲ့သူတွေမှာ အာသီးရောင်နိုင်ခြေ များပြီး တချို့ကတော့ အာသီး အရွယ်အစားကြီးလို့ အာသီး ရောင်နိုင်ခြေရှိ ပါတယ်'' ဟု ၎င်းကဆက်လက် ပြောကြားခဲ့သည်။

အာသီး ရောင်ရမ်းပါက ရေခဲရေ၊ အေးသည့်အစာအစ ရှိသော အစားအစာများကို ရှောင်ကြဉ်ရမည်ဖြစ်ပြီး အာသီးသည် ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်လာသော ရောဂါပိုးများကို ကာကွယ် ပေးသည့်အတွက် ကိုယ်ခံစွမ်းအား စနစ်၏ တစ်စိတ်တစ်ဒေသ ပါဝင် ဆောင်ရွက်နေပြီး မလိုအပ်ဘဲ အာသီးခွဲစိတ် ဖြတ်တောက်ခြင်း မပြုရန် လိုအပ်ကြောင်း သိရသည်။

No comments:

Post a Comment